အိမ်ထောင်တစ်ခု မပြိုကွဲဖို့အတွက် အခုကတည်းက ကြိုးစားနေတဲ့ သက်သခင်

0
130

သရုပ်ဆောင် သက်သခင်ကတော့ မကြာသေးခင်က သရုပ်ဆောင် စိုးရန် အောင်နဲ့ နှစ်ဖက်မိဘတို့ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းပြုလုပ်ခဲ့ကြပြီး ဖြစ် ပါတယ်။ လာမယ့်နှစ်မှာ မင်္ဂလာဆောင် တော့မှာ ဖြစ်တဲ့အတွက် အိမ်ထောင် တစ်ခု မပြိုကွဲအောင် အခုကတည်းက ကြိုးစား နေကြောင်းကိုတော့ သက်သခင်က….

“သက်သခင် အနုပညာ လှုပ်ရှားမှုတော့ သိပ်မရှိတော့ဘူး။ သူကလည်း အနုပညာ အလုပ်လုပ်တာ သိပ်မကြိုက်တော့ သိပ်မလုပ်ဖြစ်ဘူး။ သက်သခင်တို့ မင်္ဂလာပွဲကိုတော့ နောက်နှစ်ထဲမှာ လုပ် သွားမယ်။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ် ဖြစ်လာတဲ့ အခါ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့အတွက် အခု ကတည်း က  ကြိုးစားနေတယ်။ သက်သခင် တို့ရဲ့ ချစ်သူ သက်တမ်းက အခု ဆိုရင် ၉နှစ် ရှိနေပြီ။ အိမ် ထောင်မပြုခင် ချစ်သူ သက် တမ်းမှာလည်း အကြာကြီး လက်တွဲခဲ့ပြီး တစ်ယောက်နဲ့ တစ် ယောက် နားလည်မှု တွေယူတယ်။ သူ့ဘက်မှာ ရော ကိုယ့်ဘက်မှာရော မကြိုက်တဲ့ အချက်တွေ ရှိတယ်။ ချစ်သူသက် တမ်း ၉ နှစ်တာမှာ တောင် မကွဲအောင် ထိန်းခဲ့ပြီးပြီပဲ။ အိမ် ထောင်သက်တမ်း မှာလည်း အိမ်ထောင် ကွဲကြတာကို သက် သခင် မကြိုက် ပါ ဘူး။ အဆင် မပြေမှု တွေ မရှိရင်တောင် ညှိယူကြ တယ်” လို့ ပြောပါတယ်။ သက်သခင်က စီး ပွားရေး အလုပ် အနေနဲ့ Pizza ဆိုင်ဖွင့် လှစ် ခဲ့ ကြောင်း ကိုလည်း အခုလို ပြော ပြ ခဲ့ပါ တယ်။

 “သက်သခင် တို့My Pizza & Cate Cafe  ဖွင့်ထားတယ်။ အဲဒါက စီး ပွားရေး အလုပ် အ နေနဲ့ ဖွင့်လှစ် ထားပါတယ်။ ညီမတို့ နှစ်ယောက်စလုံး ကလည်း အစား အသောက် ဝါသနာ ပါတယ်။ အိမ်ထောင်ပြုတော့မယ် ဆိုတော့ ကိုယ်ပိုင် စီးပွားရေး လုပ်ချင်လို့ အဲဒီဆိုင်လေး ဖွင့်ထားတယ်။ ကိုယ်တွေ နှစ် ယောက်စလုံးကတော့ ကံကောင်းပါ တယ်။ ဒီဆိုင်လေးဖွင့်တော့ ပရိသတ်  တွေကလည်း လာရောက်အားပေး ကြ တယ်” လို့ သက်သခင်က ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here