ပြင်ဦးလွင်မြို့နယ်ရှိ ဝှက်ကားသုံးဆင့်ရေတံခွန်အပန်းဖြေ ဆင်စခန်းဖွင့်လှစ်မည်

0
226

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့ နယ် ဝှက်ကား-ဒီးဒုတ် အဆိုပြု ကြိုးဝိုင်းအတွင်းရှိ ဝှက်ကား သုံးဆင့် ရေတံခွန်အပန်းဖြေ ဆင်စခန်းကို ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသ ကြီး)မှ သိရသည်။

”အခုဖွင့်လှစ်မဲ့ ဆင်စခန်းမှာ ဆင်ခြောက်ကောင်ရှိပါတယ်။ အသက် ၂ဝ နှစ်အောက် ၅ကောင်၊ အသက် ၅၅နှစ်အထက်က ၁ ကောင် ပါ။ စဉ်ကူးမြို့  နယ်မာလဲ ဆင်စခန်း က ဆင်များကိုပြောင်းရွှေ့ထားမှာ ဖြစ်ပါတယ်။ ဆင်စခန်းရဲ့ ဧရိယာ အကျယ် အဝန်းကို ၇၄ ဧက သတ် မှတ်ပေးဖို့ စီစဉ်ထားပါတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ် ဖို့ စီစဉ်နေပါတယ်”ဟု ယင်း ဆင်စခန်းတာဝန်ခံက ပြောသည်။

အဆိုပါဆင်စခန်းသည် မန္တ လေးမြို့နှင့် ၂၇ မိုင်အကွာ၌ရှိပြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ချော-ရဲရွာကားလမ်းမှ ၉မိုင်ကျော်အကွာ သုံး ဆင့် ရေတံခွန်အနီး တည်ရှိပြီး မြန်မာနိုင်ငံတွင် ၁၁ ခုမြောက် ဆင်စခန်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here