ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဖြိုးလေးရဲ့ အချစ်ရေး

0
197

Genius Clothing ဆိုင် ၄ နှစ်ပြည့် အထိမ်းအမှတ်ရှိုးပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဒီနှစ်မှာလည်း ဟစ်ဟော့ပ်အဆိုတော် ဖြိုးလေး (Snare) က အစဉ်အလာမပျက် ကျင်းပခဲ့ပြန်ပါတယ်။ ဖက်ရှင်တွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေကိုကြည့်ရတာ အထာကျပါတယ်လို့ဆိုတဲ့ ဖြိုးလေးက

”ကျွန်တော်ကတော့ နှစ်စဉ်နှစ်တိုင်းလုပ်နေကျပေါ့နော်။Free Show နဲ့ Discount ချထားတဲ့ပွဲပေါ့။ ကျွန်တော် နှစ်စဉ်နှစ်တိုင်း တောက်လျှောက်လုပ်နေတာ။ ဒီနှစ်နဲ့ဆို ၄နှစ်ရှိပြီ။ နောက်နှစ် ၅နှစ်ပြည့် မှာလည်း လုပ်မှာပါ။ ကျွန်တော့်ကို ကူညီပြီးတော့ သီဆိုပေးကြတဲ့ သူငယ်ချင်းတွေလည်း အများကြီးပါပဲ” လို့ပြောပါတယ်။

ဖြိုးလေးတို့ Snare အဖွဲ့ရဲ့ တတိယအခွေကလည်း ထွက်မယ်၊ ထွက်မယ်နဲ့ မထွက်ဖြစ်သေးဘူးနော် လို့ဆိုတော့

”ကျွန်တော်တို့ အခွေမထွက်ခင် သီချင်းအသစ် ၂ပုဒ်တင်ဖို့ရှိပါတယ်” လို့ သိရပါတယ်။ ဖြိုးလေးကို တွေ့တဲ့ အခါတိုင်း အမြဲမေးနေကျက သူ့ချစ်သူဝါဆိုမိုးဦးအကြောင်းကိုပါ။ ဒီတစ်ခါမှာလည်း ဖြိုးလေးက… ”ကျွန်တော်တို့ ၂နှစ်တော့ ကျော်သွားပြီဗျ။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ပေါ့။ အေးဆေးပါပဲဗျ။ အဆင်ပြေပါတယ်” လို့ဆိုပြီး ဝါဆို့ကို ဘယ်အရာလေး တွေကြောင့် သဘော ကျမိသွားတာလဲလို့ဆိုတော့….”သူကကောင်းပါတယ်။ ပွင့် ပွင့်လင်းလင်းနဲ့။ သဘောကျ တာကတော့ အကုန်လုံးပဲ။ ပြောရင်ကုန်မှာမဟုတ်ဘူး။ အလဲ့၊ ချုပ်တာ (ရယ်လျက်)” လို့ ဖြိုးလေးက ပြောပါ တယ်။ Anniversary တွေမှာ အပြန်အလှန်လက်ဆောင်လေးတွေပေး ဖြစ်တယ်နော်။ သူမဆီက ဘယ်လက်ဆောင်ကို အကြိုက်ဆုံးလဲ လို့ဆိုတော့…… ”ကျွန်တော်က ဖိနပ်ကြိုက်တာကိုး။ ကျွန်တော်က ဖိနပ်ကြိုက်တော့ သူကျွန်တော့်ကို Anniversary တိုင်း ကျွန်တော်ကြိုက်တဲ့ဖိနပ်တွေခိုးမှာပြီးတော့ Suprise လုပ်ပေးတယ်။ ပျော်ပါတယ်” လို့ သိရပါ တယ်။ ၂ဝ၁၈ခုနှစ်အတွက် ဖြိုးလေးရဲ့ လှုပ်ရှားမှုတွေအကြောင်း ကိုမေးတော့…..

”၂ဝ၁၈ခုနှစ်မှာကတော့ Snare အနေနဲ့က အခွေသစ်ထွက် မယ်။ သေချာတယ်။ တစ်လပိုင်း၊ နှစ်လပိုင်း တစ်ခုခုပေါ့နော်။ ပြီးရင် စီးပွားရေးအနေနဲ့ကတော Gold Culture အနေနဲ့ကအခု The King is Back ဆိုပြီးတော့ အသစ်တွေထွက်မယ်။ လောလောဆယ် ဒီဇိုင်း ၃ မျိုးထုတ်ဖို့ရှိမယ်။ Cloud 9 ကလည်း အသစ်တွေထွက်ရှိပါမယ်။ ပိုပြီးတော့အားစိုက်ပြီးလည်း လုပ်ဖြစ်နေပါတယ်။ သီချင်းကတော့ အဓိကပေါ့။ သီချင်းခွေကတော့တကယ် ထွက်မှာပါ။ အခွေထဲမှာ အဓိကက Snare စတိုင်တွေများပါတယ်။ ဒီဘက်ခေတ် စတိုင်လေးတွေလည်းပါတယ်။ ဘဝအကြောင်းတွေလည်းပါတယ်။ ပိုက်ဆံအကြောင်းတွေလည်းပါတယ်။ မျှပြီး လုပ်ထားပါတယ်” လို့ပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here