ချစ်စနိုးဦး ဘယ်အချိန် အိမ်ထောင်ပြုတော့မလဲ

0
234

ပရိသတ်တွေသိပြီးဖြစ်တဲ့ ချစ်စနိုးဦးတို့ ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးဖြတ်သန်းနေ တယ်လို့သိရပါတယ်။ ချစ်စနိုးဦးကိုယ်တိုင်ကတော့ ပရိသတ်တွေရဲ့အချစ်ကို ခံယူချင်သေးတဲ့အတွက် အိမ်ထောင်ပြုဖို့ကို အချိန်က အတိအကျမရည်ရွယ်ထားသေးဘူးလို့ဆိုပါတယ်။ ချစ်စနိုးဦးက…

“အစ်မတို့ အနုပညာသမားတော်တော် များများက အိမ်ထောင်ပြုတာ နောက်ကျလေ့ရှိတယ်။ တချို့ဆို ၃၅ နှစ် ဝန်းကျင်လောက်မှ အိမ်ထောင်ပြုကြတာမျိုးရှိတယ်။ အစ်မတို့တွေက ပရိသတ်အများကြီးရဲ့ အချစ်ကိုခံကြရ တာဆိုတော့ အဲဒီအချစ်နဲ့ တစ်ယောက်တည်းရဲ့ အချစ်နဲ့မလဲနိုင်ဘူးလို့ ပြောရမလားပဲ။ အစ်မကလည်း ဘယ်အချိန်အိမ်ထောင်ပြုမယ်ဆိုတာမျိုးကို ရည်ရွယ်မထားဘူး။ လူ တိုင်းက ကိုယ်ဖြစ်ချင်တာမျိုးမဖြစ်တာတွေလည်း ရှိတယ်လေ။ အစ်မလည်း ငယ် ငယ်ကဆို ငါ ၃ဝ လောက်ဆိုရင်တော့ အိမ်ထောင်ပြုမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မပြုဖြစ်သေးဘူး။ အစ်မတို့နှစ်ယောက်စလုံးအတွက် အချိန်တန်တဲ့ တစ်နေ့လက်ထပ် ယူကြဖို့ ဆုံးဖြတ်ပြီးတဲ့နေ့တော့ အိမ်ထောင်ပြုမယ်။ အစ်မရဲ့ ချစ်သူကိုလည်းဘယ်တော့ ယူရမယ်ဆိုပြီးမပြောချင်ဘူး။ အခုအချိန်မှာတော့ ချစ်သူအပေါ်မှာလည်း အစ်မအကောင်း ဆုံးကြိုးစားနေတယ်။ ဆုံးဖြတ်ပြီးတဲ့ တစ်နေ့ကျရင်တော့ အားလုံးကိုအသိပေးပြီး အိမ် ထောင်ပြုကြမယ်လို့ စဉ်းစားထားပါတယ်++လို့ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

ချစ်စနိုးဦးရဲ့ အနုပညာလှုပ်ရှားမှုတွေမှာတော့ လတ်တလောအချိန်မှာ ဇာတ် ကားရိုက်ကူးမှုတွေ အတော်လေးကျဲသွားတာကိုတွေ့ရပါတယ်။ သက်လတ် ပိုင်းအရွယ်ကိုရောက်ရှိလာပြီဖြစ်တဲ့ ချစ်စနိုးဦးကိုယ်တိုင်ကလည်း ကိုယ် တိုင်က အနုပညာတစ်ခုခုစွဲကျန်မယ့် ဇာတ်လမ်းမျိုးပဲ ရိုက်ကူးချင်လာမိ တယ်လို့ဆိုပါတယ်။ သီချင်းဆိုတဲ့ဘက်ကိုပဲ ဦးစားပေးဖြစ်တယ်ဆိုတဲ့ ချစ်စနိုးဦးက…

“ငယ်ငယ်ကတော့ ကိုယ်က ဇာတ်ကားရိုက်ချင်စိတ်လေး တစ်ခုပဲ စိတ်ထဲမှာ ရှိတယ်။ ဇာတ်ကားရိုက် ကူးရရင်ပြီးရော။ ဟေးလား ဝါးလား ပဲ ရိုက်ကူးလိုက်တာပဲ။ ရှုတင် သွားရ ရင်ကို ပျော်နေတာပါ။ အခုအသက် လည်း ကြီးလာတော့ ရိုက်တော့ ရိုက် ကူးလိုက်တယ်။ ဘာမှပညာလည်းမရတာမျိုး ဒီအတိုင်းပြီးသွားတဲ့ ဇာတ်ကားမျိုး တွေကို မရိုက်ချင်တော့ဘူး။ ဇာတ်ကားမှာ တစ်ခန်းပဲပါရပါရ ရင်ထဲမှာ စွဲကျန်ခဲ့တာ မျိုးလေးပဲ ရိုက်ကူးချင်တယ်။ ပရိသတ် တွေကလည်း ဇာတ်ကားရိုက်နည်းတာကို မေးတာမျိုးရှိ တယ်။ အစ်မကသီချင်းဆိုဖြစ်တာတွေပဲ အခုများတယ်။ နောက်ပိုင်း ဓာတ်ပုံရိုက်ကူးတာတွေ၊ သီချင်းဆိုတာတွေပဲရှိ တယ်။ ပညာပေးဇာတ်လမ်းတိုလေးတွေ တစ်ခါတစ်ခါ ရိုက် ကူးတယ်။ ဗီဒီယိုရုပ်ရှင်ဇာတ်ကားကြီးကတော့ မရိုက်ကူးဖြစ် သလောက်ပါပဲ”လို့ ပြောပြပါတယ်။ လတ်တလောမှာ ချစ်စနိုးဦးက တော့ နယ်ဘက်တွေမှာ သွားရောက် သီချင်းဆိုဖို့ အတွက် ခရီးတွေပဲ ဆက်တိုက်ထွက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here