ဥက္ကဋ္ဌဦးတင်ဦးလေး ဦးဆောင်သော မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကာတာဝန်ယူမည်

0
237

၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ရက်နေ့ထိ  အစည်း အရုံး အမှုဆောင်သစ် ကျင်းပခဲ့တဲ့ ဂီတအစည်းအရုံးအမှုဆောင်သစ် ရွေးကောက်ပွဲမှာ အလွှာလိုက် မဲများ ထည့်ခဲ့ကြရာ မဲရလဒ်များအရ ကာ လပေါ် အဆိုအလွှာမှ ဦးတင်ဦး လေးက မဲအများဆုံးနဲ့ ဥက္ကဋ္ဌ အဖြစ်ဆက်လက် တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ မဲအများဆုံးရရှိခဲ့တဲ့ ဦးတင်ဦးလေးက ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ရက်နေ့ထိ  အစည်း အရုံး အမှုဆောင်သစ် ကျင်းပခဲ့တဲ့ ဂီတအစည်းအရုံးအမှုဆောင်သစ် ရွေးကောက်ပွဲမှာ အလွှာလိုက် မဲများ ထည့်ခဲ့ကြရာမဲရလဒ်များအရ ကာ လပေါ် အဆိုအလွှာမှ ဦးတင်ဦး လေးက မဲအများဆုံးနဲ့ ဥက္ကဋ္ဌ အဖြစ်ဆက်လက် တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ မဲအများဆုံးရရှိခဲ့တဲ့ ဦးတင်ဦးလေးက

“အန်ကယ် မဲအများဆုံးရမယ် လို့လည်း မထင်ဘူး။ အန်ကယ်တို့ ကာလပေါ် အဆိုအလွှာက ၂ဝ ရက် နေ့မှာစတယ်။ ကာလပေါ်အဆို၊ အရေး၊ အတီး ယှဉ်ပြိုင်တယ်။ ဒါပေ မဲ့မဲပုံးပိတ်တဲ့အခါမှာ မဲ ၁၉ မဲနဲ့ အများဆုံး ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ် တဲ့အတွက်လည်း အန်ကယ်သိ လိုက် တာက ကာလပေါ်အဆိုအလွှာ က အနုပညာသမားတွေက အန် ကယ့် ကို တကယ်လေးစားပါလား။ ခင်မင် ပါလားဆိုပြီး ဝမ်းသာပီတိဖြစ်ရပါ တယ်”လို့ ပြောပါတယ်။

အရင်သက်တမ်းမှာ မလုပ်ခဲ့ရ တဲ့  အလုပ်တွေကို ဒီနှစ်သက်တမ်း  ကာလအတွင်းမှာ စနစ်တကျအားလုံး လုပ်ချင်တယ်လို့ ဦးတင်ဦးလေးက ဆက်ပြီးပြောပြပါတယ်။  ဂီတအစည်းအရုံးမှာ အမှု ဆောင်သက်တမ်း ၅နှစ်တာဝန် ထမ်းဆောင်ခဲ့ ပြီးဖြစ်သလို ယခုသက် တမ်းမှာ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိ၃နှစ်တာဝန်ထမ်း ဆောင် ရမှာဖြစ်ပါတယ်။ လက်ရှိဂီတအစည်း အရုံး အမှု ဆောင်သစ် ရွေးကောက် ပွဲမှာ တာဝန်ထမ်းဆောင်မယ့်အမှု ဆောင် များမှာ ၄၄ ယောက် ထွက် ပေါ်လာခဲ့ပြီးအလုပ်အမှု ဆောင်များ နဲ့ကတော့ ဥက္ကဋ္ဌဦးတင်ဦးလေး (ကာလပေါ် အလွှာ)၊ ဒု-ဥက္ကဋ္ဌ (၁)ဂီတစာဆို ဦးလွင် မြင့်(ကာလပေါ် အလွှာ)၊ ဒု-ဥက္ကဋ္ဌ(၂) ဒေါ်အယ်လ် ခွန်းရီ (ခေတ်ပေါ်အလွှာ)၊ ဒု-ဥက္ကဋ္ဌ (၃) ဦးစိုးမိုး(စက်မှုအလွှာ)၊ အတွင်း ရေးမှူး – ဦးဇော်ထူးအောင် (ထုတ် လုပ်ဖြန့်ချိအလွှာ)၊ တွဲဖက်အတွင်း ရေးမှူး (၁)- ဦးခင်မောင်ထူး (စတီရီ ယိုအလွှာ)၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးသက်ဆွေ (မဟာဂီတအလွှာ)၊  တွဲဖက်အတွင်းရေးမှူး(၃) စန္ဒရား မောင်လှအေး (ကာလပေါ်အလွှာ)၊ တွဲဖက်အတွင်းရေးမှူး(၄) ဦးညွှန့် လှိုင်(ထုတ်လုပ်ဖြန့်ချိအလွှာ)၊ ဘဏ္ဍာ ရေးမှူး -ဦးမောင်မောင်ထိပ် (ကာလပေါ်အလွှာ)၊ တွဲဖက်ဘဏ္ဍာ ရေးမှူး – ဒေါ်သီသီမာ (ကာလပေါ် အလွှာ)၊ ပြန်ကြားရေးမှူး – ဦးစိုးထွဋ် ခိုင်(ကာလပေါ်အလွှာ)၊ တွဲဖက်ပြန် ကြားရေးမှူး – စန္ဒရားမြတ်မင်း (ခေတ်ပေါ်အလွှာ)၊ စည်းရုံးရေးမှူး – စန္ဒရားသိန်းမြင့်သန်း (ခေတ်ပေါ် စတီရီယိုအလွှာ)၊ တွဲဖက်စည်းရုံး ရေးမှူး(၁)ဘိုဘိုဟန် (ခေတ်ပေါ် စတီရီယိုအလွှာ)၊ တွဲဖက်စည်းရုံး ရေးမှူး(၂)တေးကဗျာမင်းယု (ကာလ ပေါ်အလွှာ)၊ စာရင်းစစ် -ဒေါ်ရီရီ သင်း (မဟာဂီတအလွှာ)၊ တွဲဖက် စာရင်းစစ် + တက္ကသိုလ် တင်မောင် ဝင်း (ကာလပေါ်အလွှာ)နဲ့ စီမံရေး မှူး – ကိုင်ဇာ (ခေတ်ပေါ် အလွှာ)တို့ပဲဖြစ်ပါတယ်။ အမှုဆောင်သစ်များ အနေနဲ့၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင်စတင်ပြီးတာဝန် ထမ်း ဆောင်မယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here