ရွှေပြည်အေး နှင့် စစ်ကိုင်းလှရွှေ

0
329

ဆရာအလင်္ကာကျော်စွာ ရွှေ ပြည်အေးထံတွင် ကျွန်တော်စန္ဒရား အတီးသင်ယူစဉ်က အပတ်စဉ် ဗုဒ္ဓ ဟူးနေ့ ညနေနှင့် တနင်္ဂနွေနေ့ နံနက် တိုင်းသွားရပါသည်။ တနင်္ဂနွေနေ့ နံနက် ၈ နာရီအရောက် ဆရာနေထိုင် ရာ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်း တန်းအနီး အလယ်ပစ္စယံလမ်းမှ ဆင်းသွားရသည့် ပိဋကတ်တိုက် အဆောက်အအုံသို့ သွားရပါသည်။ ဆရာအလင်္ကာကျော်စွာ ရွှေ ပြည်အေးထံတွင် ကျွန်တော်စန္ဒရား အတီးသင်ယူစဉ်က အပတ်စဉ် ဗုဒ္ဓ ဟူးနေ့ ညနေနှင့် တနင်္ဂနွေနေ့ နံနက် တိုင်းသွားရပါသည်။ တနင်္ဂနွေနေ့ နံနက် ၈ နာရီအရောက် ဆရာနေထိုင် ရာ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်း တန်းအနီး အလယ်ပစ္စယံလမ်းမှ ဆင်းသွားရသည့် ပိဋကတ်တိုက် အဆောက်အအုံသို့ သွားရပါသည်။

နံနက် ၈ နာရီ ဆရာ့နေအိမ် ရောက်ပြီး ဆရာ့တိုက်ခန်းမှ အရှေ့ ဘက် စောင်းတန်းအဆင်း၊ ဗဟန်း အုတ်လမ်းသို့ လက်ဖက်ရည်အတူ သောက်ရန် သွားလေ့ရှိခဲ့ကြပါသည်။ ၁၉၇၅-၇၆ ခုနှစ်များတွင် ဗဟန်း အုတ်လမ်းမှာ ယခုစာရေးချိန် ၂ဝ၁၇ ခုနှစ်ကဲ့သို့ ကားများ ရှေ့ဘက်စောင်း တန်းခြေရင်း ခြင်္သေ့ကြီးများအနားထိ သွားလာနိုင်သလို လမ်းကျယ်မဟုတ် သေးဘဲ ဘယ်ညာ ဆိုင်အပြည့်ဖြင့် အလယ်တွင် လူသွားလာနိုင်ရုံမျှ လမ်းကလေးသာ ရှိပါသည်။

တနင်္ဂနွေတစ်ရက် နံနက်ခင်း တွင် ဆရာရွှေပြည်အေးနှင့် လက် ဖက်ရည်အတူသောက်နေခိုက် လူကြီး တစ်ဦး အဝါရောင် ကက်ဦးထုပ် ပြား ပြားလေးဆောင်းလျက် ကျွန်တော်တို့ ထိုင်နေရာ စားပွဲတစ်ဖက် ခုံလေးသို့ ခပ်သွက်သွက် စွေ့ခနဲ ဝင်ထိုင်လိုက် ပါသည်။
ဆရာရွှေပြည်အေးအား ထို ပုဂ္ဂိုလ်က ခေတ်ဟောင်းရုပ်ရှင်ဂီတ အကြောင်းများ အတန်ကြာမေးမြန်း ပြီး နောက်မှ ဆရာရွှေပြည်အေးက ဤသို့ အမှတ်မထင် ကောက်ကာ ငင်ကာ စကားတစ်ခွန်းဆိုလိုက်ပါ သည်။

”လှရွှေ ဒါင့ါတပည့်၊ ငါပြီးရင် မင်းဆက်သင်ရမယ်”

