စည်းမဲ့ကမ်းမဲ့အနေအထား ဖြစ်နေတဲ့အတွက် တေးစီးရီးထုတ်ရင် ရှုံးမှာပဲ အဆိုတော် ဗညားဟန်

0
236

အဆိုတော် ဗညားဟန်ကတော့ လတ်တလောမှာ ‘သတိရရဲ့လား မြခွာညို’လို့ အမည်ပေးထားတဲ့ သူရဲ့ ၁၁ ခွေ မြောက်တစ်ကိုယ်တော်တေးစီးရီးထွက်ဖြစ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ ကျေးလက်အဖွဲ့အနွဲ့ သီချင်းတွေ ပါဝင်ပြီး သူ့အနေနဲ့ အရင်က ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းအမျိုးအစားများဖြစ်ကြောင်းလည်း သိရပါတယ်။ သီချင်းတွေကိုတော့ Online ပေါ်မှာ တင်ပေးသွားမှာဖြစ်ပြီး သီချင်းဆယ်ပုဒ်စီရီးခွေအနေနဲ့လည်း ထွက်ဖြစ်မှာ ဖြစ်ကြောင်း အဆိုတော်ဗညားဟန်က ပြောပြခဲ့ပါတယ်။ တေးစီးရီးထွက်ကြတဲ့ အဆိုတော်တွေအတွက် Copy ခွေအပြင် ခေတ်ကာလအနေအထားအရ Online ပေါ်တင်ပေးကြတဲ့ ခေတ်တစ်ခုလည်းဖြစ်နေတာကြောင့် အဆိုတော် တစ်ယောက်အနေနဲ့ တေးစီးရီးလုပ်တဲ့အခါ အရှုံးအမြတ်နဲ့ပတ်သက်ပြီးလည်း ခုလိုပြောပြခဲ့ပါတယ်။

”ဒီခေတ်အနေအထားအရ တေးစီးရီးထုတ်ရင်တော့ ရှုံးမှာပဲ။ တေးစီးရီး ထုတ်ရင် ဘယ်သူမှမမြတ်ဘူးလေ။ ဘာလို့လဲဆိုတော့ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့အနေအထားဖြစ်နေတယ်။ ရှုံးမှာကြောက်လို့ တေးစီး ရီးမထုတ်ရင် စီရီးကမထွက်တော့ဘူး။ တေးစီးရီးမထွက်လို့ရှိရင် ကျွန်တော်တို့ အနုပညာတွေ သေမှာလေ။ Producer တွေမရှိတော့ ကိုယ့်ဟာကိုယ် တေးစီးရီးလုပ်ရတယ်။ အဲ့ဒီတော့ ငွေကုန်တာပေါ့နော်။ အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ တကယ်ကြိုးစားရုံးကန်ရတယ်။ ပိုက်ဆံတော့ပြန်မရပါဘူး။ အစ်ကိုတို့ အခုလုပ်နေတာလည်း ပိုက်ဆံ ပြန်ရဖို့လုပ်နေတာမဟုတ်ပါဘူး။ နာမည်ပြန်ရဖို့ ပရိသတ်နဲ့ အဆက် မပြတ်ဖို့လုပ်နေရတဲ့သဘောပါ။ အခွေဆိုင်မှာ တင်ရောင်းရင်လည်း အခွေဝယ်ကြည့်တဲ့ ခေတ်မဟုတ်တော့ဘူးလေ။ ဖုန်းတစ်လုံးရှိရင် သီချင်းနားထောင်လို့ရတဲ့ခေတ်ဆိုတော့ ဖုန်းထဲကိုရောက်ဖို့လို့တယ်။ အဲ့ဒီ တော့ ဖုန်းထဲကိုပေးဖို့နည်းက Online ပေါ်တင်ပေးတဲ့ တစ်နည်းပဲရှိတယ်။ Online ပေါ်က နေ ပရိသတ်ကို သီချင်းတွေချပြလို့ရတာဖြစ်တဲ့အတွက် တစ်ပုဒ်တည်းနဲ့ လည်းချပြလို့ရတယ်။ တစ်ပုဒ်စာလောက် တတ်နိုင်ရင် တစ်ပုဒ်စာလောက် အကျိုးရှိတယ်။ ဒီနည်းစနစ် နဲပဲ အစ်ကိုတို့သွားရတာပေါ့နော်။ တစ်ပုဒ်ချင်း တစ်ပုဒ်ချင်း တက်နိုင်တဲ့အချိန်လေး၊ တတ်နိုင်တဲ့ငွေလေးနဲ့ လုပ်ပြီး တင်သွားရင်းနဲ့ တစ်ခွေစာရသွားတဲ့အချိန်ကျမှ စီးရီးထုတ် လိုက်တာမခက်ခဲပါဘူး။ ပြန်ရတဲ့ရလဒ်ကတော့ အနု ပညာအသက်ပေါ့။ အနုပညာအသက်ဆက်ဖို့အတွက် Online ပေါ်မှာ သီချင်းလေးတစ်ပုဒ်တင်လိုက်လို့ ပရိ သတ်ကြိုက်တယ်ဆိုရင် အစ်ကိုတို့ဒီလောကထဲမှာ ရှိနေဦးမယ်။ မကြိုက်တော့ဘူး၊ မသိတော့ဘူး သီချင်း တွေနဲ့ အဆက်ပြတ်ပြီးဝေးသွားပြီဆိုရင် အစ်ကိုတို့ အနုပညာသမားတွေက ဒီလောကထဲကနေ ပျောက် သွားမယ်။ အဲ့ဒီအတွက်လုပ်နေကြတာပါ”လို့ အဆို တော် ဗညားဟန်က ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ နောက်ပိုင်းမှာ အခါအား လျော်စွာအဆိုတော်စိုးစန္ဒာထွန်းနဲ့အတူ အတွဲသီချင်း များ ဖန်တီးသွားမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါ တယ်။

သတင်း /ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here