မင်းရွယ်လိုက်တဲ့ ဓားတစ်ချက်မှာ
ကိုယ်ခန္ဓာ အပိုင်းပိုင်းပျက်
အနေခက်လည်း ကျေနပ်နေသူပါ။
ဘဝတစ်ခုလုံး နှင်းအပ်
အပင်ခြေမှာလည်း
အတက်ထွက်ဖို့ ကျန်သေးတယ်။
ရေလောင်းပေါင်းသင်
မင်းပြုပြင် ဂရုစိုက်သမျှ
ပြန်ပေးရမယ့် ငါ့တာဝန်
ဘယ်တော့မှ အချိန်မလွန်စေရဘူး။
အရိုးထဲက အရည်ကိုညှစ်
အမှုန်တွေစစ်ပြီးမှ
မင်း သောက်ပါ။
နိုင် (တိမ်းရင်း)