ထိုအခါမှ ဆရာရွှေပြည်အေး မိတ်ဆက်ပေး၍ ထိုပုဂ္ဂိုလ်မှာ စာရေး ဆရာနှင့် ခေတ်ဟောင်းစန္ဒရား ဆရာကြီး စစ်ကိုင်းလှရွှေဟု သိရှိရ ပြီး ပါလာသူမှာလည်း ထိုပုဂ္ဂိုလ်ကြီး ၏ ဇနီးဖြစ်သူ ခေတ်ဟောင်းအဆို တော်ကြီး ဒေါ်ဟင်္သာကြည်ဖြစ် ကြောင်း သိရပါတော့သည်။
၁၉၇၇ ခုနှစ်၊ ဆရာရွှေပြည် အေးကွယ်လွန်ပြီးနောက် ၁၉၇၈ ခုနှစ်အတွင်း ဆရာစစ်ကိုင်းလှရွှေထံ ရောက်ရှိသွားပြီး ရောက်ရောက်ချင်း ဆရာရွှေပြည်အေး နောက်ဆုံးတက် ပေးသွားခဲ့သည့် ပန်းဟေဝန်ယိုး ဒယားသီချင်းကို စန္ဒရားလက်ကွက် များပေါ်တွင် ကျွန်တော်တီးပြလိုက်ပါ သည်။ ဆရာစစ်ကိုင်းလှရွှေက စည်း ဝါးလိုက်လျက် နားထောင်ပေးပြီး နောက် မန္တလေးဘွဲ့ အောင်မြေမြ မန်းပတ်ပျိုးသီချင်း စတင်တက်ပေး သည်ကို ခံယူရင်း ဆရာစစ်ကိုင်းလှ ရွှေ၏ တပည့်ဖြစ်သွားပေတော့ သည်။

ဆရာစစ်ကိုင်းလှရွှေ၏ တပည့် အဖြစ် စန္ဒရားတီး ဆက်လက်သင်ယူ သည့်အခါမှ  ဆရာစစ်ကိုင်းလှရွှေအား ဆရာရွှေပြည်အေးမှာခဲ့သည့် ‘ငါပြီး ရင် မင်းဆက်သင်ရမယ်’ ဆိုသည့် စကားအဓိပ္ပါယ်ကို စိတ်မကောင်းစွာ အမှတ်ရနေမိပါတော့သည်။ တကယ် တော့လည်း ‘ငါပြီး ရင်’ဆိုသည့်စကား မှာ ‘ငါသေသွားပြီးရင်’ဟု ဆရာရွှေ ပြည်အေး အမြော်အမြင်ဖြင့် ပြောခဲ့ သော စကားအဓိပ္ပါယ် ဖြစ်မနေပေဘူး လားဟု တွေးမိပြီး စိတ်မကောင်းဖြစ် ရခြင်းကို ဆိုလိုပါသည်။

ဆရာစစ်ကိုင်းလှရွှေသည် ခေတ်ဟောင်းအသံတိတ် ခေတ်တစ် လျှောက်လုံး ရုပ်ရှင်နောက်ခံ တေးဂီ တစန္ဒရားခေါင်းဆောင်အဖြစ် ထင် ရှားစွာ ဆောင်ရွက်ခဲ့ပြီး ဆရာရွှေပြည် အေး၏ တပည့်ရင်းလည်းဖြစ်ပါသည်။

ဆရာစစ်ကိုင်းလှရွှေ၏ ထူးခြား သော အခြားစွမ်းရည်တစ်ရပ်မှာ ခေတ်ဟောင်းရုပ်ရှင်ဂီတအကြောင်း အရာများစွာ ဆောင်းပါးများ ရေး သားခြင်း၊ စာအုပ်များထုတ်ဝေနိုင်ခဲ့ ခြင်းဖြစ်ပါသည်။ ဆရာရွှေပြည်အေး တပည့်ဖြစ်ရုံသာမက ဆရာရွှေပြည် အေးအား ထူးခြားစွာ ပါရမီပြည့်ဝ သူ ပညာရှင်အဖြစ်လည်း လေးစားဂါရဝ ပြုသူဖြစ်ပါသည်။

ဆရာရွှေပြည်အေးထံ အမြဲ မပြတ် လာရောက်မေးမြန်းမှတ်သား ပြီးမှ စာပေမှတ်တမ်းမှတ်ရာများ ရေး လေ့ရှိသဖြင့် ဆရာရွှေပြည်အေးနှင့် ပတ်သက်သော ဆရာစစ်ကိုင်း လှရွှေ ၏ အရေးအသားအချက်အလက် မှတ်တမ်းများမှာ တိကျမှန်ကန်မှုရှိ သည်ဟု ယုံကြည်ရပါသည်။ ဆရာ စစ်ကိုင်းလှရွှေ၏ အံ့သြဖွယ်ရာ အခြားအရည်အချင်းတစ်ရပ်မှာ အထူးမှတ်ဥာဏ်ကောင်းခြင်း ဖြစ်ပါ သည်။ ဥပမာအားဖြင့် နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်း၊ ရွှေပြည်အေး၊ ရွှေတိုင်ညွှန့်၊ သဟာယ ဆရာတင်တို့ ခေတ်မှ ဆရာစစ်ကိုင်းလှရွှေထက် ငယ်သော စန္ဒရားလှထွတ်၊ စန္ဒရား ချစ်ဆွေ၊ စန္ဒရားထွန်းညွှန့်တို့ ခေတ် အထိ ရုပ်သံအသံတိတ် အသံထွက် ခေတ်တစ်လျှောက်လုံး အပါအဝင် ထင်ရှားသော အရေး၊ အဆို၊ အတီး ပညာရှင်များ၏ မွေးသက္ကရာဇ်များကို ဦးနှောက်၌ အလွတ်မှတ်သားထား နိုင်ခြင်းဖြစ်ပါသည်။

