လျှောက်နေတဲ့ လမ်းကို စောင်းသွားတာနဲ့ ပြန်တည့်ပေးနိုင်မယ့် အချစ် ကျွန်တော့်မှာ ရှိတယ် ရွှေထူး

0
116

အသက် ၂၄နှစ်၊ ၂၅နှစ်အရွယ် ကာလဆိုတာ ဆယ်ကျော်သက်ကလေးတွေလို အချစ်ကို ရူးရူးမူးမူး ကိုး ကွယ်တဲ့ အရွယ်မဟုတ်တော့ဘူး။ ဘဝအတွက် အင်အားအပြည့် ကြိုးစားရုန်းကန်နေရတဲ့အချိန်၊ လူလတ်ပိုင်း အရွယ်ကာလတစ်ခု။ ရွှေထူးတို့လိုမျိုး နာမည်ကျော် အဆိုတော်၊ အလုပ်တွေများနေတဲ့ အနုပ ညာရှင်တစ်ယောက် ဆိုရင်ပိုဆိုးပါတယ်။ အချစ်ကို သူဘယ်လို နားလည်လက်ခံထားပါသလဲ။ ဆယ်ကျော်သက်တုန်းကလို အချစ်ကို ကိုးကွယ်နေတုန်းပဲလား။ အဲဒီအ ကြောင်းမေးဖြစ်တော့….

”ငယ်ငယ်တုန်းကတော့ အချစ် နဲ့ပဲ ထမင်းစားမယ်။ အချစ်နဲ့ပဲရေသောက်မယ်ပေါ့။(ရယ်လျက်) အခုကျတော့ အချစ်က လိုတော့ လိုအပ်တယ်။ ဒါပေမဲ့ အချစ်က ဘယ်လိုလိုအပ်သလဲဆိုရင် ကိုယ်လျှောက်နေတဲ့လမ်းက လွဲသွားမယ် ကြံလိုက်လို့ရှိရင် အဲဒီအချစ်က ပြန်တည့်ပေးနိုင်တဲ့ အချစ်မျိုးကို ရွေးချယ်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ချစ်ပြီးတော့ ကျွန်တော်မခံစားစေချင်တော့ဘူး။ အဲဒီလိုမျိုးဆိုတော့ ကျွန်တော်လျှောက်နေတဲ့လမ်းကို စောင်းသွား တာနဲ့ ပြန်တည့်ပေးနိုင်မယ့်အချစ် ကျွန်တော့်မှာရှိ တယ်။ အဲဒီအတွက် ကျွန်တော် တအားအဆင်ပြေတယ်။ ကျွန်တော့်အတွက်ကတော့ ပြန်တည့် ပေးနိုင်မယ့်အချစ်က ပိုပြီးအဆင် ပြေလိမ့်မယ်လို့ထင်ပါတယ်” လို့ ရွှေထူးကပြောပါတယ်။

သူငယ်ချင်းဖြစ်သူ X-Box ကတော့ အင်္ကျီနဲ့ ဦးထုပ်အနေနဲ့ရောထွက်ပြီ။ ရွှေထူးအနေ နဲ့ရောကိုယ်ပိုင်Brand ကုန်ပစ္စည်းထုတ်ဖို့ ရှိမလားလို့ဆိုတော့….

”ကျွန်တော်က ဒီလထဲမှာပဲ လုပ်ဖို့ရှိပါတယ်။ ကျွန်တော်လုပ်တာတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော့် သူငယ်ချင်းလုပ်တာကို ကျွန်တော်က ရှယ်ယာပေါ့နော်။ ငါလည်း ပါမယ်ဆို ပြီးတော့ပေါ့။ သူကလည်း ကျွန်တော့် ကို အစောကြီး ကတည်းက ကမ်းလှမ်းထား တာပေါ့နော်။ မင်းဝါသနာပါလားဆိုပြီးတော့ပေါ့။ ကျွန်တော်နဲ့ တွဲလုပ်မယ့်သူ ကိုတော့ မကြာခင်မှာပဲ ပြောပြပေးသွားမှာပါ။Brand ပဲကျွန်တော်တို့လုပ်မှာပါဗျ” လို့ပြောပါတယ်။ နိုင်ငံခြားမှာ ဆိုရင်တော့ အဆိုတော်တွေက ကိုယ်ပိုင် Brand ထုတ်တာမျိုးတွေလည်းရှိတယ်။ သို့သော်ဒီမှာက အနုပညာရှင်တွေ ကိုယ်ပိုင် Brand ထုတ်ပြီဆိုရင်  Negative ဘက်ကနေပြောကြမယ့် သူတွေရှိတယ်နော် လို့ဆိုတော့…”ကျွန်တော့်မှာလည်း အဲဒီ ဖီလင်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ထုတ်တဲ့ Brand ကိုယ့်ဘာသာ ကိုယ်ဝတ်ရတယ်ဆိုတဲ့ ဖီးလ်လေး တစ် ခုပေါ့။ ငယ်ငယ်လေးကတည်းက လည်းရှိတယ်။ နိုင်ငံခြားက Rapper  တွေလည်း ဒီအတိုင်းပဲလုပ်နေကြတာဆိုတော့လေ။ ကျွန်တော်ကတော့ ကိုယ်ဝတ်ချင်လို့ ထုတ်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ ပရိသတ်တွေကလည်းကျွန်တော်တို့ဝတ်ထားတာ ကြိုက်လို့ရှိရင် သူတို့လည်းလိုက်ပြီးတော့ ဝတ်ဆင်ကြမှာပဲလေ။ အဲဒီလိုအားပေးစေချင်တယ်ပေါ့” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here