အောင်ရဲလင်းရဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်

0
400

သရုပ်ဆောင် အောင်ရဲလင်းကတော့ အခုချိန်မှာ အချစ်ရေးကတော့ အေးဆေးဖြစ်နေပြီး အိမ်ထောင်ပြုဖို့ အစီစဉ်လည်း သူ့မှာမရှိသေးကြောင်းဆို ပါတယ်။

“အိမ်ထောင်ပြုဖို့အစီအစဉ် မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိဘူးပေါ့နော်။ ဒါကလည်း ကံတရားပါပဲ။ ဖူးစာပါလာရင်တော့ ကိုယ်လိုချင်တဲ့အချိန်ပဲဖြစ်ဖြစ်၊ မလိုချင်တဲ့ အချိန်ပဲဖြစ်ဖြစ် အိမ်ထောင်က ပြုရမှာပဲဆိုတော့ ကျွန်တော့်အနေနဲ့ အခုလောလောဆယ်တော့ အိမ်ထောင် ပြုဖို့ အစီအစဉ်မရှိသေးဘူး”လို့ ပြောပါတယ်။

သူ့ အိမ်ထောင်ဖက်အဖြစ် သူ့စိတ်ထဲ ရွေးချယ်ချင်တဲ့ မိန်းကလေး မျိုးကတော့….

“ကျွန်တော့်အနေနဲ့ကတော့ အဓိက ကတော့ တစ်ချက်ပဲပေါ့နော်။ကျွန်တော် ကိုယ်တိုင်လည်း ချစ်ရမယ်။ ကျွန်တော့် ကိုလည်း သူကပြန်ပြီး ချစ်ရမယ်။ ဆင်းရဲချမ်းသာ အရေးမကြီးပါဘူး။ အဓိက က အဲဒါပါပဲ။ ဘယ်အရာမှတော့ တရားသေပြောလို့ မရဘူးဆိုတော့ ကျွန်တော် ကိုယ်တိုင် လည်း အဲဒါကို မသိဘူး။ ကျွန်တော်နဲ့ ဖူးစာ ဆုံပြီး အိမ် ထောင်ပြုရ မယ့် သူက ရှိကို ရှိပြီး သားလေ။ လောလော ဆယ်မှာ ဘယ်သူ ဖြစ်မလဲဆို တာသာ မသိ သေးတာဆိုတော့ ကျွန်တော့်အနေနဲ့ ကံသေကံမတော့ ပြော မထားချင်ဘူး။ အခု တော့ လက်ရှိ အချစ်ရေး ကလည်း အေးဆေးပါပဲ” လို့ အောင်ရဲလင်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here