ဆရာစစ်ကိုင်းလှရွှေ၏ ‘ကျွန် တော်သိသော စန္ဒရားဆရာကြီးများ’ စာအုပ်တွင် ဆရာရွှေပြည်အေး၏ မွေးသက္ကရာဇ်ကို မှတ်တမ်းတင်ထား ချက်အရ . . .
‘မောင်တင်အေးသည် ၁၂၇ဝ ပြည့်နှစ်၊ တပို့တွဲလဆုတ် ၉ ရက်နေ့၊ ၁၉ဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့နံနက် အရုဏ်တက် ဖွားမြင် သူဖြစ်၍  ….’ ဟု မှတ်တမ်းတင်ခဲ့ပါသည်။ မောင်တင်အေးသည် ဆရာရွှေပြည် အေး၏ ငယ်နာမည်ဖြစ်ပါသည်။ ဆရာရွှေပြည်အေး အမှတ်တရ ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်တွင် ဆရာ၏ မွေးသက္ကရာဇ်ကို ဆောင်းပါး ၃ ပုဒ်၌ ၃မျိုး ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရဖူးပါသည်။ ဆရာ စစ်ကိုင်း လှရွှေဖော်ပြခဲ့သော ဆရာရွှေပြည် အေး မွေးသက္ကရာဇ်မှာ  အမှန်ဖြစ်ပါ သည်။

ဆရာရွှေပြည်အေး မိဘအမည် နှင့် မွေးချင်းညီအစ်ကို မောင်နှမများ အမည်ကို ရေးသားဖော်ပြရာ၌ ဆရာ စစ်ကိုင်းလှရွှေကသူ၏ ‘ကျွန်တော်သိ သော စန္ဒရားဆရာကြီးများ’ စာအုပ် တွင် ဖော်ပြချက်အရ –

ရေဝန်ရုံးရေယာဉ်မှတ်ပုံတင် အရာရှိ အပျော်တမ်းစန္ဒရားဆရာကြီး ဆရာနုနှင့် ဇနီးဒေါ်လှိုင်တို့မှ မဖွား ဖြူ၊ မောင်ဘသူ၊ မကြူကြူ၊ မောင်တင် အေး၊ မမြမြဟူ၍ သားသမီး ၅ ဦး မွေးဖွားခဲ့ရာမှ စတုတ္ထမြောက် သား ငယ် မောင်တင်အေးသည် နောင် ဆရာရွှေပြည်အေးအဖြစ် ထင်ရှား လာမည့် သူပင်ဖြစ်သည်ဟု ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။

ဆရာရွှေပြည်အေးအား တယောတီးသင်ပေးခဲ့သည့် ဆရာရင်းများကို ဖော်ပြရာ၌ ဆရာ စစ်ကိုင်းလှရွှေက သူ၏ ‘ရုပ်ရှင်၊ ဂီတ နှင့် ကျွန်တော်’စာအုပ်တွင် –

‘မောင်အေးသည် တယော ဆရာ ညိမ်း၊ ဦးဘသွင်၊ ကိုဘရီတို့၏ တယော လက်သံများအလယ်တွင် ကြီးပြင်း လာရသူဖြစ်သည့်အတိုင်း တယောလက်သံမှာ အရွယ်နှင့်မလိုက် အောင် ထက်မြက်လှသည်’ ဟု ရေးသားထားခဲ့ပေသည်။ ဆရာရွှေပြည်အေးသည် အသံတိတ် ရုပ်ရှင်လောကအတွင်း အသက် ၁၄ နှစ်အရွယ် ၁၉၂၃ ခုနှစ်မှ အသက် ၂ဝ အရွယ် ၁၉၂၉ ခုနှစ်ထိ တယော ထိုး ဆရာလေးအဖြစ် ရပ်တည်ခဲ့ သည်ဟု ဆိုပါသည်။

ဆရာရွှေပြည်အေး၏ စန္ဒရား သင်ပေးသူ ဆရာများအကြောင်း ရေးသားဖော်ပြရာတွင်မူ ဆရာ စစ်ကိုင်းလှရွှေက သူ၏ ‘ကျွန်တော် သိသော စန္ဒရားဆရာကြီးများ’ စာ အုပ်တွင်-

