နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေပွဲများ ကျင်းပမည်

0
190
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မြင်ကွင်း

ဇန်နဝါရီလ ၄ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ မြန်မာ တစ်မျိုးသားလုံး သူ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့တဲ့ နေ့လည်းဖြစ်ပါ တယ်။ ဒါကြောင့်လည်း ဒီနေ့ ရောက်တိုင်း မြန်မာပြည်အနှံ့မှာ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်လေ့ ရှိပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ နှစ် ၇ဝ ပြည့်မြောက်မယ့် လွတ်လပ်ရေးနေ့မှာတော့ ရန်ကုန် မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ် တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မနက်ပိုင်းမှာတော့ မြန်မာ့ရိုးရာခြင်းအလှပြပွဲကို ကြည့် ရှုရမှာဖြစ်ပြီး ညပိုင်းမှတော့ ဖျော် ဖြေရေးအနေနဲ့ (၃)ပိုင်း စီစဉ်ထား ပြီး ပထမပိုင်းအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ပတ်သက်တဲ့ သီချင်း တွေ၊ လွတ်လပ်ရေးနေ့နဲ့ပတ် သက်တဲ့ သီချင်းတွေကို မြန်မာသံ အဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေ ကြမှာဖြစ်ပြီး ဒုတိယပိုင်းကတော့ လူငယ်အဆိုတော် တွေရဲ့ ဖျော်ဖြေမှု၊ တတိယပိုင်းမှာတော့ သဘင် အနုပညာရှင်များရဲ့ နှစ်ပါးသွားကဏ္ဍတင်ဆက်သွားမှာဖြစ်ပါတယ်။ နှစ်ပါးသွားကဏ္ဍမှာတော့ တင်မောင် ဆန်းမင်းဝင်းတို့က ကပြတင်ဆက်မှာ ဖြစ်ပြီး အော်ပရာအနေနဲ့ကတော့ ဟန်ဇာမိုးဝင်းတို့ စံပြသဘင်က တင်ဆက်ကြမှာဖြစ်ပါတယ်။

”သီချင်းတွေနားထောင်လိုက် တာနဲ့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ခံစား မှုတွေ ၊လွတ်လပ်ရေးနဲ့ပတ်သက် တဲ့ ခံစားမှုတွေ လူငယ်တွေရင်ထဲ ရောက်သွားအောင်ပါ။ ပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ သီချင်းလေးတွေကိုလည်း ကြားထဲမှာဖျော် ဖြေမှာပါ။ ဇာတ်သဘင်မှာဆို ရင်လည်း ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သီချင်းလေးတွေကိုလည်း သူတို့ တွေ အနေနဲ့ ထည့်သွင်းပြီးတော့ ဖျော်ဖြေဖို့ရှိတယ်။ ဒီနှစ်ကတော့ မနက်ပိုင်းမှာ နိုင်ငံတော်အခမ်း အနားနဲ့ လွတ်လပ်ရေးနေ့ကျင်းပ သလိုပဲ ညပိုင်းမှာလည်းပြည်သူတွေ အတွက် အပန်းဖြေစရာကြည့်ရှု စရာတွေကို ဖန်တီးထားတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေက ထက် ပိုပြီးစည်ကားအောင် လုပ်သွားမှာပါ။ အဲဒီမှာဆိုရင် စတုဒိသာကျွေး တာတွေ လည်းရှိမယ်” လို့ ပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြော ပါတယ်။

ပွဲကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လမ်း ညွှန်မှုနဲ့ မြို့တော်စည်ပင်က ဦးစီးပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ အောင်နိုင်စိုး(ကစ္ဆပ)


LEAVE A REPLY

Please enter your comment!
Please enter your name here