အပူအပင်ကင်းခြင်းက ရုပ်ရည်နုပျိုခြင်းကို အထောက်အပံ့ဖြစ်စေကြောင်း ရန်အောင်ပြော

0
271

အကယ်ဒမီဆုများရှင် ရန်အောင်ကတော့ နှစ်တွေဘယ်လိုပြောင်းလဲပြောင်းလဲနုပျိုဆဲပါ။ သူ့မှာ နုပျိုမှုအတွက် လျှို့ဝှက်ချက်တော့ ရှိကောင်းရှိမှာပါ။ အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာ ကိုရန်လေးနဲ့ တွေ့တုန်းမေးဖြစ်တော့…..

”ကျွန်တော်ကတော့ လူပျို၊လူလွတ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပူအပင်ကင်းတာလည်း ပါမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အပူအပင်ကင်းတယ်ဆိုတာ ရုပ်ရည်နုပျိုခြင်းကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ နောက်တစ်ခုက အခုခေတ်မှာ အလှအပတွေတအားခေတ်စားတဲ့အခါကျတော့ ကျွန်တော်တစ်ခါမှတော့ မခွဲစိတ် ဖူးဘူး။ ဒါပေမဲ့ မျက်နှာလေးကို စက်ကလေးနဲ့ဆွဲတာတို့၊ ပေါင်းတာတို့ ဘာညာတို့တော့လုပ်ဖြစ်ပါတယ်ဗျ။ ပြီး တော့ ဆရာဝန်အသိတွေများတော့ သွားပြီးလုပ်ဖြစ်ပါတယ်”လို့ ရန်အောင်က ပြောပါတယ်။ ဆက်လက်ပြီးမေး ဖြစ်တာက အကယ်ဒမီအကြောင်းပါ။ အကယ်ဒမီလည်းနီးလာပြီ။ ကိုရန်လေးတို့ဆိုတာက အကယ်ဒမီဆုတွေ အများကြီးပိုင်ထားတဲ့ အနုပညာရှင်တစ်လက်ဆိုတော့ ဒီနှစ် အကယ်ဒမီအတွက် မှတ်ချက်တစ်ခုခုပြော ပေးပါဦးလို့ဆိုတော့…”ဒီနှစ်အကယ်ဒမီအတွက် ပြောစရာဘာမှမရှိပါဘူး။ အကယ်ဒမီဆိုတာက ကျွန်တော်တို့အနေနဲ့ ကိုယ့်ထက်ဝါရင့်တွေ၊ ပညာရှင်တွေက စီစဉ်နေတာဆိုတော့ ကျွန်တော်တို့က ဒါကို ဘာမှမသုံးသပ်ရဲပါဘူး။ ကောင်းပါတယ်။ အခုကလည်း ရုပ်ရှင်လောကမှာ အကယ်ဒမီပွဲတွေ ကျင်းပတယ် ဆိုတာ အကုန်လုံးသူ့ဟာနဲ့သူ တိုးတက်လာတဲ့ခေတ်အလျောက် ကောင်းသထက်ကောင်းအောင် လုပ်နေကြတာ ပဲဆိုတော့ ဒါဟာပြောစရာမရှိပါဘူးဗျ”လို့ ပြောပြပါတယ်။

၂ဝ၁၈ ခုနှစ်မှာ ‘ရန်အောင်နှင့် သူ၏ချစ်သူများ’လို့ တစ်ကိုယ်တော်ရှိုးလုပ်ဖြစ်ဖို့ အစီအစဉ်ရှိ၊မရှိမေးဖြစ်ပြန် တော့…”ကျွန်တော်လုပ်ဖို့ရှိပါတယ်။ ရှိုးရဲ့ ပရိုဂရမ်နဲ့ နာမည်နဲ့ကို စဉ်းစား တုန်းရှိသေးတယ်။ One Man Show လုပ်ဖို့ရှိတယ်။ နောက်တစ်ခုက ဆရာကြီးတစ်ယောက်နဲ့လည်း တွဲပြီးဆိုဖို့အစီအစဉ်ရှိပါတယ်” လို့ ရန်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here