‘စန္ဒရားဦးဘလတ်နှင့် စန္ဒရား ဦးသာဒင်တို့၏ လက်ထွက်တပည့်များ အနက် အထူးချွန်ဆုံးနှင့် အကျော် ကြားဆုံး ဂီတပညာရှင်တစ်ဦးမှာ နိုင်ငံကျော် ဂီတစာဆို ရွှေပြည်အေး ပင်ဖြစ်သည်’ ဟု ရေးသားဖော်ပြထားခဲ့ပေ သည်။ ဆရာရွှေပြည်အေးသည် ၁၉၂၉ ခုနှစ်မှစ၍ အသံတိတ်ရုပ်ရှင် လောကအတွင်း စန္ဒရားခေါင်းဆောင် ဖြစ်လာခဲ့ပြီး ရုပ်ရှင်နောက်ခံ တေးဂီ တတီးသည့်စနစ် ပိုမိုဆန်းသစ်အောင် တီထွင်နိုင်ခဲ့သဖြင့် ရုပ်ရှင်ဂီတတစ် ခေတ်ဆန်းစေသူဟု ဆရာစစ်ကိုင်း လှရွှေက သူ၏ ‘ရုပ်ရှင်ဂီတနှင့် ကျွန်တော်’ စာအုပ်တွင် မှတ်တမ်းတင် ရေးသားခဲ့ပေသည်။

ဆရာစစ်ကိုင်းလှရွှေသည် သူ၏ ‘ကျွန်တော်သိသော စန္ဒရား ဆရာကြီး များ’စာအုပ်တွင် ဆရာရွှေပြည်အေး ၏ ထူးချွန်ထက်မြက်လှသည့် ဂီတ ဂုဏ်ရည်များကို ဤသို့ မှတ်တမ်းပြုစု ရေးသားခဲ့ပေသေးသည်။

‘ကိုအေးသည် အနောက်တိုင်း နွယ်သော ခေတ်သံဆန်းများတီးရာ တွင် ကျော်ကြားသလိုပင် မြန်မာသံ တေးသံစစ်စစ် ကာလပေါ်အသွား နှင့် သီချင်းကြီးသီချင်းခန့်တီးရာတွင် လည်း နူးညံ့ပြေပြစ်၍ ဘယ်ညာ  အသွားအလာ အယူအဆကောင်း မှန်လှပေ၏’ ဟူ၍လည်းကောင်း-

‘ရွှေပြည်အေးသည် ဂီတပညာ တွင် ထူးချွန်လှသည်။ တီးကွက်တီး လက်ပီပြင်လေးနက်လှသည်။ စိတ် ကူးစိတ်သန်းကလည်း ထူးရုံမျှမက အမြဲတမ်းရှေ့ဦးနှင့်နေသည်။ ရေး သားသော တေးသွားနှင့် တီးကွက်တို့ မှာ မြန်မာ့ဟန်ကမထွက်။ ဒိုးချက် စခွန့်ချက်တွေ အမျိုးမျိုးကစား၍ရ၏။ ယင်းတေးသွားတွင် ထည့်ထားသော စာသားများမှာလည်း နုပေ့ယဉ်ပေ့ ဆိုသော စကားလုံးများနှင့် ရှားပါးလှ သော နဘေထပ်အသုံးအနှုန်းများ ချည်းသာဖြစ်သည်’ ဟူ၍လည်းကောင်း ထုတ်ဖော် ချီးကျူးရေးသားခဲ့ပေသည်။

၂၉-၁၂-၁၉၈၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဂီတသတင်းစဉ်  အမှတ်စဉ် ၈ တွင် ‘စန္ဒရားက အနက် ခလုတ်တွေဟာ တို့ဖို့မဟုတ်ဘူးလို့ ပြောခဲ့ကြတုန်းက’ ခေါင်းစဉ်ဖြင့် ဆရာ စစ်ကိုင်းလှရွှေ ရေးသားခဲ့ရာတွင် ဆရာရွှေပြည်အေးနှင့် ပတ်သက်၍ ‘အင်္ဂလိပ်သီချင်း၊ ဂျပန်သီချင်း စတဲ့ တိုင်းတစ်ပါးသီချင်းတွေကို အနောက်နိုင်ငံနည်းစနစ်နှင့် အနီး စပ်ဆုံး စတင်တီးခဲ့တဲ့ ကြေးစား စန္ဒရားဆရာတွေထဲက ရွှေပြည်အေး ဟာ အစောဆုံးပုဂ္ဂိုလ်ပါ။ နည်း ဟောင်းကိုလည်း မပယ်ဘဲ၊ နည်းသစ် စနစ်သစ်တွေကို အပတ်တကုတ် ရှာ ကြံ ကြိုးစားအားထုတ်ခဲ့လို့လည်း ဘာ ပဲပြောပြော ရွှေပြည်အေးဟာ  တစ် ခေတ်ဆန်းသစ် တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုမှ ငြင်းလို့မရဘူး” ဟူ၍ ရေးသားခဲ့ပါသည်။

