အခက်အခဲတွေကြားထဲက ရိုက်ကူးခဲ့တဲ့ တောကျီးကန်းရုပ်ရှင်

0
368

‘မိုး’ ရုပ်ရှပ်ထုတ်လုပ်ရေးမှ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘တောကျီးကန်း’ (သို့မဟုတ်) ခိုးဆိုးလုနိုက် -၂ ရုပ်ရှင် ဇာတ်ကားကို ဒီဇင်ဘာ ၂၂ ရက်နေ့ က စတင်ကာ ရုံတင်ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ မိုးဟေကို၊ ခင်လှိုင်၊ ထူးခြား စတဲ့ သရုပ်ဆောင်များက အဓိကပါ ဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က ခုလိုပြောပြခဲ့ပါ တယ်။

”ဒီဇာတ်ကားကို ကျွန်တော်တို့ စတဲ့ အချိန်ကတည်းက ပြီးတဲ့အထိ အခက်အခဲတွေအများ ကြီးရင်ဆိုင်ခဲ့ ရပါတယ်။ ဒုက္ခတွေလည်း ရင်ဆိုင်ခဲ့ ရပါတယ်။ ကိုခင်လှိုင်ဆို ခေါင်း ပေါက်သွားတယ်။ ကျွန်တော်ဆိုရင် ခြေထောက်ကျိုးသွားတာရှိပါတယ်။ ဒါပေမဲ့ ခုလိုပြန်လည်ကြည်ရှုလိုက်ရတဲ့ အချိန်မှာ တအားကို အားရပါတယ်” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ -ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here