“နှစ်ဦး သဘောတူ နားလည်မှု နဲ့ ကွာရှင်းပြတ်စဲ လိုက်တာပါ ဝိုင်းစုခိုင်သိန်း”

0
114

img_0029ဝိုင်းစုခိုင်သိန်း က ခင်ပွန်း ဖြစ်သူ ကိုဥက္ကာမြင့်ကြူ နဲ့ စိတ် သဘောထားချင်း မတိုက်ဆိုင်တဲ့ အတွက် နှစ်ဖက် အသိသက်သေ လူကြီး များ  ရှေ့မှောက်မှာ စက် တင်ဘာလ ၃ဝ ရက်နေ့က နှစ် ဦးသဘောတူ ကွာရှင်းပြတ်စဲ လိုက်ပြီဖြစ်ကြောင်းကို အောက် တိုဘာလ ၂၂ ရက်နေ့ က အတည် ပြုပြောကြားခဲ့ပါတယ်။

“အိမ်ထောင်ရေး နဲ့ ပတ်သက် ပြီး ပရိသတ်တွေကို အသိပေးတဲ့ အနေနဲ့ မြန်မာ့အလင်း သတင်းစာမှာ ပြောပြ ပြီး ပါပြီ။ ဘယ်နေ့ ဘယ်ရက် က ဝိုင်းစုတို့ ကွာရှင်းထားတယ်၊ နှစ်ဦး သဘောတူ နား လည်မှုနဲ့ ကွာရှင်းထားတယ်၊ အဲဒီကိစ္စ လည်း အကုန် လုံးကို ပြောပြ ပြီးပြီ။ ကျန်တဲ့ အရာ တွေကတော့ အနုပညာသမားတွေ က  ကောလာဟလ ဆိုတာ ကြုံနေကျပဲ။ ထွေထွေ ထူးထူး ဖြေရှင်းစရာ မရှိပါဘူး။ ဝိုင်းစု စီးရီး ခွေထွက်တိုင်း ကြုံနေကျ ကိစ္စပါပဲ။ အထူး တလည် မဖြေရှင်းတော့ပါဘူး။ ဝိုင်းစု ပြော သင့်တယ် ထင်တဲ့ အရာတွေ ကို ပြောပြပေး သွားမှာပါ” လို့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ပဉ္စမမြောက် “ဂါ” တစ် ကိုယ်တော်စီးရီး ပရိုမိုးရှင်းပွဲကို အောက် တိုဘာလ ၂၂ ရက်နေ့ နေ့ခင်း ၃ နာရီက လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပြီး ဝိုင်းစုခိုင် သိန်းနဲ့ အနုပညာရှင် များက အမှတ်တရ လက်မှတ်ရေးထိုး ခဲ့ကာ တေးသီချင်း များနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲ မှာ ဝိုင်းစုခိုင်သိန်း ရဲ့ အမာခံ ပရိသတ် များဖြစ်တဲ့ We Love Wine Su Khine Thein အဖွဲ့ကလည်း Surprise  လာလုပ်ခဲ့ပြီး ပရိသတ် တွေနဲ့ အတူ ကိတ်မုန့်လှီးခဲ့ပါတယ်။ အခုလို ပရိသတ်တွေက Surprise  လာလုပ်မယ်လို့ မမျှော်မှန်း ထားတဲ့ အတွက် အတိုင်းမသိ ဝမ်းသာရသလို ဒီပွဲကို ပရိသတ်များစွာ လာရောက် အား ပေးတဲ့ အတွက်လည်း ဝမ်းသာ ပီတိ ဖြစ် ရကြောင်း ဝိုင်းစုခိုင်သိန်း က ပြော ပါတယ်။

စီးရီးခွေ ထွက်တိုင်း ရင်တော့ ခုန်တာပေါ့။ ပရိသတ်တွေ အများကြီး မြင်လိုက်တော့ ပိုရင်ခုန်သွားတယ်။ ဒီပရိုမိုးရှင်းပွဲ မှာ ဝိုင်းစု ပရိသတ် တွေအတွက် လက်ဆောင်ပေးသွား မယ်။ ဂိမ်းတွေလည်း ကစားခဲ့ပါ တယ်” လို့ပြောပါတယ်။

ဆက်လက် ပြီး အောက်တိုဘာလ ၂၃ ရက်နေ့ Ocean (မုံရွာ) မှာ ပရိုမိုးရှင်းပွဲ လုပ်ခဲ့သလို အောက်တိုဘာလ ၂၄ ရက်နေ့ Ocean (Mingalar Mandalay) မှာလည်း ပရိုမိုးရှင်းပွဲများ ပြုလုပ်ခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here