ပရိသတ်တွေကို သူ့ရဲ့အမှတ်တရပစ္စည်းတွေ မဲဖောက်ပေးခဲ့တဲ့ ဟန်ဇာမိုးဝင်း

0
245

Han Zar Moe Win Fan Club &  San Pya Family Group 2 နှစ်ပြည့်ပွဲလေးကို ဒီဇင်ဘာလ ၁၆ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ဟန်ဇာမိုးဝင်းက သူ့ရဲ့အမှတ်တရပစ္စည်းတွေကို ပရိသတ်တွေကို ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။

”အသစ်ဝယ်ပေးတာ ကြိုက်လား၊ ကျွန်တော် အသုံး ပြုခဲ့တဲ့ပစ္စည်းလေးတွေ ယူမလားဆိုတော့ သူတို့က ကျွန်တော်အသုံးပြုခဲ့တဲ့ ပစ္စည်း လေးတွေကိုပဲ အမှတ်တရသိမ်းထားချင်တယ်လို့ပြောကြတယ်။ အဲဒီအတွက် ကျွန်တော် စင်ပေါ်မှာတကယ်သုံးခဲ့တဲ့ ပစ္စည်းတွေ၊ ကျွန်တော်တအားကြိုက်တဲ့ ပစ္စည်းတွေ ကိုမဲဖောက် ပေးခဲ့တယ်။ တစ်နိုင်ငံလုံးအတိုင်း အတာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် ပရိသတ်တွေက အများကြီးရှိပါတယ်။ အားလုံးကို လက်ဆောင်ပေးချင်တယ်။ ဒါပေမဲ့ အား လုံးကိုပေးဖို့ကျတော့ ခက်ခဲနေသေးတယ်။ ဒါကပထမဆုံး အကြိမ်ကျင်းပတဲ့ ပွဲလေးမို့ လို့ နောက်ဆိုရင် ကျွန်တော်သေချာလေး လုပ်ပေးမယ်”လို့ ဟန်ဇာမိုးဝင်းက ပြော ပါတယ်။

Fan Group အနေနဲ့ကတော့ အလှူအတန်းတွေကို မပြတ်တမ်း လုပ်ဆောင်လေ့ရှိပြီး ဒီ Group ကို စတည်ထောင်ကတည်းကိုကလည်း အပျော် သက်သက် ဖွဲ့ထားတာမျိုးမဟုတ်ဘဲ အလှူဒါနတွေ ပြုလုပ်ဖို့အတွက် ဖြစ် တယ်လို့လည်း ပရိသတ်တွေကိုပြောပြထားကြောင်း သူက ထပ်ပြောပါတယ်။ ”အခုဆိုရင်လည်း မိန်းမရဲ တောင်ပေါ်မှာ ဘုရားတည်မယ်။ ဘုရားတည်တဲ့ အခါ အရန်စေတီလေးတစ်ဆူ ကျွန်တော့် Han Zar Moe Win Fan Club ကနေ လှူဒါန်းမှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် Fan Club မှာ တခြားမင်းသားကို ပုတ်ခတ်ခြင်း၊ ငါတို့မင်းသားကဘယ်လိုဖြစ်တယ်၊ သူများ မင်းသားက ဘယ်လိုဖြစ်တယ်ဆိုပြီး အဲဒီလိုပြောတာမျိုးတွေ ကျွန်တော် မကြိုက်ဘူးဆိုတာ သူတို့သိတယ်။ လောကနီတိကို နားလည်ဖို့ သူတို့ကို ကျွန် တော်အမြဲတမ်း ပြောပြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း နားလည်အောင် သင်ယူသလို နားလည် အောင် ကြိုးစားသလို၊ သူတို့လည်း ကျွန်တော်နဲ့အတူတူ ပေါင်းရင်းနဲ့ ကျွန်တော့်ဆီက ကောင်းတာလေးတွေယူသွားစေချင်တယ်။ မကောင်း တာတွေလည်း ပယ်လိုက်ပေါ့လေ။ လူတွေကိုချစ်တတ်ဖို့၊ မောင်နှမတွေလို စောင့် ရှောက်ဖို့ သူတို့ကို ကျွန်တော်အမြဲတမ်းပြော ဖြစ်တယ်”လို့ ဟန်ဇာမိုးဝင်းက သူ့Fanတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပြောပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here