သမီးဖြစ်သူအနေနဲ့ကတော့ အိမ်ထောင်မပြုတာက ပိုကောင်းတယ်လို့ ယူဆမိကြောင်း မိခင်ဖြစ်သူ အကယ်ဒမီ ဒေါ်ခင်လေးသိမ့် ပြော

0
236

သမီးဖြစ်သူ ဒါရိုက်တာ ကြည်ဖြူသျှင်ကို အိမ်ထောင်ပြုဖို့၊ မပြုဖို့နဲ့ပတ်သက် လို့ တွန်းအားပေးသွားမှာမဟုတ်ကြောင်း မိခင်ဖြစ်သူဒေါ်ခင်လေးသိမ့်က ပြောပါ တယ်။ သမီးဖြစ်သူအနေနဲ့ကတော့ အိမ်ထောင်မပြုတာက ပိုကောင်းတယ်လို့ ယူဆမိကြောင်းဆိုလာတဲ့ ဒေါ်ခင်လေးသိမ့်က…

”အိမ်ထောင်ရေးက ကံတရားနဲ့လည်း ဆိုင်တာပေါ့။ သူ ငယ်စဉ် အခါတုန်း ကဆိုရင်တော့ ကဲသူ အိမ်ထောင်ကျပြီဆိုရင်လည်း ကိုယ့်သမက်က ကိုယ့် သားပဲပေါ့။ ဒါကတော့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာပဲလေ။ ဒါပေမဲ့ သူ့ရဲ့ ကံတရားအလှည့်အပြောင်းက နိုင်ငံရေးပါဝင်လာတဲ့အခါကျတော့ အန်တီ့အမြင်ကတော့ သူကစေတနာပဲကောင်းလို့လား၊ ပါရမီပဲပါလို့ လား၊ သူပဲရိုးသားလို့လားတော့မသိဘူး။ သူ့ကိုယုံကြည်ကြတဲ့အခါကျတော့ အများကြီးအလုပ်လုပ်နိုင်တယ်။ သူအချိန်တွေ ပေးသလောက် က တန်ဖိုးရှိတဲ့အကြောင်းအရာတွေပြီးသွားတာပေါ့။ ကိုယ့်နိုင်ငံ အတွက် အသုံးတည့်တဲ့ မိန်းကလေးဖြစ်သွားတာပေါ့။ အန်တီ ကတော့ ကိုယ် ရိုးရိုးတန်းတန်း ထမင်း၂ နှပ်ကိုစားပြီးတော့ ဒီအတိုင်းကိုယ့်အတွက်ပဲ အသက်ရှင်သန်တာထက်စာရင် အများ အတွက် လုပ်နိုင်တာကို သဘောကျတယ်။ အန်တီနဲ့အန်တီ့ အမျိုးသားကလည်း ပရဟိတစိတ်ဓာတ်ရှိတယ်။ ဒီတော့ဒီနှစ်ယောက် ရဲ့စိတ်က သူ့အထဲရောက်သွားတာပေါ့။ အဲဒီတော့ အခုအနေအထား အရဆိုရင်တော့ ဘာပဲဖြစ်ဖြစ်အိမ်ထောင်ပြုတယ်ဆိုတာက ဝတ္တရား ရှိတယ်လေ။ ဇနီးဆိုရင်လည်း ဇနီးရဲ့ဝတ္တရားရှိတယ်။ ဒီတော့ သူ့ အနေနဲ့ဆိုရင် မကျေပွန်နိုင်ဘူးလေ။ အိမ်ထောင်ပြုမယ်ဆိုရင် လည်း အိမ်ထောင်ဖက်ကအများကြီး နားလည်မှု ပေးနိုင်မှရမှာ လေ။ သူလိုမျိုးပဲ ပရဟိတစိတ်ရှိပြီးတော့ ဒိုးတူပေါင်ဖက် သွားမှပဲဖြစ်မှာလေ။ သူကအများအတွက်ကိုပဲ ပိုလုပ်ဖြစ်နေတော့ လေ” လို့ ပြောပါတယ်။

သမီးဖြစ်သူ အိမ်ထောင်ပြုဖြစ်ခြင်း၊ မပြု ဖြစ်ခြင်းက သူ့ရဲ့ကံကိုက ရှိပြီးသားပဲဖြစ်တယ်လို့ သူက ထပ်လောင်း ပြောပါတယ်။ ”ရိုးရိုးတန်းတန်းနေလည်း တစ်နေ့တစ်နေ့ အချိန်ကုန် သွားမယ့်အတူတူ တန်ဖိုးရှိရှိ အများအတွက် အချိန်ကုန်သွားတာကို အန်တီက ပိုသဘောကျတယ်။ သမီးကလည်း အဲဒီအတိုင်းပဲနေတယ်။ ဒါပေမဲ့ သူဘာပဲလုပ်လုပ် အန်တီက အကုန်လုံးသိနေတာပဲ လေ။ လုပ်သမျှက အကုန်လုံးအတွက် အကျိုးရှိတယ်။ သူလုပ်သမျှကို အန်တီက ကျေနပ်တယ်။ အများအကျိုး သာသနာအကျိုးကို ဆတက် ထမ်းပိုး ဆောင်ရွက်နိုင်တဲ့သူမျိုး အန်တီကတော့ ဖြစ်စေချင်တယ်” လို့ သမီးဖြစ်သူနဲ့ ပတ်သက်လို့ ဒေါ်ခင်လေးသိမ့်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here