ဟန်ဇာမိုးဝင်းရဲ့ အိမ်ထောင်ဖက်ကို ပရိသတ်တွေ ဘယ်လိုမိန်းကလေးမျိုး ဖြစ်စေချင်ကြလဲ

0
268

Han Zar Moe Win Fan Club & San Pya Family Group ၂နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဟန်ဇာမိုးဝင်း ရဲ့ပရိသတ်တွေလည်း ပျှော်ရွှင်ကြည်နူးနေကြပါတယ်။ ၂နှစ်ပြည့်ပွဲ ပြုလုပ်တဲ့အခါမှာလည်း သူတို့ချစ်ခင်တဲ့ ဟန်ဇာမိုး ဝင်းနဲ့ တွေ့ဆုံစကားပြောကြရင်း အမှတ်တရဓာတ်ပုံတွေလည်း ရိုက်၊ ပျော်တပြုံးပြုံး ဖြစ်ခဲ့ကြပါတယ်။ ပရိသတ်တွေ အနေနဲ့ သူတို့ချစ်ခင်တဲ့ ဟန်ဇာမိုးဝင်းကို ဘယ်လိုမိန်းကလေးမျိုးနဲ့ သဘောတူကြလဲ၊ ဘယ်လိုမိန်းကလေးမျိုးဖြစ် စေချင်ကြလဲဆိုတာကိုလည်း ပရိသတ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဒေါ်ဝေဝေဦး(သန်လျင်) ။ ။ သူတို့အတွက်တော့ အိမ်ထောင်ရေးကိုစိတ်ပူတယ်။ သူ့ရဲ့အနုပညာကို နားလည်ပေးနိုင် မယ့်သူ၊ နားလည်ပြီးတော့ သူ့အပေါ်မှာ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပံ့ပိုးပေးနိုင်မယ့်သူမျိုး ဖြစ်စေ ချင်တယ်။ ရိုးသားတဲ့ မိန်းကလေးလည်းဖြစ်စေချင်တယ်။

နန္ဒာအောင်(ဒေါပုံ) ။ ။ သူ့ကိုနားလည်တဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်။ သူ့ရဲ့ အလုပ်ကိုနားလည်တယ်။ သူ့ကို ဂရုစိုက်တဲ့သူဆိုရင် ညီမတို့အနေနဲ့ ဘယ်သူနဲ့မဆို သဘောတူပါတယ်။

သီတာမိုး(တောင်ဥက္ကလာ) ။ ။ အဓိကတော့ အနုပညာကို နားလည်ပေးနိုင်တဲ့သူ။ ပြီးတော့ အေးအေးဆေးဆေး လေးနဲ့ဆိုရင် ညီမတို့ဘက်က သဘောတူပါတယ်။

နောင်နောင်(မြောက်ဒဂုံ) ။ ။ သူ့ကိုစိတ်အေးချမ်းပြီးတော့ ပျော်ရွှင်အောင် ထားနိုင်မယ့်သူမျိုးပေါ့။ ပြီးတော့သူက ကျန်းမာရေး မကောင်းဘူးလေ။ သူ့ကျန်းမာရေးကို နားလည်ပြီးတော့ သူ့ရဲ့အနုပညာနဲ့ ပရိသတ်နဲ့ အနေအထားတွေ အားလုံးကို နားလည်ပြီး စိတ်အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်မှုပေးနိုင်မယ့် မိန်းကလေးမျိုးဆိုရင် ဘယ်လို မိန်းကလေး မျိုးနဲ့မဆို သဘောတူပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here