ရုပ်ရှင်ညီလာခံအပြီးမှာ ရုပ်ရှင်မြို့တော်ကို အကောင်အထည်ဖော်ဖြစ်တော့မလား . . .

0
109

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ အနေနဲ့ ဗီဒီယိုလောကဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မည်သည့် စနစ်ကိုမဆို အားပေးကူညီသွားမှာဖြစ်ပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ အစိုးရအဖွဲ့အတွင်း အစိုးရအဖွဲ့ပြင်ပ လိုအပ်သည်များကို တင်ပြပေးမှာ ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးရဲ့သဘောထားကို ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပြပါတယ်။ ”နောက် တစ်ခုကတော့ လုပ်ငန်းလိုင်စင်များကိစ္စဖြစ်ပါတယ်။ လုပ် ငန်းလိုင်စင်များဆိုတာကို ၁၉၉၆ ခုနှစ် ဗီဒီယိုဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားပြီးသားလည်းရှိပါတယ်။ သို့သော် တရားဝင်ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းလိုင်စင်များက တချို့ သော ဗီဒီယိုစနစ်များနဲ့ ဖြန့်ချိဖို့အတွက်ကို အတားအဆီး သဖွယ်ဖြစ်နေတာများလည်း ရှိနေတာတွေ့ရပါတယ်။ ဒါကလည်း ဗီဒီယိုလောကသားများတချို့ရဲ့ဆန္ဒပါ။ အဲဒီ့ အတွက် ဗီဒီယိုလောကသားများတချို့က တောင်းဆိုလာ ကြတဲ့ အရောင်းလိုင်စဉ်ပေါ့။ အရောင်းလိုင်စင်ဆိုတဲ့ နေ ရာမှာ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ တရားဝင်ဗီဒီယို အချပ်များကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးဖို့ဆိုတဲ့ အချက်ကို ညီလာခံမှာ သူတို့က တင်မယ်လို့ဆိုပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ဥပဒေရေးရာပြင်ဆင်မှုတွေ လုပ်ဖို့ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ် ဆောင်ပေးသွားရမှာဖြစ်ပါတယ်။ ဗီဒီယို အရောင်းဆိုင် များအပိုင်းမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက လက်ရှိရှိနေတဲ့ အရောင်းလိုင်စင်ကြေးများကို လျှော့ချပေးဖို့၊ ဒုတိယ အ ချက်က ပရီစနစ်နဲ့ဖြန့်ချိကြတဲ့ ဇာတ်ကားများကို လိုင်စင် မရှိဘဲ လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးဖို့ဆိုတဲ့ ၂ ချက်ဖြစ် ပါတယ်။ ဒီ၂ ချက်ကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီ ၂ ချက်နဲ့ပတ်သက်လို့ ဗီဒီယိုလောကသားများက ကန့်ကွက် သူမရှိပါဘူး။ ဗီဒီယို(ဗဟို)ကလည်း ကန့်ကွက်ရန်မရှိဆိုတဲ့ သဘောထားမှတ်ချက်ပေးပါတယ်။ ဒီ့အတွက် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဗီဒီယို လုပ်ငန်းလိုင်စင်များ လျှော့ချပေးဖို့နဲ့ အရောင်းလိုင်စင်ဆိုတာမရှိဘဲနဲ့ လွတ် လပ်စွာ တရားဝင်အချပ်များကို ရောင်းဝယ်ခွင့်ပေးဖို့ဆိုတဲ့ အချက်၂ ချက်ကို ကျွန်တော်တို့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ တာဝန်ယူပြီးတော့မှ လွှတ်တော်၊ နိုင်ငံတော်အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြပြီး တော့ ညှိနှိုင်းမှာဖြစ်ပါတယ်”လို့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ ဖြန့်ချိရေး လုပ်ငန်းလိုင်စင်ကိစ္စ၊ ရက်ချိတ်စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရန်နဲ့ ရက်ချိတ်တည်နေရာပြောင်းလဲခြင်း ကိစ္စ နှင့်ပတ်သက်တဲ့ အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင် ညီလာခံအပြီးမှာ ရုပ်ရှင်မြို့တော်တစ်ခုအနေနဲ့ ဖြစ်တည် လာဖို့ လက်ရှိအမှုဆောင်အဖွဲ့အနေနဲ့ ဆက်လက်လုပ် ဆောင်သွားဖို့ရှိမလားလို့ထပ်မေးတဲ့အခါမှာတော့… ”ရုပ်ရှင်မြို့တော်ဆိုတာကတော့ ကျွန်တော်တို့ အမြန်ဆုံးဆောင်ရွက်မယ့်ကိစ္စတွေထဲမှာမပါပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရုပ်ရှင်မြို့တော်ဆိုတာ အဓိကမြေလိုပါတယ်။ မြေကလည်း လက်ရှိရထားတဲ့ ဧက ၂ဝဝ ကလည်း ကျွန် တော်တို့က ပြတ်ပြတ်သားသားမဟုတ်သေးပါဘူး။ ဒီအ တွက် ညှိနှိုင်းဆွေးနွေးရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီအတွက်ရုပ်ရှင်မြို့တော်ကိစ္စကိုတော့ ကျွန်တော်တို့က အပူအပြင်း လုပ်ဆောင်ရမယ့်ကိစ္စတွေထဲမှာ ထည့်မထား ပါဘူး”လို့ ပြောပါတယ်။

ရုပ်ရှင်ညီလာခံပြီးတဲ့နောက်မှာတော့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဥပဒေအတွက်ရော လိုင်စင်ကိစ္စ တွေအတွက်ပါ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ဦးဇင်ဝိုင်းက ထပ်လောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here