အနုပညာ အလုပ်ကို ခဏနားခဲ့တဲ့ သရုပ်ဆောင်စံရတီမိုးမြင့်

0
220

စိတ်ရော၊ လူပါ ပုံစံတစ်မျိုး ပြောင်းလဲချင်တဲ့အတွက် အနုပညာ အလုပ်တွေ ခဏနားလိုက်တဲ့ သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ လက်ရှိ မှာ အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ သူမကတော့လတ်တလောမှာကြော်ငြာတွေရိုက်ကူးဖြစ်နေပြီး ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးဖို့ကမ်းလှမ်းခံထားရကြောင်းလည်း သိရပါတယ်။ လက်ရှိမှာအနု ပညာအလုပ်တွေ လုပ်ကိုင်တော့မှာနဲ့ ပတ်သက်ပြီး . . .

” ညီမက ၂ဝ၁၇ ရဲ့ နှစ်တစ်ဝက် ကျော်လောက်မှာ အနုပညာအလုပ် တွေ နည်းနည်းလျှော့လိုက်တယ်။ လျှော့တယ်ဆိုတာထက်ကို အရှေ့ပိုင်း နှစ်လလောက်မှာ လုံးဝကိုမလုပ်တော့တာ။ အဲ့ဒီလို အနုပညာအလုပ်တွေ ခဏလျော့လိုက်တာက ညီမနေမကောင်းတာတစ်ခုရယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပုံစံအသစ်တစ်ခု Change ချင်တယ်။ လူရော စိတ်ရော အကုန် Change ချင်တဲ့အတွက် ခဏနားလိုက်တာပါ။ ကြားထဲမှာလည်း အနုပညာ အလုပ်တွေလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းတာပေါ့။ ခြားပြီးတော့ လုပ်ဖြစ်တယ်။ ညီမက အခု ၂၃ နှစ်ရှိပြီး။ အရင် ၁၆ နှစ် ၁၇ နှစ် ကတည်းက အလုပ်တောက်လျှောက်လုပ်လာခဲ့တာဖြစ်တဲ့အတွက် လူငယ်တစ်ယောက်ရဲ့Life Style ရယ်အလုပ်ရယ်ကို မျှတအောင် နေမယ်လို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာညီမကိုယ့်စိတ်ကို ခဏလေး Relax ပေးလိုက်တာပါ။ အခုတော့ ပြန်လုပ်ဖို့ Ready ပါပဲ” လို့ ပြောပြခဲ့ပါတယ်။ နောက်ထပ် ဇာတ်ကားတွေရိုက်ကူးတော့မှာဖြစ်တဲ့အတွက်ကာရိုက်တာရွေးချယ်မှုနဲ့ ပတ်သက် ပြီး ဘယ်လိုရွေးချယ် ရိုက်ကူးသွားမှာလဲလို့ မေးမြန်းခဲ့ရာ . .

” ကာရိုက်တာပိုင်းကကျတော့ ညီမတို့ ရွေးချယ် ပိုင်ခွင့်မရှိပါဘူး။ ညီမတို့ကို ကာရိုက်တာက ရွေးတာပါ။ အဲ့ဒါ ကြောင့် ကိုယ့်ဆီလာတဲ့ ကာရိုက်တွေထဲကမှ ကိုယ့်နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ကာရိုက်တာကိုရွေးချယ်ရတာပါ” လို့ လည်းပြော ပြခဲ့ပါ တယ်။ အိမ်မှာလည် ခွေးလေးတွေ မွေးထားပြီး သူမကတော့ ခွေးလေးတွေကို ချစ်တတ် သူလည်း ဖြစ်ပါ တယ်။ သတ္တဝါတိုင်းကိုသနားတတ်ပါ တယ်လို့ပြောပြလာတဲ့သရုပ်ဆောင် စံရတီမိုးမြင့်က

” ညီမက အစကတည်းက ခွေးချစ်တတ် ပါတယ်။ ခွေးမှမဟုတ်ပါဘူး။ သတ္တဝါတိုင်း ကိုချစ်ပါတယ်။ ဒါပေမဲ့ခွေးကျတော့လည်း ကိုယ်နဲ့ ပိုနီးစပ်တယ်။ ကိုယ်အိမ်မှာလည်း ခွေး လေးတွေအများကြီး မွေးထား တော့ခွေး လေး တွေကိုပိုချစ်တယ်လို့ခံယူချင်တာပေါ့ နော်။ အဓိက တော့ သတ္တဝါတိုင်းကိုချစ် တယ်။ သနားတယ်။ ကိုယ့် စိတ်မှာကူညီ ချင် တယ်။ သတ္တဝါမှမဟုတ် ဘူး။ လူတွေကိုလည်း ကိုယ် တတ်နိုင်သလောက် တော့ကူညီပါတယ်” လို့ပြောပြခဲ့ပါတယ်။

သူမကတော့ ဒီနှစ် Happy New Year မှာတစ်ယောက် တည်းအေးအေးဆေး ဆေး ဖြတ်သန်းသွား မှာ ဖြစ်ကြောင်းလည်း ပြော ပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here