အသက် ၄၄ နှစ်မွေးနေ့မှာ မိခင်ကို ရှေးဟောင်းပတ္တမြားနားကပ်တစ်ရန်ကန်တော့တဲ့ ဒိန်းဒေါင်

0
290

 

ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က  ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက် တဲ့ သူ့ရဲ့ ၄၄ နှစ်ပြည့်မွေးနေ့မှာ မိခင်ဖြစ်သူကို ပတ္တမြားနားကပ်တစ်ရန်ကန် တော့ခဲ့ကြောင်း သိရပါတယ်။ မိခင်ကို ပတ္တမြားနားကပ် ကန်တော့ရခြင်း အကြောင်းကို ဒိန်းဒေါင်က –

“အမေ့ကို နားကပ်တွေ ခဏ ခဏ ဝယ်ပေးတယ်။ ကျွန်တော်က တစ်နှစ် တစ်ခါ ဘုရားထီးတင်တယ်။ အဲဒီကျရင်အမေက လှူမယ်ဆိုပြီး အကုန်လှူ လိုက်တာပဲ။ ဘုရားထီးတင်တိုင်းလှူလိုက်တော့ အဲဒါနဲ့ အမေ့ကို ကျွန်တော် နားကပ်လေး ဝယ်ပေးလိုက်တာပါ။ အမေက နီလာနားကပ်လိုချင်တာ ဒီပတ္တမြားကျတော့ ရှေးဟောင်းပတ္တမြား နားကပ်။ အရည်အသွေးကလည်း တအားကောင်းတယ်။ အဲဒါနဲ့ ဒါလေးဝတ်ပါဆိုပြီး အမေ့ကိုဝယ်ပေးလိုက် တာပါ။ မွေးနေ့အကြိုအဖြစ်လည်း သိန်း၅ဝ ကန်တော့သေးတယ်။ ကျွန်တော် ကတော့ အမေ့ဆီကနေ အမေ့ရဲ့ ထဘီအထက်ဆင့်စလေးကိုမွေးနေ့လက် ဆောင်အဖြစ် ပြန်တောင်းခဲ့ပါတယ်” လို့ပြောပြပါတယ်။ ဒီ့အပြင်သူ့မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အလှူအတန်းများကိုလည်း ဒိန်းဒေါင်က “ကျွန်တော်ကတော့ ထုံးစံ အတိုင်းပဲ မွေးနေ့မှာ ဆန်အိတ် ၃ဝ ဝေတယ်။ လာကြတဲ့သူတွေကို တစ်ပြည်စီ ဝေတယ်။ မွေးနေ့ကိုလာတဲ့ ကလေးအယောက် ၂ဝဝ လောက်ရှိမယ်။ သူတို့ကို မုန့်ဖိုးတစ်ယောက် ၁ဝဝဝ စီပေးတယ်။ ဘုရားမှာလည်းလှူတယ်”လို့ ထပ်မံ ပြောပြခဲ့ပါတယ်။ အခုလတ် တလောမှာတော့ ဒိန်းဒေါင်က ဒါရိုက်တာရာဇဝင်ကိုနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here