မင်းသားတွေ လူရွှင်တော်လုပ်တဲ့အပေါ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ အမြင်

0
443

တော်ဝင်ဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် ကပြဖျော်ဖြေမယ့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ မင်းသားငါးဦးတို့ ရဲ့ တော်ဝင်နှစ်သစ်နှင်းဆီ အငြိမ့်ပွဲကို ဒီဇင်ဘာ ၃ဝရက်နေ့ ည ၇ နာရီခွဲမှာ တော်ဝင်ဂါးဒင်းဟိုတယ်ရဲ့ တော်ဝင် Grand Ballroom သသာ အသစ်ကြီးမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မင်းသားတွေအနေနဲ့ လူရွှင်တော်အဖြစ် ဖျော်ဖြေတဲ့အတွက် အားပေးကြသူရှိသလို ဝေဖန်မှုတွေလည်း ရှိကြတဲ့အပေါ် ဒါရိုက်တာ မောင်မျိုးမင်းက….

”ဦးမျိုးတို့က အလှူအတွက် ကကြတာပါ။ ဒီ့ထက်ကြီးကျယ်တဲ့ အလှူပွဲတွေလည်း ကဖို့ရှိပါတယ်။ ဦးမျိုးတို့က ရတဲ့ပိုက်ဆံကို ဦးမျိုးတို့ ယူပြီး စားသုံးပစ်တယ်ဆို သူတို့ပြောတာဖြစ်နိုင်တယ်။ ဦးမျိုးတို့ အသက်မွေးဝမ်းကျောင်းက သပ်သပ်ရှိတယ်လေ။ ဒါကို အလှူဒါနအတွက် သပ်သပ်ကတာ။ အခုလို ရခိုင်အရေးအခင်းတွေဖြစ်တယ်ဆိုရင် အဲဒီရခိုင် အရေးအတွက်ပေါ့။ ကျန်းမာရေးအတွက် လိုအပ်တယ်ဆိုရင် ကျန်းမာရေးအတွက်ပေါ့။ ပညာရေးအတွက် လိုအပ်လည်း ပညာရေးအတွက် ကနေကျ။ အဲဒီလို ကနေကျအချိန်မှာ ဦးမျိုးတို့ကို ဒီလိုပြောဆိုတဲ့အတွက် ပြဿနာတော့မရှိပါဘူး။ မင်းသားတွေ လူရွှင်တော်လုပ်တယ်ဆိုတာ အဲဒီမင်းသားတွေလုပ်တာ မရယ်ရရင် ပရိသတ်က အားမပေးပါဘူး။ ပရိသတ်ရင်ထဲ မှာ ကြိုက်စရာတစ်ခုခုရှိလို့သာ အားပေးကြတာပါ။ ဝေဖန်တာတွေအတွက် ဘာမှထိခိုက်တုန်လှုပ်တာမရှိပါဘူး။ ကိုယ့် စေတနာကိုယ်သန့်ပါတယ်။ အခုကတော့ ရခိုင်ခြံစည်းရိုးကာတဲ့ဟာမျိုးကို သွားလှူဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

P-060 ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here