ရိုးသားပြီး နားလည်မှုရှိတဲ့ ချစ်သူကိုလည်းလိုချင်တယ် ပိုးအိအိခန့်

0
206

အချစ်ရေးနဲ့ပတ်သက်ပြီး ဒီနှစ် ၂ဝ၁၇ ခုနှစ်ဟာ လာဘ်ပိတ်တဲ့ နှစ်တစ်နှစ်ပါလို့ပြောပြလာတဲ့သူကတော့ သရုပ်ဆောင် ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ အခုချိန်ထိရည်းစားမရှိသေးဘဲ တစ်ယောက်တည်းပါဆိုတဲ့ ပိုးအိအိခန့်ရဲ့ သူရွေးချယ်ချင်တဲ့ ချစ်သူပုံစံကတော့ …

”အဓိကကတော့ မိဘနဲ့အဆင်ပြေတဲ့သူဖြစ်ချင်တယ်။ ကိုယ်တစ်ခုခု စဉ်းစားပြီဆိုရင်လည်း ကိုယ့်မိဘနဲ့အဆင်ပြေပါ့မလားလို့စဉ်းစားတယ်။ မိဘကသဘောကျ၊ ချစ်တဲ့သူ မိဘနဲ့ အဆင်ပြေတဲ့သူဖြစ်ရမယ်။ ရိုးသားရမယ်။ ကြိုးစားရမယ်။ သူ့မှာစည်းစိမ်ဥစ္စာမရှိရင်နေပါစေ။ ဒါပေမဲ့ စည်းစိမ်ဥစ္စာ ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဥာဏ်ရယ်၊ ဝီရိယရယ်ရှိရင်ရပြီ။ ပြီးရင်ညီမအပေါ်မှာ သစ္စာရှိရှိချစ်ရမယ်။ အဓိကကတော့ ညီမအပေါ်ရိုးသားရမယ်။ နားလည်မှုရှိရမယ်။ ညီမတို့အလုပ်က နားလည်မှုရှိရမယ်လေ။ဘာလို့လဲ ဆိုတော့ ည ၂ နာရီဆိုလဲ ရိုက်ကူးရတယ်။ ၃ နာရီဆိုလည်း ရိုက်ရမယ်။အဲဒီအချိန်မှာ ကိုယ့်လက်ထဲမှာဖုန်းကရှိချင်မှရှိမယ်။ စကားပြောနိုင်ချင်မှပြောနိုင်မယ်။ ဒါက တစ်ချိန်ရလာမယ့် ရည်စားကို ပြောပြတာပါ။ ဘယ်သူလည်းဆိုတာတော့ မသိဘူးပေါ့နော်။ မိဘနဲ့အဆင်ပြေတဲ့သူကတော့ ထိပ်ဆုံးက ပေါ့နော်။ မိဘကကောင်းတယ်၊ ချစ်တယ်ဆိုရင်ပဲ ဒီလူဟာ ငါ့သားသမီးအတွက် ကောင်းတယ်လို့ ရည်ရွယ် ထားလို့ပဲဖြစ်မှာပါ”လို့ ပြောပြပါတယ်။

အိမ်ထောင်ပြုမယ့်အချိန်ကာလကိုလည်း ပိုးအိအိခန့်က ပြောပြရာမှာတော့ …”ကံပါတဲ့အချိန်မှာတော့ ဖြစ်သွားမှာပေါ့နော်။ အိမ်ထောင်ရေးကိုတော့ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီ၊ ရပ်တည်နေတဲ့အချိန်ကလည်း မိဘကိုလည်း အတော်အတန် ရှာဖွေကျွေးမွေးကျေးဇူးဆပ်ပြီးနေပြီ။ အဲဒီအချိန် လောက်ကျမှပဲလက်ထပ် အိမ်ထောင်ပြုချင်ပါတယ်။ စောတာ နောက်ကျတာကတော့ အဓိက မဟုတ်ပါဘူး”လို့ ပြောပြခဲ့ပါတယ်။ အခုလတ်တလောမှာတော့ ပိုးအိအိခန့်က ဒါရိုက်တာ ကျော်နှင်းဆီ ရိုက်ကူးနေတဲ့ ‘နံပါတ်တစ်တရားခံ’ ဗီဒီယိုဇာတ်ကားကို နေနော်နှင့်အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here