အကယ်ဒမီ ၈ ဆု အထိယူဖို့ ရည်မှန်းထားသူ မင်းသားကြီး ဦးညွန့်ဝင်း

0
277

အကယ်ဒမီ ၇ ဆုရှင် မင်းသားကြီး ဦးညွန့်ဝင်းက လက်ရှိမှာတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ ရုပ်ရှင်လောကမှာ အကယ်ဒမီ ၇ ဆုအထိ ရယူနိုင်ခဲ့တဲ့ မင်းသားကြီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အကယ်ဒမီ ၇ ဆုအထိ ရယူပြီးခဲ့ပေမယ့် သူမျှော်မှန်းထားတာကတော့ အကယ်ဒမီ ၈ ဆုအထိရယူဖို့ မျှော်မှန်းထားတာ ဖြစ်ကြောင်း ဦးညွှန့်ဝင်းကပြောပါ တယ်။ သူရည်မှန်းထားတဲ့ အကယ် ဒမီဆု ၈ ဆုအထိ ရယူနိုင်ဖို့ ဘယ်လိုကြိုးစားဦးမလဲလို့မေးတော့ …

”ကျွန်တော့်အနေနဲ့ ကြိုးတော့ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ လူဆိုတာကလည်း ကိုယ်ခန့်မှန်းထားသလိုလည်းဖြစ်ချင်မှဖြစ်တာလေ။ ၇ ဆုရတာလည်း တော်တော် လေးရခဲ့တယ်လို့ ပြောရမယ်။ ကံကောင်းတာလည်း ပါတာပေါ့။ မသေမချင်းတော့ ကြိုးစားရမှာပဲလေ။ ကိုယ်လုပ်ခွင့်ရရင်လုပ်မယ်ပေါ့” လို့ ဦးညွန့်ဝင်းက ပြောပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ လာကမ်းလှမ်းလာရင် လက်ခံရိုက်ကူးဖြစ်မလားလို့ဆက်မေးတော့ ”ကျွန်တော် ရိုက်ကူးတဲ့ အချိန်မှာ အနှောင့်အယှက်မဖြစ်ရင် ကျန်းမာရေးက ဘာမှမထိခိုက်ဘူးဆိုရင်ပေါ့။ ကျန်းမာရေးထိခိုက်မှာထက် ရုပ်ရှင်ကိုထိခိုက်မှာ ကျွန် တော်ပိုစိုးရိမ်တယ်။ ကျွန်တော့်ကျန်းမာရေးကြောင့် ရုပ်ရှင်ရိုက်ကူးနေရင်းတစ်ခုခုဖြစ်သွားမှာ ကျွန် တော်စိုးရိမ်တယ်။ ဇာတ်ကားကတော့ ဒရာမာဇာတ်ပဲကြိုက်တယ်။ ဒီလိုအသက်အရွယ် မျိုးနဲ့ဆိုရင် တော့ ဒရာမာပဲကောင်းတာပဲ။ ဃသာနိပ လည်းရတာပဲ။ လုပ်ကွက်ရှိရင်ကောင်းတာပေါ့”လို့ ဦးညွန့်ဝင်းက ပြောပြပါတယ်။ ဦးညွန့်ဝင်းက မနှစ်ကအကယ်ဒမီဆုပေးပွဲကို တက်ရောက်ခဲ့သလို အခုနှစ်လည်း ကျန်းမာရေးကောင်းရင် တက်ရောက်ဖြစ်မယ်လို့ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here