မိုးကုတ် မြို့ မှာ ဖြတ်သန်းခဲ့တဲ့ ခရစ္စမတ်နေ့တွေကို သတိအရဆုံးပဲ ခင်လေးနွယ်

0
290

မိုးကုတ်မြို့က လီဆူတိုင်းရင်းသူ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တဲ့ အနုပညာရှင်သရုပ်ဆောင်ခင်လေးနွယ်က သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ မိုးကုတ် မြို့မှာ ငယ်စဉ်ကဖြတ်သန်းခဲ့တဲ့ ခရစ္စမတ်နေ့တွေကို အခုအချိန်မှာ ပြန်ပြီး သတိရလွမ်းဆွတ်မိတယ်လို့ ဆိုပါတယ်။

“ကိုယ်က မိုးကုတ်မှာမွေးတာဆိုတော့ ခရစ္စမတ်ဆိုရင် မိုးကုတ်မှာ ငယ်ငယ်တုန်းကဖြတ်သန်းခဲ့တဲ့အချိန်တွေကို သတိရတယ်။ သူငယ်ချင်းတွေနဲ့ အတူ တစ်အိမ်တက်ဆင်း သီချင်းတွေလိုက်ဆိုကြတယ်။ မုန့်တွေအတူစားတယ်။ တအားပျော်စရာကောင်းတယ်။ မိုးကုတ်ကရာသီဥတုက အေးအေးချမ်းချမ်းလေး နဲ့ အရမ်းလဲနေလို့ကောင်းတယ်။ ခရစ္စမတ်ဆိုရင် အမှတ်တရတွေက အများ ကြီးပဲ။ နှစ်တိုင်းမိုးကုတ် ပြန်ဖြစ်တယ်။ ရန်ကုန်မှာတော့ ဆိုင်အလုပ်လည်းရှိသေး တော့ carol singing တွေ လိုက်မဆိုဖြစ်ဘူး။ အစ်မတို့သွားတဲ့ ခ့ကမခ့ ကျောင်းကတော့ သီချင်းတွေလိုက်ဆိုကြတယ်။ လူတွေအများကြီးနဲ့ပျော်ဖို့ အလွန်ကောင်းပါတယ်။

ခရစ္စမတ်နေ့မရောက်ခင်ကတည်းက အပျော်တွေနဲ့အတူ ကြိုတင် ရင်ခုန်နေတဲ့ ခင်လေးနွယ်က…

“ခရစ္စမတ်ကာလရောက်တော့မယ်ဆိုရင် ပျော်နေတော့တာပဲ။ ဒီဇင်ဘာလစကရောက်ကတည်းက ကြိုပျော်နေတာ။ အစ်မတို့ခရစ်ယာန်ဘာသာအရဆိုရင် ခရစ္စမတ်ဆိုတာ နေ့ထူးနေ့မြတ်နေ့ လေးတစ်နေ့ပါ။ ဒီနေ့လေးက အရမ်းကိုအေးချမ်းတယ်။ အခုဆို ရန်ကုန်ရာသီ ဥတုလေးကလည်းအေးချမ်းနေတာပဲ။ ပရိသတ်တွေအားလုံးလည်း ခရစ္စ မတ်နေ့လေးမှာ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေ’လို့ပြောပါတယ်။ ခင်လေးနွယ်က ဒီနှစ်ခရစ္စမတ်ကိုတော့ သူငယ်ချင်း မိတ်ဆွေ တွေနဲ့အတူ ဘုရားကျောင်း
သွားမှာဖြစ်ပြီး ရန်ကုန်မှာပဲ ဖြတ်သန်းဖြစ်မယ်လို့ဆိုပါတယ်။

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here