ပိုင်ဖြိုးသု အကြောင်းပြောသူ ဒါရိုက်တာ ဏကြီး

0
245

Victoria Film Production မှ ထုတ်လုပ်ရိုက်ကူးတဲ့ ‘မီ’ ရုပ်ရှင်ဇာတ် ကားကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင် ၊ မင်းဦး၊ သားညီ ၊ အောင်ရဲထိုက်တို့က အဓိကပါဝင် သရုပ်ဆောင် သွားကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက စာရေးဆရာမကြီး ကြည်အေးရဲ့ ဝထ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် ဖန်တီးရိုက်ကူးပုံဖော်ခြင်းဖြစ်ပါတယ်။ ဒီ ဇာတ်ကားရိုက်ကူးဖို့အတွက် စိန်ခေါ်မှုကြီးမားတဲ့ ပြင်ဆင်မှုများရှိကြောင်းကို ဒါရိုက်တာ ဏကြီးက .. .

”သုသုနဲ့ ကျွန်တော်တွေ့ပြီး သွားတဲ့အချိန်မှာ ‘မီ’ ဝတ္ထုကို သုသု ကိုယ်တိုင်လည်းကြိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တယ်။ ‘မီ’ ဝတ္ထုက ပါဖောင်းမန့်အနေနဲ့ အများကြီးလိုအပ်တယ်။ သုသုအနေနဲ့ကလည်း ပါဖောင်းမန့်ရူးတဲ့ အက်တာလေ။ အဲဒီလိုဆိုတော့လေ သုသုအတွက်လည်း စိန်ခေါ်မှု အများကြီးရှိတယ်။ ကျွန်တော့်အတွက်လည်း စိန်ခေါ်မှုအများကြီး ရှိတယ်။ အဲဒီအတွက်ကြောင့် မီကိုရွေးဖြစ်တာပါ”လို့ ပြောပြပါတယ်။နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးတော့မယ်ဆိုတာကို သိကြတဲ့အချိန်မှာ ဆရာမကြည် အေးရဲ့ ပရိသတ်တချို့ရဲ့ တားဆီးမှုတွေရှိခဲ့ကြောင်းကို ဒါရိုက်တာဏကြီးက

”ကျွန်တော် ဒီဝတ္ထုကို စရိုက်ကူးမယ်ဆိုတဲ့သတင်း သုသုဖြေလိုက်တဲ့ အချိန်မှာ စာရေးဆရာမကြီးကြည်အေးရဲ့ ပရိသတ်တချို့က တားကြတာတွေရှိ တယ် မရိုက်စေချင်ဘူးပေါ့နော်။ ပရိသတ်တွေအနေနဲ့ ဒီဝတ္ထုကို မမီမှာစိုးလို့ ဆိုပြီး တားကြတဲ့သူတွေရှိတယ်။ တချို့ဆိုလည်း နဂ္ဂတစ် အမြင်လေးတွေရှိတယ်။အဲဒီလိုဆိုတော့ ကျွန်တော့်အတွက် ပရက်ရှာရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဒီဇာတ်လမ်းက Development လုပ်ပြီးတော့ စရိုက်ကူးဖို့ ပြင်ပြီးတော့ အခု ဆိုလို့ရှိရင် ကျွန်တော်ကြောက်တာနည်းသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရထားတဲ့ လိုကေးရှင်းတွေ ကျွန်တော်ရထားတဲ့ Talent တွေနဲ့ သွား လို့ရှိရင် ကျွန်တော်ကောင်းတာလေးတစ်ခုကို ကျွန်တော့် ခန္ဓာကိုယ်ထဲမှာရှိတဲ့Energy အကုန်လုံးနဲ့ ဖန်တီးနိုင်မယ်လို့ ယုံကြည်တယ်။ကျွန်တော့်စိတ်ကူးထဲက ‘မီ’ ကို ကျွန်တော် အတူနိုင်ဆုံး ပုံဖော်နိုင်မယ်လို့ယုံကြည်တယ်” လို့ပြောပြခဲ့ ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာဏကြီးအနေနဲ့ ပထမဦးဆုံး စတင် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့သိရပါတယ်။ ဒီဇာတ်ကားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်ရိုက်ကူးနေပြီဖြစ်ပြီး နယ်ကို လည်း သွားရောက်ရိုက်ကူးဦးမှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here