ဖြူဖြူကျော်သိန်းက ဒီနှစ်ခရစ္စမတ်နေ့မှာတော့ သီချင်းဆိုရင်းဖြတ်သန်းမှာ ဖြစ်ပါ တယ်။ အဆိုတော်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ပရိသတ်တွေနဲ့အတူ သီချင်းတွေသီဆို ရင်းဖြတ်သန်းခဲ့ရတာတွေပဲများပြီး ငယ်စဉ်ကတော့ ခရစ္စမတ်အမှတ်တရတွေရှိခဲ့ တယ်လို့ သူကဆိုပါတယ်။ ခရစ်စမတ်နဲ့ ပတ်သက်ပြီးလည်း ဖြူဖြူကျော် သိန်းက…
“ဒီလို အချိန်အခါမှာ ဆိုရင် ခရစ်ယာန်တွေက ပျော်ပွဲရွှင်ပွဲ လုပ် ကြတယ်ဆိုတဲ့ အခါမှာ ဒီပျော်ဖို့ရွှင်ဖို့ဆိုတာထက် နောက်ကွယ်က အဓိကအကြောင်းရင်းက ဘာ အတွက်လုပ်တာလဲဆိုရင် ကယ်တယ်ရှင်ကို ကြို ဆိုတာ၊ ကျေးဇူးတင်ခြင်း ဝမ်းမြောက်ခြင်းနဲ့ ကြိုဆိုတာဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ့်အနီးအနား မှာရှိကြတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေကို မုန့် တွေကျွေးတယ်။ လက်ဆောင်လေးတွေပေးတယ်။ ပျော်ရွှင်မှုတွေကို မျှဝေတယ်ဆိုတဲ့ အထိမ်းအမှတ်ပေါ့” လို့ ပြောပါတယ်။ မကြာခင်ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ နိုင်ငံကို အလည်အပတ်အနေနဲ့ ရောက်ရှိလာခဲ့တဲ့အတွက် ဒီနှစ် ခရစ္စမတ်ကပိုပြီးအနှစ်သာရရှိစေမလားလို့ ဖြူဖြူကျော်သိန်းကို ဆက်မေးတဲ့အခါ …
“ဖြူဖြူတို့နိုင်ငံအတွက် တော်တော်လေးထူးခြားပြောင်းလဲတဲ့ နှစ်လို့ပြောရပါမယ်။ ဘာလို့လဲဆိုတော့ဒီလိုမျိုးအထင်ကရ ဘာသာ ရေးဆိုင်ရာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကနေလာသွားခဲ့တယ်။ ဖြူဖြူကတော့ နှစ်ခြင်း ခရစ်ယာန်ပါ။ ကက်သလစ်ဘာသာဝင်တော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဒါကခရစ်ယာန်ဂိုဏ်းပဲပေါ့နော်။ အဲဒီ့အတွက် ဖြူဖြူ တို့ ခရစ်ယာန်တွေအတွက်မှ မဟုတ်ဘူး။ ဖြူဖြူတို့နိုင်ငံရဲ့ သမိုင်း အတွက်ကို ထူးခြားတဲ့ဖြစ်စဉ်ပြောင်းလဲမှုတစ်ခုလို့မြင်ပါတယ်။ နောက် တစ်ခါ ဖြူဖြူတို့နိုင်ငံအတွက်ဆိုရင် ပထမဆုံး စပြီးတော့ကျင်းပမယ့် လူတန်းစားအားလုံးပါဝင်လို့ရမယ့် Christmas Festival ဆိုတာကို နိုင်ငံရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကပြီး တော့ ခွင့်ပြုပြီးတော့ ပေးလုပ်တယ် ဆိုတဲ့အနေအထားပေါ့နော်။ ဒါလေးတွေကလည်း ထူးခြားတဲ့ အပြောင်း အလဲလေးတွေပါ။ ဒါကဘာကိုပြလဲဆိုရင် ဖြူဖြူတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးမှာ တစ်ကမ္ဘာလုံးကသိခဲ့ကြတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဘာသာပေါင်းစုံ ယဉ်ကျေးစွာ၊ လေးစွားစွာအတူယှဉ်တွဲနေထိုင်ပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်သည်းခံနိုင်စွမ်းအတူ ယှဉ်တွဲနေနိုင်စွမ်းရှိတယ်ဆိုတာကို ပြတဲ့ပြယုဂ်တစ်ခုလည်း ဖြစ်တယ်လို့ဖြူဖြူကတော့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
လင်းအက္ခရာ
ဓာတ်ပုံ – ဇော်ဝင်းအောင်