မတ်စောက်သောနေရာမှ နိမ့်လျှော ခုံးအဆင်းသို့ ရောက်လာသည်။ ခုံးလျှောအဆင်းသည် မတ်စောက် သောနေရာမှ ပြေပြေကလေးလျှော ဆင်းသွားသည်။ အဆင်းလမ်းသည် ကိုက် ၂ဝဝ ခန့်ရှိမည်။ ဆိုက်ကား ဆရာသည် ယခုမှပင် အသက်ကိုဝဝ ရှူနိုင်တော့သည်။ သူ့ဆိုက်ကားပေါ် မှာ ခပ်ဝဝမိန်းမကြီးနှင့် ပိန်ပိန်သေး သေး ကောင်မလေးပါသည်။ ခပ်ဝဝ မိန်းမကြီးက ငြိမ်သက်စွာပင်လိုက် ပါလာသည်။ သူ့နောက်ကျောဘက် မှာ ပိန်ပိန်သေးသေးကောင်မလေးက ခရီးဆောင်အိတ်ကြီးကို ပိုက်ကာ လိုက်ပါလာသည်။ ဆိုက်ကားဆရာ သည် ဘဲလ်သံကို တလွင်လွင် မြည် အောင်တီးလိုက်သည်။ သူ့ ခြေ ထောက်များက အားစိုက်နင်းရန် မလိုသော ဖရီး(FREE) အနေအ ထားမှာရှိနေသည်။ ဆိုက်ကားသည် ခုံးအလျှောအဆင်းအတိုင်း ညင်ညင် သာသာ လိမ့်လိမ့်ဆင်းလာသည်။ ဆိုက်ကားဆရာသည် ဘရိတ်ကိုဖွဖွကိုင် ကာ လက်ကိုင်ကို အလိုက်သင့်ပင် ထိန်းလျက်လိမ့်ဆင်းနေသော ဆိုက် ကားအပေါ်မှာ ကမ္ဘာမြေကြီး၌ ဆွဲငင် အားရှိသည်ဟုဆိုကြသည်။ များသော အားဖြင့် ကျွန်ုပ်တို့သည် ထိုအချက်ကို အမြဲတစေ သတိမူမိခြင်းမရှိကြပေ။ ကျွန်ုပ်တို့လက်ထဲမှ ဖန်ခွက်တစ်ခု လွတ်ကျသွားလျှင် မြေကြီးထက်၌’ချွမ်’ ခနဲကျကွဲသွားနိုင်သည်။ ယင်းမှာ ဖန် ခွက်အပေါ်သို့ ကမ္ဘာမြေ၏ဆွဲငင် အား သက်ရောက်ခြင်းကြောင့် ဖြစ် နိုင်သည်။
အာကာသမှ ပြန်လာသော ယာဉ်မှူးများသည် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့၏ နေ့စဉ်အသုံးအဆောင်များ ကို ယောင်၍ လွှတ်ချတတ်ကြသည် ဟုဆိုသည်။ သူတို့သည် အာကာသထဲ ၌ နေ့ရက်များစွာ နေထိုင်ခဲ့ကြရာမှ ထိုသို့ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ အာကာသယာဉ်မှူး သည် မိမိလက်ထဲမှ အရာဝတ္ထုတစ် ခုကို လွှတ်ချလိုက်ပါက အောက်သို့ ကျမသွားဘဲ သည်အတိုင်း အနီးမှာ ပင် ပေါလောတည်ရှိနေသည်။
ဆိုက်ကားဆရာသည် ခပ်ဝဝ မိန်းမကြီးကို တစ်ချက်ငဲ့ကြည့်လိုက် သည်။ သူသည် ခွန်အားကိုသုံး၍ ရုန်းကာ သည်ခုံးဆင်းထိပ်သို့ ရောက်အောင် နင်းလာခဲ့ရသည်။ ယခုမူ ခုံးလျှောအဆင်းအတိုင်း ဆိုက်ကားသည် အရှိန်မှန်မှန်နှင့် ရွေ့လျားလာနေသည်။ ကမ္ဘာမြေ ကြီး၏ ဆွဲငင်အားကြောင့်ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် သို့မဟုတ် ဘီး၏ သဘောတရား ကြောင့်လည်းဖြစ်နိုင် ပါသည်။ ‘ပျဉ်းမပင်လမ်း၊ ခြံအမှတ် (၃)နော်”ခပ်ဝဝမိန်းမကြီးသည် ဆိုက်ကားဆရာကို သတိပေးသလို လှမ်းပြောလိုက်သည်။ ”မှတ်မိပါတယ် အစ်မကြီး။ ကျွန်တော် အဲဒီလမ်းပိုင်း ကိုလိုက်ပို့နေကျပါ။” ပိန်ပိန်သေးသေး ကောင်မလေးသည် ခရီးဆောင် အိတ်ကြီးကို ပိုက်လျက်လမ်းတစ် လျှောက်ကြည့်ကာ လိုက်ပါလာသည်။ ခုံးလျှောအဆင်းသည် ပြေပြေကလေး နှင့် မြေညီလမ်းပေါ်သို့ ရောက်သွား သည်။ ဆိုက်ကားဆရာက ဘဲလ်သံကို တလွင်လွင်တီးလိုက်ပြန်သည်။ ရှေ့တွင် အထမ်းကြီးနှင့် လူတစ် ယောက် လမ်းကိုဖြတ်ကူးသွားသည်။ ဆိုက်ကားဆရာသည် သူ့ခန္ဓာကိုယ်ကို အားစိုက်ကာ ဆိုက်ကားကိုနင်းနေ ပြန်သည်။ ”ဟိုရှေ့မှာဆိုရင် ပျဉ်းမ ပင်လမ်းကိုရောက်ပါပြီ။” သစ်ပင် အုပ်အုပ်ကို မြင်ရသည်။ ဓာတ်တိုင်မှ ဓာတ်ကြိုးများသည် အဝေးသို့ သွယ် တန်းသွားသည်။ ပျဉ်းမပင်ကြီး တစ် ပင်ပေါ်မှာ ကျီးကန်းတွေက တအား အား .. .။
နေမျိုး