ရေထဲကငွေ ၊ ငွေထဲကရေ

0
240

ရေလည်း သူ့ဟန်နဲ့သူ
ငွေလည်း သူ့မာန်နဲ့သူ။

ရေမရှိတော့ မဟန်
ငွေမရှိတော့
ကမ္ဘာကြီးထဲက အာရောဂျံပေတံဟာ
မသန်။

ရေလည်း ရေအလျောက်
သူ့မာယာနဲ့သူ
ဖွဲ့ နွဲ့တတ်ပါတယ်။

ငွေလည်း ငွေအလျောက်
သူ့ဘဝနဲ့သူ
အစုန် အဆန် လှပတတ်ပါတယ်။

ရေထဲက ငွေရှာမလား
ငွေထဲက ရေရှာမလား
အဖြေတစ်ခုတော့
ထုတ်ပေးခဲ့ဖို့ ကောင်းရဲ့
မဟုတ်လား . . .ခင်။

မှူးဥာဏ်


LEAVE A REPLY

Please enter your comment!
Please enter your name here