မင်းသားတစ်ယောက် ဖြစ်ဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရတယ် ဦးကျော်သူ

0
203

အကယ်ဒမီ ဦးကျော်သူက ဇာတ်ကားတွေမှာ ပါဝင်သရုပ် ဆောင်ကာ တောက်လျှောက် ရိုက်ကူး ဖြစ်နေသလို ကြော်ငြာတွေပါ ရိုက်ကူးလာပြီ ဖြစ်ပါတယ်။ အနု ပညာအလုပ်ကို ပြန်လည်လုပ်ကိုင် ဖြစ်တာနဲ့ ပတ်သက်ပြီး ကျော်သူက ”ကျွန်တော့် ပရိသတ်တွေကို ရသအပြည့်အဝပေးချင်တဲ့ ဆန္ဒရှိ တယ်။ အဲဒါနဲ့ အနုပညာအလုပ်ကို ပြန်လည်လုပ်ကိုင်လာခဲ့တယ်။ ကျွန် တော် ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ဘဘဦးသုခကို စံနမူနာတင်ပြီး ရိုက် ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက ပညာပေး ဇာတ်ကားတွေ များတယ်။ မိဘမေတ္တာသရုပ်ဖော်ဇာတ်ကား တွေ၊ ဘဝအခြေအနေပေး ဇာတ်ကား တွေရိုက်ကူးတာများတယ်။ ကျွန် တော်လည်း ကြည့်တဲ့ပရိသတ်တွေ သင်ခန်းစာရမယ့် ဇာတ်ကားမျိုးကို လုပ်ပြချင် ပါတယ်” လို့ ပြောပါတယ်။

ဦးကျော်သူက ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရုပ်ရှင် ညီ လာခံကို မတက်ရောက် ဖြစ်ပေမယ့် အကြံပေးစာ အချက် ၂ချက်ကို တင် ပြပေးလိုက်တယ်လို့ သူက ပြောပြပါ တယ်။

” ညီလာခံကိုတော့ ကျွန်တော် မတက်ဖြစ်ဘူး။ တာဝန်ကျေစွာနဲ့ပဲ အကြံပေးစာ အချက် ၂ ချက်တင် ပေးလိုက်တယ်။ အဲဒါသူတို့ ဆွေးနွေး လား၊ မဆွေးနွေးဘူးလားတော့ မသိဘူး။ အကြံပြုစာ ၂ ခုက အလွှာ ကိစ္စရယ်၊ အကယ်ဒမီ ကိစ္စရယ်ပါ့။ ဆိုလိုချင်တာက ရွေးကောက်ပွဲ လုပ်ရင် အလွှာတွေခွဲတယ်။ အလွှာ ခွဲခြင်းအားဖြင့် အုပ်စုဖွဲ့တာတွေ ဖြစ်လာတယ်။ လာဘ်ပေးလာဘ်ယူ တွေ ဖြစ်လာတယ်။ အဲဒီတော့ ရုပ် ရှင် အစည်းအရုံးဆိုတာနဲ့ မကိုက်ညီ တော့ဘူး။ ရုပ်ရှင် မစည်းမရုံး ဖြစ် လာတယ်။ အုပ်စုတွေကွဲ၊ တစ် ယောက်နဲ့ တစ်ယောက် အတင်းတွေ ပြော၊ အော်ကြ၊ ဟစ်ကြတွေ ဖြစ်ကုန် တယ်။ ဒီရုပ်ရှင် အစည်းအရုံး ဆိုတာ နဲ့ မလိုက်ဖက်တော့ဘူး။ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ အတွင်း ရေးမှူးပဲဖြစ်ဖြစ် ရုပ်ရှင်လောက သားတွေကိုယ်စားပြုမယ့် ခေါင်း ဆောင်ဖြစ်ရမယ်။ ခေါင်းဆောင် တွေဟာ ကဏ္ဍပေါင်းစုံမှာ အဆင်ပြေတဲ့ လူဖြစ်ရမယ်။ ဇာတ်ပို့ ဇာတ်ရံ အလွှာဆိုသည်မှာလည်း သူတို့ရဲ့ဘဝအခြေအနေကို နားလည် ရမယ်။ အလွှာပေါင်းစုံ စည်းလုံး ရမယ်။ အလွှာတွေ ခွဲစရာ မလိုဘူး။ နောက်တစ်ခုက အကယ်ဒမီနဲ့ ပတ် သက်ပြီးတော့လည်း အကြံပြုစာတွေ ရေးပေးခဲ့ပါတယ်”လို့ ဦးကျော်သူက ပြောခဲ့ပါတယ်။

အောင်မြင်မှုတွေ ရရှိလာတဲ့ အပေါ်မှာ အရင်ခေတ်နဲ့ အခုခေတ် အောင်မြင်မှုရအောင် ကြိုးစားတဲ့ အပိုင်းတွေမှာ ကွာခြားပုံကိုလည်း ဦးကျော်သူက…

”အောင်မြင်မှုဆိုတာ သူ့အ တိုင်းအတာနဲ့သူ ပေါ့လေ။ အနှစ်သာ ရ ရှိဖို့ အရေးကြီးတယ်။ အနှစ်သာရ ရှိဖို့ဆိုတာက ကိုယ်တွေလုပ်တဲ့ အ ချိန်တုန်းက ဒီလိုအောင်မြင်မှု ရဖို့ဆို တာ မလွယ်ဘူး။ မင်းသားတစ်လက် ထွက်လာဖို့ဆိုတာ မလွယ်ဘူး။ ဒီလို ကြော်ငြာတွေလည်း ရှိတာမဟုတ် ဘူး။ ကြော်ငြာမင်းသားတွေကို ပရိ သတ် ကောင်မလေးတွေက ချော တယ်ဆို တာမျိုးနဲ့ နာမည်ကြီးလာတာ မဟုတ်ဘူး။ မင်းသား တစ်လက်ဖြစ်ဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုး စားခဲ့ရတယ်။ ကျွန်တော်တို့ ရှေ့မှာရှိ တဲ့ ဦးညွန့်ဝင်းတို့ ဦးကျော်ဟိန်းတို့လို မင်းသားတန်းတွေ အများကြီး ရှိတဲ့ အထဲက ထိုးဖောက်ခဲ့ရတာပါ။ အခု လို မလွယ်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဦးကျော်သူက ”ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို ဒီဇင် ဘာလ ၂ဝ ရက်နေ့က စတင်ပြီးရိုက် ကူးနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here