အနုပညာ အလုပ် မလုပ်တော့ပေမယ့် ပွဲတက်တဲ့အခါ လှပဖို့အတွက် ဝိတ်ပြန်ချတော့မယ့် သဉ္ဇာနွယ်ဝင်း

0
134

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သားဦးလေး ကိုယ်ဝန်ဆောင်စဉ်က ကလေးကျန်းမာရေးကောင်းမွန်စေဖို့ ကလေး၊ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့၊ ဥာဏ်ကောင်းစေဖို့တို့အတွက် ကိုယ်ဝန်ဆောင်နို့မှုန့်များ သောက်သုံးခဲ့ သလို အဆီအစိမ့် အစားအစာများ စားခဲ့ရတဲ့အတွက် ခန္ဓာကိုယ်က တအားဝလာခဲ့ပါတယ်။အခုဆိုရင်သဉ္ဇာနွယ်ဝင်းရဲ့ ပေါင် အလေးချိန်က ၁၁၅ ပေါင်ထိရှိနေတာဖြစ်ပါတယ်။သူ့အနေနဲ့အနုပညာမလုပ်တော့ဘူးဆိုပေမယ့် အခမ်းအနား ပွဲများတက်တဲ့အခါမှာ လှပနေစေဖို့အတွက် ဝိတ်ချတော့မှာဖြစ်ကြောင်းကို သဉ္ဇာနွယ်ဝင်းက …

“ပရိသတ်တွေက တအားဝလာတယ်။ ဝိတ်ပြန်မကျမှာစိုးတဲ့အခါကျတော့သဉ္ဇာ့ခင်ပွန်းကိုမေးတယ်။ တကယ်ဝလာ တာလားလို့မေးတော့ ဘာမှမဖြစ်ဘူးလှတယ်တဲ့။ အဲဒီအခါကျတော့ သဉ္ဇာကအားရှိသွားပြီး သားလေးအတွက်ဆိုပြီး စားတော့တာပဲ။အခုကျတော့ ကလေးကတစ်လလောက်ရှိသွားပြီဆိုတော့ ဝိတ်တော့နည်းနည်းကျသွားပြီ။သဉ္ဇာက ဝိတ်ချရတာမြန်ပါတယ်။အခုဆိုရင်အခန်းထဲမှာလည်း လမ်းလျှောက်တော့ ဝိတ်နည်းနည်းကျသွားတယ်ထင်တယ်။သဉ္ဇာက ဝတာမကြိုက်ဘူး။ ဝရင်သဉ္ဇာ့မျက်နှာကဖောင်းလာတယ်။ ဓာတ်ပုံရိုက်ရင်လည်းမလှဘူး။ ကိုယ်အနုပညာ မလုပ်တော့ဘူးဆိ ပေမယ့်လည်း တစ်ခါတလေကျ ပွဲအခမ်းအနားတွေတက်တဲ့ အခါကျရင် တော့ လှလှလေးတက်ချင်တယ်ပေါ့နော်။ ဝိတ်ကတော့ချမှာပါ။ အပျိုတုန်းကအတိုင်း ပဲချမယ်။ အပျိုတုန်းကတော့ပေါင် ၉ဝ ပဲရှိတယ်။ အခုတော့ ၁၁၅ပေါင် ရှိနေ တယ်။ကလေးနို့ဖြတ်ပြီးသွားရင်တော့ ပေါင် ၁ဝဝ လောက်ထိဖြစ် အောင်တော့ပြန်ချမယ်” လို့ပြောပြပါတယ်။ပွဲလမ်းသဘင်တို့ကို တက်ရောက်တဲ့အခါမှာ လှပနေဖို့အတွက် ဝိတ်ချ မယ်ဆိုပေမယ့်လည်း အခုချိန်မှာ အလှအပနဲ့ပတ်သက်ပြီး စိတ်ခံစားချက်ပြောင်းလဲမှုများ ရှိကြောင်း ကို သဉ္ဇာနွယ်ဝင်းက…

“အမှန်တိုင်းပြောရင် အလှအပက ကိုယ်ကိုယ်တိုင် ကြိုက်လို့ သာ လုပ်နေတာ။ ဒါပေမဲ့လည်း အလှအပကို ကြိုက်တယ်ဆိုပေမယ့်လည်း အပျိုတုန်းက အချိန်ထက်စာရင်တော့ အများကြီးလျော့သွားပါတယ်။ဘာလို့လဲဆိုတော့ အခုတချို့ အင်္ကျီလေးတွေတအားလှတယ်။ ကိုယ်ဝတ်ချင် ပေမယ့် ကိုယ်ဝတ်လိုက်ရင် ကလက်တက်တက်များ ဖြစ်သွားမလားဆိုပြီးတော့ မဝတ်တော့တာတွေ ရှိလာတယ်။အဲဒီလိုဆိုတော့ အိမ်ထောင်သည် သဉ္ဇာ့အနေနဲ့ အလှ အပကိုကြိုက်တယ်။ဒါပေမဲ့ အပျိုတုန်းကလောက် တော့ မဟုတ် တော့ဘူးပေါ့နော်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုပြောင်းလဲ မှုများ အပြင်စိတ်ခံစားချက်ပြောင်းလဲမှုများလည်း ရှိလာပြီးလူတွေ အပေါ် မြင်တဲ့အမြင်တွေကလည်း ပိုမိုကျယ်ပြန့်လာခဲ့တယ်လို့ သဉ္ဇာ နွယ် ဝင်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here