ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးအပြီး ၁ဝနှစ်အကြာမှ ရုပ်ရှင် ပြန်လည် ရိုက်ကူးတဲ့ ဒါရိုက်တာမြို့တော် မောင်ယဉ်အောင်

0
379

‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၈ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေကြောင်း သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မြို့တော် မောင်ယဉ်အောင်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပြီး လူမင်း၊ ရန်အောင်၊ ဖိုးချစ်၊ ထွန်းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗိုတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလက မန္တလေး ဆေးတက္ကသိုလ်မှာ ကပြဖို့အတွက် ရေးသားခဲ့တဲ့ ပြဇာတ်ကို ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်က ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်အနေနဲ့ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အဆိုပါဇာတ်ကားနဲ့ သူကိုယ်တိုင် ဒါရိုက်တာဆုအပြင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြ တဲ့ သရုပ်ဆောင်တွေလည်း အကယ်ဒမီဆုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး ၁ဝ နှစ်အကြာမှာမှ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်က-

”ဒီဇာတ်ကား မရိုက်ကူးခင်ကတော့ တော်တော်ခက်ခဲတယ်။ လူရှာရတာတွေ လူစုရတာတွေရော ပေါ့။ ကိုယ်ကလည်း ဒီလောကထဲက မဟုတ်တော့လေ။ တကယ်ရိုက်ကူးတဲ့အခါကျတော့ အဆင်ပြေသွား တယ်။ မိုးလေဝသကအစ ရိုက်ကူးချိန်ကျရင် တိတ်ပေးတယ်။ ရိုက်ကွင်းပြီးတဲ့အချိန်ကျမှ ရွာပေးတယ်။ အံ့တောင်အံ့သြမိတယ်။ မရိုက်ကူးခင်ကတော့ မရိုက်တော့ဘူးဆို ပြီးတော့ကို ပစ်ထားလိုက်တယ်။ နောက် တော့ မန္တလေးက ကိုဇော်မြင့်တို့က မလုပ်ပါနဲ့တဲ့။ ဒီဇာတ်ကားကို သူလည်း ရူးသွပ်တာကိုး။ ဘာကြောင့် လဲဆိုတော့ မန္တလေးဆေးတက္ကသိုလ်မှာကတုန်းက တအားကြိုက်ကြတာလေ။ အဲဒီ့တုန်းက ၄ ခန်းရပ် ပြဇာတ်ပါ။ အဲဒါလေးကို တအားကြိုက်ကြလို့ ဇာတ်လမ်းပြန်ဖွဲ့ထားတာ။ ကျွန်တော်တို့ အနုပညာသည် ကတော့ ကိုယ်အနုပညာလုပ်တဲ့အခါမှာ တိုင်းပြည် အပေါ်မှာထားတဲ့ စေတနာ၊ လိုအပ်တဲ့ကွက်လပ် ကလေးတွေကိုတော့ ကိုယ်ထည့်ပြောသွားတာလေးတွေ နည်းနည်းတော့ပါတယ်။ ဆေးအကြောင်းတင် မဟုတ်ဘူး။ တခြားအကြောင်းအရာတွေပါပါတယ်” လို့ ပြောပါတယ်။

ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားက အကယ်ဒမီတွေများစွာ ဆွတ်ခူးနိုင်ခဲ့သလိုပဲ ဒီရုပ်ရှင် ဇာတ်ကားကရော အကယ်ဒမီတွေ ဆွတ်ခူးနိုင်မလားဆိုတာကိုလည်း မြို့တော် မောင်ယဉ်အောင်က ”အဲဒီလိုတော့ ကျွန်တော်မပြောရဲဘူးဗျ။ ဘာလို့ မပြောရဲလဲဆို တော့ အကုန်လုံးက ကြိုးစားကြတယ်ဗျ။ အားလုံးက သူ့ထောင့်နဲ့ သူအားလုံး ကောင်းအောင်လုပ်သွားကြတာချည်းပဲ။ ကျွန်တော် ကျေနပ်ပါတယ်။ ကိုဖိုးချစ် ဆိုရင်လည်း ဒီလိုပဲ။ ကျွန်တော် ကိုဖိုးချစ်ကို ကိုင်တွယ်ရတာ ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဇာတ်သဘင်လောက လာတဲ့သူကိုး။ ဒါပေမဲ့ ကိုဖိုးချစ်ကလည်း ငြိမ်တယ်။ ပြီးတော့ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင် အကုန်လုံးကလည်း ဟာသကြီးပဲ။ အဲဒီတော့ လွတ်လပ်တယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာကျတော့ ဆရာဝန်ဆိုတော့ သူ့ကိုကြိုးနဲ့ တုပ်ပြီးတော့ ခိုင်းသလိုဖြစ်သွားတာ။ ဒီဇာတ်ကားထဲမှာ သူကလည်းအငြိမ် ဇာတ်ရုပ်ပဲ။ တော်တော်လေးလုပ်ရတယ်။ တကယ်သူနဲ့ယှဉ်ရတာ ထွန်းအိâန္ဒာဗိုလေ။ သူတို့နဲအပြန်အလှန်ပြောတဲ့ အခန်းတွေဆိုရင် တကယ်ဆို လိမ့်သွားနိုင်တယ်။ ဒါပေမဲ့ သူကအခံရုပ်ကနေ လုပ်ပေးသွားတာတွေကောင်းတယ်။ ဆရာဝန် တစ်ယောက်ရဲ့ ကြေကွဲမှုဆိုရင်လည်း ဆရာဝန်တစ်ယောက်ရဲ့ ကြေကွဲမှုကို
သူလုပ်သွားနိုင်တယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here