၁၉၈၃ခုနှစ်တွင် ဆရာစစ်ကိုင်း လှရွှေသည် ဆရာရွှေပြည်အေး အုတ်ဂူရှိရာ ကြံတောသုသာန်သို့ ဂါရဝပြုရန် ရောက်ရှိ၍ အခြားဂါရဝ ပြုထိုက်သော ဂီတပညာရှင်များ၏ အုတ်ဂူများကိုလည်း သွားရောက် ဂါရဝ ပြုခဲ့သည်ဟု ဆိုပါသည်။ ကြံ တော သုသာန်တစ်ခွင် လှည့်လည် ပြီးနောက် ဆရာရွှေပြည်အေး အုတ် ဂူကို တစ်ပတ်လည် ပြန်လည်ရောက် ရှိ ဂါရဝပြု လွမ်းဆွတ်ခဲ့ရပုံကို ဂီတ သတင်းစဉ် အမှတ် (၁၄)၊ ၉.၂. ၁၉၈၃ ရက်နေ့တွင် ရေးသားမှတ် တမ်းတင်ခဲ့ရာ၌ –

‘ပြန်ခါနီးရွှေပြည်အေး အုတ်ဂူ ဆီကို ရောက်ကြပြန်ပါတယ်။ အင်မတန်ထူးခြားစွာ တီထွင်ပြီး ဂီတ လောကကို တစ်ခေတ်ဆန်းသစ်စေခဲ့ တဲ့ ဆရာဟာ ပကတိငြိမ်သက်စွာ ရှိနေပြီလေ။ သူ့ရဲ့ တေးသံတွေ ကတော့ လျှံနေဆဲပါပဲ။ အုတ်ဂူပေါ် က လွမ်းငွေ့ဝေဝေဆိုတဲ့ စာသား အတိုင်း ဂီတသမားတွေမှာလည်း လွမ်းငွေ့ဝေလျက်ပါပဲ ဆရာရယ် …’ ဟု အလွမ်းမှတ်တမ်းတင်ခဲ့ပါ သည်။

ထိုသို့ ဆရာဖြစ်သူအပေါ် အလွမ်းဝေခဲ့ရှာသည့် ဆရာစစ်ကိုင်း လှရွှေကိုယ်တိုင်ပင် သင်္ခါရတရားကို မလွန်ဆန်နိုင်ဘဲ ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

ဆရာတို့ကွယ်လွန်စဉ်က ဆရာ တို့အုတ်ဂူများ ကြံတောသုသာန်တွင် တည်ရှိခဲ့သော်လည်း ၁၉၉၆-၁၉၉၇ ခုနှစ် ကြံတောသုသာန်ဖျက်သိမ်းရွှေ့ ပြောင်းပြီးနောက် ထိန်ပင်သုသာန် အနီး ထင်ရှားကျော်ကြားသော အနု ပညာရှင်များ၏ အမှတ်တရ အရိုးအိုး ဂူများတည်ရှိရာသင်္ချိုင်းသို့ ပြောင်းလဲ ရောက်ရှိသွားပေတော့သည်။

အကြောင်းသင့် တိုက်ဆိုင်စွာ ပင် ဆရာရွှေပြည်အေးနှင့် ဆရာစစ် ကိုင်းလှရွှေတို့၏ အရိုးအိုးဂူလေးနှစ် ခု ယှဉ်တွဲလျက်တည်ရှိနေသည်ကို လွမ်းဆွတ်ဖွယ် တွေ့မြင်ခဲ့ရပေသည်။

မောင်ညွှန့်နွယ် (စန္ဒရား)

ထိန်ပင်သုသာန်အနီးရှိ ထင်ရှားသောအနုပညာရှင်များ၏ အရိုးအိုးဂူများ သီးသန့်တည်ရှိရာ သင်္ချိုင်းဝင်းအတွင်း ဆရာရွှေပြည်အေးနှင့် ဆရာစစ်ကိုင်းလှရွှေ၏ အရိုးအိုးဂူလေးများ အတူယှဉ်တွဲတည်ရှိနေပုံ (၄-၆-၂ဝ၁၇ နေ့တွင် ရိုက်ကူးသည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here