လူတစ်ယောက်မှာ ပိန်တာတွေ၊ ဝတာတွေ အကုန်လုံးက Diet Plan နဲ့ပဲ သွားတာပါ သရုပ်ဆောင် အောင်မင်းခန့်

0
221

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် သိရှိအားပေး ချစ်ခင်မှု ရရှိလာသူ မင်းသားလေးတစ်ဦး ရှိပါတယ်။ သူကတော့ အောင်မင်း ခန့်ပါ။ သူက လက်ရှိမှာလည်း ‘မနေ့ကဖြစ်သည်-၂’ ရုပ်သံဇာတ် လမ်းတွဲကို ရိုက်ကူးနေတယ်လို့ သိရ ပါတယ်။ ‘မနေ့ကဖြစ်သည်-၂’ နဲ့ ပတ်သက်လို့ အောင်မင်းခန့်ကို မေးဖြစ်တဲ့အခါ . . .

“ဇာတ်က တော့ ကျွန်တော်တို့ မြှုပ်ထားတဲ့ မြှုပ်ကွက်တွေအများကြီးရှိတယ် ခင်ဗျ။ အဲဒီတော့ လောလောဆယ် ကျွန်တော် ပြောပြလို့ မရသေးပါဘူး။ ဇာတ်ကို စောင့်ကြည့်လိုက်ပါ။ ပရိ သတ်တွေ အံ့အားသင့်စေမယ့် ဇာတ် ကွက်တွေအများကြီးရှိပါတယ်။ ကျွန်တော်ရိုက်ကူးတာတော့ ကာလ အပိုင်းအခြားအားဖြင့် သိပ်မကြာ သေးဘူးခင်ဗျ။ အဲဒီအတွက်ကြောင့် မို့လို့ ကျွန်တော်တို့ မှန်းထားတာ ဧပြီလလောက်ပြီးမယ်မှန်းထား တယ်”လို့ သူကပြောပါတယ်။ အောင်မင်းခန့်ရဲ့ ၂ဝ၁၈ Plan က”၂ဝ၁၈ ခုနှစ်မှာတော့ ကျွန်တော့် လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကား လေးလွှင့်ဖို့ရှိတယ်ခင်ဗျ။ နောက်ပြီး သွားလို့ရှိရင်လည်း ကျွန်တော် သရုပ် ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတက်ဖို့ရှိတင်ခင်ဗျ။ အဲဒီအခါကျ လို့ရှိရင်လည်း ပရိသတ်တွေ အားပေး ကြပါဦး”လို့ပြောပါတယ်။

အောင် မင်းခန့်လို အရပ်အမောင်းကောင်း ကောင်းနဲ့ ခန္ဓာကိုယ်အချိုးအစား လှပသူအတွက် ဘယ်လိုနေထိုင်စား သောက်ရလဲဆိုတဲ့ နည်းလမ်းကောင်း တွေ ရှိမှာပါ။ အဲဒီအကြောင်းကိုလည်း မေးဖြစ်တော့ . .

“အဓိကက Gym ဆော့တာ ကတော့ ကျွန်တော်တို့ကို ၂၅ရာခိုင် နှုန်းလောက်ပဲ Support  လုပ်ပေးနိုင် ပါတယ်။ အဓိကဖြစ်တဲ့ ၇၅ရာခိုင်နှုန်း လောက်က Diet Plan ပေါ့။ Diet Plan ကအဓိကပါပဲ။ လူတစ်ယောက် မှာ ပိန်တာတွေ၊ ဝတာတွေ၊ တောင့် တောင့်တင်းတင်းဖြစ်တာတွေ အကုန်လုံးက  Diet Plan နဲ့ပဲသွားတာ ပေါ့နော်။ ကျွန်တော်တို့ ဝချင်တယ် ဆိုလို့ရှိရင် အစားမရှောင်နဲ့၊ အကုန် လုံးစားလို့ရတယ်။ တကယ်လို့ ကိုယ် က ပိန်ပိန်သွယ်သွယ်၊ လှလှလေး ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ အစား အသောက်ကို ဆင်ခြင်ပြီးတော့ ကျွန်တော်တို့ Diet Plan တစ်ခုကို အစီအစဉ်ချပြီးတော့ စားရမှာပေါ့ နော်။ အဲဒီလိုပုံစံအတိုင်းပဲ ကျွန်တော် ကတော့ ခန္ဓာကိုယ်ကို ထိန်းထား တာပေါ့” လို့ပြောပြခဲ့ပါတယ်။

  မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here