မနှစ်က ပူပူနွေးနွေး အကယ်ဒမီဆုဆွတ်ခူးရရှိထားသူ အကယ်ဒမီ ထွန်းထွန်းကို မတ်လအတွင်း ကျင်းပမယ့် ၂ဝ၁၇ခုနှစ် အကယ်ဒမီပေးပွဲအတွက် အခြေအနေ မေးဖြစ်တဲ့အခါ….
“ဒီနှစ်က အမိုက်စားပဲ။ ဇာတ်ကားတွေလည်း အများကြီးပဲ။ ပရိ သတ်တွေ လည်း အရမ်းအားရကြမယ့် အကယ်ဒမီလို့ထင်တယ်။ မိုက်မှာ” လို့ ထွန်းထွန်းက ပြောပါတယ်။”ထွန်းထွန်းသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ လည်း အကယ် ဒမီဆန်ခါတင်စာရင်းထဲမှာပါနေတော့ နောက်ထပ်အကယ်ဒမီဆုတစ်ဆု မှန်းထားသေးလားလို့ မေးတော့. ….
“ဟား….ကျွန်တော်အများကြီးကြိုးစားရဦးမယ်”လို့ သူကဆိုပါ တယ်။ အသက်အရွယ်အားဖြင့်လည်း ၃ဝကျော်ထဲကို ရောက်လာပြီ၊ နှစ်သစ်ကိုလည်း ရောက်လာပြီဆိုတော့ ၂ဝ၁၈ခုနှစ်ထဲမှာ လုပ်ဆောင်သွား မယ့် လုပ်ငန်းဆောင်တာတွေ အကြောင်းလည်း ပြောပြပါဦးလို့ဆိုတော့ ……
“ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး တော့ ကျွန်တော့်အသက်အရွယ်နဲ့ ပိုပြီးတော့ လိုက်ဖက်မယ့် ဇာတ်ကားမျိုးတွေ ရိုက်ကူးသွားမယ့် အစီအစဉ် ရှိမယ်။ ဂီတနဲ့ပတ်သက်ပြီးတော့ ကျွန်တော်က ဒီဘက် သရုပ်ဆောင်တာကို ပိုပြီးတော့အချိန်ပေးနေရတဲ့အတွက်ဂီတဘက်ကို ကျွန်တော် သရုပ် ဆောင်လောက် လုပ်ဖြစ်ဦးမယ်မထင်ဘူး။ အခွေ ထွက်နိုင်ဦး မှာ မဟုတ်ဘူး။ ကြော်ငြာရိုက်ကူးရေးတွေ၊ှSocial Network ကနေ ပရိ သတ်တွေနဲ့ တွေ့ဆုံဆက်ဆံတာတွေရယ်၊ ရုပ်ရှင်ရိုက်ကူးရေးတွေ ရယ်နဲ့ပဲ အဓိကအချိန်ကုန်သွားမယ်။ တချို့ကိစ္စတွေမှာ ကျွန်တော် ကိုယ်တိုင်လည်း လူကြီးဖြစ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တယ်” လို့ ထွန်းထွန်းကပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း