Friday, February 28, 2025

ရင်းနှီးမြှုပ်နှံမှုများတိုးတက်ဝင်ရောက်လာသည် နှင့်အမျှ နိုင်ငံခြားဝင်ငွေရရှိလာပြီး နိုင်ငံ့စီးပွား...

ရင်းနှီးမြှုပ်နှံမှုများတိုးတက်ဝင်ရောက်လာသည် နှင့်အမျှ နိုင်ငံခြားဝင်ငွေရရှိလာပြီး နိုင်ငံ့စီးပွား တိုးတက်ရေးကိုအထောက်အကူဖြစ်စေမည်ဟု မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဖေဖော်ဝါရီ ၂၆ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့ဒေသအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေပြုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်...

မြန်မာကြူအာ(MMQR)ဖြင့် ငွေပေးချေမှုအမျိုးမျိုးအပြင် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်၌ အသုံးပြုနိုင်မည်

မြန်မာကြူအာ(MMQR)ဖြင့် ငွေပေးချေမှုအမျိုးမျိုးအပြင် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်၌ အသုံးပြုနိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကပြုလုပ်သည့် မြန်မာနိုင်ငံ၏...

အွန်လိုင်းလိ-မ်လည်မှုတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို...

အွန်လိုင်းလိ-မ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို ယနေ့ဖေဖော်ဝါရီ (၂၇)ရက်၌ မြန်မာ-ထိုင်း အမှတ် (၂)...

ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို (၁၀)...

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား (၁၀)ရက်တိုင်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ(၄)ရက်နေ့မှ...
HomeInterviewsကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကား...

ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးအပြီး ၁ဝနှစ်အကြာမှ ရုပ်ရှင် ပြန်လည် ရိုက်ကူးတဲ့ ဒါရိုက်တာမြို့တော် မောင်ယဉ်အောင်

‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၈ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေကြောင်း သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မြို့တော် မောင်ယဉ်အောင်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပြီး လူမင်း၊ ရန်အောင်၊ ဖိုးချစ်၊ ထွန်းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗိုတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလက မန္တလေး ဆေးတက္ကသိုလ်မှာ ကပြဖို့အတွက် ရေးသားခဲ့တဲ့ ပြဇာတ်ကို ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်က ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်အနေနဲ့ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အဆိုပါဇာတ်ကားနဲ့ သူကိုယ်တိုင် ဒါရိုက်တာဆုအပြင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြ တဲ့ သရုပ်ဆောင်တွေလည်း အကယ်ဒမီဆုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး ၁ဝ နှစ်အကြာမှာမှ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က-

”ဒီဇာတ်ကား မရိုက်ကူးခင်ကတော့ တော်တော်ခက်ခဲတယ်။ လူရှာရတာတွေ လူစုရတာတွေရော ပေါ့။ ကိုယ်ကလည်း ဒီလောကထဲက မဟုတ်တော့လေ။ တကယ်ရိုက်ကူးတဲ့အခါကျတော့ အဆင်ပြေသွား တယ်။ မိုးလေဝသကအစ ရိုက်ကူးချိန်ကျရင် တိတ်ပေးတယ်။ ရိုက်ကွင်းပြီးတဲ့အချိန်ကျမှ ရွာပေးတယ်။ အံ့တောင်အံ့သြမိတယ်။ မရိုက်ကူးခင်ကတော့ မရိုက်တော့ဘူးဆို ပြီးတော့ကို ပစ်ထားလိုက်တယ်။ နောက် တော့ မန္တလေးက ကိုဇော်မြင့်တို့က မလုပ်ပါနဲ့တဲ့။ ဒီဇာတ်ကားကို သူလည်း ရူးသွပ်တာကိုး။ ဘာကြောင့် လဲဆိုတော့ မန္တလေးဆေးတက္ကသိုလ်မှာကတုန်းက တအားကြိုက်ကြတာလေ။ အဲဒီ့တုန်းက ၄ ခန်းရပ် ပြဇာတ်ပါ။ အဲဒါလေးကို တအားကြိုက်ကြလို့ ဇာတ်လမ်းပြန်ဖွဲ့ထားတာ။ ကျွန်တော်တို့ အနုပညာသည် ကတော့ ကိုယ်အနုပညာလုပ်တဲ့အခါမှာ တိုင်းပြည် အပေါ်မှာထားတဲ့ စေတနာ၊ လိုအပ်တဲ့ကွက်လပ် ကလေးတွေကိုတော့ ကိုယ်ထည့်ပြောသွားတာလေးတွေ နည်းနည်းတော့ပါတယ်။ ဆေးအကြောင်းတင် မဟုတ်ဘူး။ တခြားအကြောင်းအရာတွေပါပါတယ်” လို့ ပြောပါတယ်။

ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားက အကယ်ဒမီတွေများစွာ ဆွတ်ခူးနိုင်ခဲ့သလိုပဲ ဒီရုပ်ရှင် ဇာတ်ကားကရော အကယ်ဒမီတွေ ဆွတ်ခူးနိုင်မလားဆိုတာကိုလည်း မြို့တော် မောင်ယဉ်အောင်က ”အဲဒီလိုတော့ ကျွန်တော်မပြောရဲဘူးဗျ။ ဘာလို့ မပြောရဲလဲဆို တော့ အကုန်လုံးက ကြိုးစားကြတယ်ဗျ။ အားလုံးက သူ့ထောင့်နဲ့ သူအားလုံး ကောင်းအောင်လုပ်သွားကြတာချည်းပဲ။ ကျွန်တော် ကျေနပ်ပါတယ်။ ကိုဖိုးချစ် ဆိုရင်လည်း ဒီလိုပဲ။ ကျွန်တော် ကိုဖိုးချစ်ကို ကိုင်တွယ်ရတာ ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဇာတ်သဘင်လောက လာတဲ့သူကိုး။ ဒါပေမဲ့ ကိုဖိုးချစ်ကလည်း ငြိမ်တယ်။ ပြီးတော့ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင် အကုန်လုံးကလည်း ဟာသကြီးပဲ။ အဲဒီတော့ လွတ်လပ်တယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာကျတော့ ဆရာဝန်ဆိုတော့ သူ့ကိုကြိုးနဲ့ တုပ်ပြီးတော့ ခိုင်းသလိုဖြစ်သွားတာ။ ဒီဇာတ်ကားထဲမှာ သူကလည်းအငြိမ် ဇာတ်ရုပ်ပဲ။ တော်တော်လေးလုပ်ရတယ်။ တကယ်သူနဲ့ယှဉ်ရတာ ထွန်းအိâန္ဒာဗိုလေ။ သူတို့နဲအပြန်အလှန်ပြောတဲ့ အခန်းတွေဆိုရင် တကယ်ဆို လိမ့်သွားနိုင်တယ်။ ဒါပေမဲ့ သူကအခံရုပ်ကနေ လုပ်ပေးသွားတာတွေကောင်းတယ်။ ဆရာဝန် တစ်ယောက်ရဲ့ ကြေကွဲမှုဆိုရင်လည်း ဆရာဝန်တစ်ယောက်ရဲ့ ကြေကွဲမှုကို
သူလုပ်သွားနိုင်တယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071