နှစ်အယ်လ်ဘမ် ဒီဗီဒီ အတွက် အချိန်ယူအုံးမယ့်အောင်ထက်

0
211

ဘယ်သူ့သီချင်းပဲဖြစ်ဖြစ် သီချင်းတွေကို ခံစားပေးကြ၊ နားထောင်ပေးကြ တာကိုပဲ ကျေးဇူးတင်နေပြီလို့ ခံယူထားသူက အဆိုတော်အောင်ထက်ပါ။ သိပ်မကြာသေးခင်အချိန် က ထွက်ရှိထားတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေအကြောင်း မေးဖြစ်တဲ့ အခါ…

”ကျွန်တော့်ရဲ့ အသစ်ထွက်ရှိထားတဲ့ ‘နှစ်’ အယ်လ်ဘမ်က ထွက်ရှိထားတာတော့ သိပ်မကြာသေးဘူး ပေါ့ နော်။ ၉ လပိုင်းအကုန်က ထွက်ထားတယ်။ ဒီကြားထဲမှာ စီးရီးခွေလေးထဲက သီချင်းတွေကို သဘောကျကြတယ်။ အားပေးကြတယ်။ စီးတီးမတ်တွေမှာ ဆိုရင်လည်း Top Ten စာရင်းထဲဝင်တယ်။ FM တွေ မှာဆိုရင်လည်းဝင်တယ်။ ဒါဟာ သီချင်းခံစားသူများလို့သာ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုး ရတာပေါ့နော်။ အဲဒီအတွက်လည်း တကယ်ကို ပီတိဖြစ်ပါတယ်။ ဒီ ‘နှစ်’ အယ်လ်ဘမ်လေးအတွက်တော့ တစ်ပုဒ်ချင်းစီပဲ အမ်တီဗီရိုက်ကူးဖြစ်ပြီး အွန်လိုင်းကနေ အမ်တီဗီဖြန့် ဖြစ်မယ်ထင်ပါတယ်။ အားလုံးစုံလောက် ပြီဆိုတဲ့ အနေအထားလောက်ကျတော့မှပဲ ကျွန်တော် ဒီဗီဒီထွက်ဖြစ်ပါ မယ်။ ဖြည်းဖြည်းချင်းတော့ အချိန်ယူပြီး လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အမ်တီဗီရိုက်ကူးတာက ငွေကြေးအရလည်း အများကြီးကုန်ကျ တယ်လေ။ ကျွန်တော်တို့ Audio လုပ်တာထက် ပိုပြီးတော့ အကုန် အကျများတယ်ပေါ့။ ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲ ဒီဟာကိုလုပ်ဖို့ စီစဉ်ထားပါတယ်” လို့ အောင်ထက်က ပြောပါတယ်။

အောင်ထက်ရဲ့ ၂ဝ၁၈ ခုနှစ်အတွက် ကြိုတင်လှုပ်ရှားမှုတွေအကြောင်း ပြောပြရာမှာတော့ ”၂ဝ၁၈ ခုနှစ်မှာ အတွဲခွေဆိုရင် ကျွန်တော်နဲ့ ဖြိုးပြည့်စုံနဲ့ အတွဲခွေရှိပါမယ်။ သင်္ကြန်အပြီး မိုးတွင်းလောက်တော့ ထွက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ဦးမင်းချစ်သူက သူရေးတဲ့သီချင်းလေးတွေ ပြန်လုပ်တဲ့ ဗယ်လင်တိုင်းအခွေလေးမှာ ကျွန်တော်တို့ကို ပါဝင်သီဆိုဖို့တော့ပြောထားပါတယ်။ အဲဒါလေးတွေတော့ ထွက်ဖြစ်ဖို့ရှိပါတယ်။ တခြားပြီးခဲ့တဲ့ နှစ်တွေကဆိုထားတဲ့ အတွဲခွေလေးတွေလည်း ထွက်ဖြစ်ဖို့ရှိပါတယ်” လို့အောင်ထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here