ဝလာတယ်လို့ ပြောကြတဲ့အပေါ် အားငယ်တာ ကြောက်ရွံ့တာမျိုးတွေ မရှိတော့ပါဘူး လှမျိုးသဉ္ဇာနွယ်

0
161

အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ် ယခုလက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေသလို နယ်ပွဲတွေမှာလည်း သီချင်းတွေ ဆိုဖြစ်နေတယ် လို့ဆိုပါတယ်။ အရင်ကတော့ ခန္ဓာကိုယ်အလေးချိန်တက်လာတာကြောင့် ပတ်ဝန်းကျင်ကထိုးနှက်တဲ့ ဒဏ်တွေကို မခံစားနိုင်ဘူုးလို့ လှမျိုးသဉ္ဇာနွယ်ကဆိုပါတယ်။ လှမျိုးသဉ္ဇာနွယ် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေက …

“အစ်မ အနုပညာအလုပ်တွေ နားလိုက်တဲ့ အကြောင်းရင်းတွေ ထဲမှာ ခန္ဓာကိုယ်အလေးချိန် တက်လာတာကြောင့်လည်း ပါတယ်။ ဝလာတဲ့အပေါ်မှာလည်း ပတ်ဝန်းကျင်က ထိုးနှက်တဲ့ဒဏ်တွေကို မခံစားနိုင်ဘူး။ ဒါကြောင့်လည်း ပါတယ်။ နောက်ပြီး အစ်မတို့ ရုပ်ရှင်ရိုက်တဲ့ အချိန်ထက်စာရင် အခုခေတ်ကလေးတွေက ပိုပြီးတော့ပိန်တယ်။ သေးသွယ်ကြတယ်။ ဒီအချိန် အစ်မတို့တွေက လူကောင်နှစ်ဆလောက် ကြီးလာ တယ်။ အဲဒီအပေါ်မှာ ထိုးနှက်မှုကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။

တစ်ခါတစ်ခါဆိုရင် အပြင်ကို မထွက်ချင်လောက် အောင်ကို ခံစားခဲ့ရတာတွေရှိတယ်။ ရင်ထဲမှာလေ ငါဝတာကိုများ သူပြောတော့မလားမသိဘူး။ ကဲ့ရဲ့တော့မလားဆိုပြီး တွေးရင်း စိတ်ပူရတယ်။ သာမန်လူတွေ ထက်စာရင် အနုပညာရှင်ဆိုတော့ အပြောခံရရင် နှစ်ပြားမတန်ခံခဲ့ရတာမျိုးတွေလည်းရှိတယ်။ အခုချိန်မှာတော့ သူတို့ ပြောသမျှကို ဝလာတယ်ဆိုလည်း အပြုံးလေးနဲ့ပဲ။ သိပ်ပြီးခံစားမနေတော့ဘူး။ အရင်လိုလည်း အားငယ် တာ ကြောက်ရွံ့တာမျိုးတွေလည်း မရှိတော့ပါဘူး” လို့ပြောပြပါတယ်။ လှမျိုးသဉ္ဇာနွယ်က လက်ရှိအချိန်မှာတော့ အသက် ၄ဝ အရွယ်ကို ရောက်ရှိလာပြီဖြစ်ပြီး ကျန်းမာရေးအတွက်ပဲ အဓိကထားပြီး လေ့ကျင့်ခန်းတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပိန်ဆေးနဲ့လုံးဝမတည့်တဲ့ လှမျိုးသဉ္ဇာနွယ်ရဲ့ ဝိတ်ချနည်းက … အစ်မလည်း အခုတစ်နေ့ကို နှစ်နာရီလမ်းလျှောက် တယ်။ အသီးအရွက်တွေပဲ စားတာလည်း နှစ်လ၊ သုံးလ လောက်ရှိပြီ။ အစ်မရဲ့ အသက်အရွယ်အရရယ်၊ ဟော်မုန်း ဆေးတွေ ထိုးထားတဲ့ဒဏ်တွေ ကြောင့် တော်ရုံနဲ့ ဝိတ်မကျဘူး။ နောက်ပြီး အစ်မက ပိန်ဆေးလုံးဝသောက်လို့ မရဘူး။ အခုတစ်နေ့နှစ်နာရီ လမ်းလျှောက်တာဆိုရင် လူက သေမတတ်ပါပဲ။ သို့သော်လည်း ကြည့်လိုက်ရင်တော့ လုံးဝပိန်ချုံးသွားတာမျိုးမရှိဘူး။ တစ်နေ့ကို Gym လေးနာရီ ဆော့တယ်။ အိပ်ထမတင်လည်း အခေါက်ပေါင်း ထောင်နဲ့ချီပြီး ရိုက်ခဲ့တယ်။ နှာခေါင်းသွေးတွေလည်းလျှံ၊ လေ့ကျင့်ခန်းလုပ်လို့ အရွတ်ပြဲသွားတာ နှစ်လ လောက် ကုလိုက်ရတယ်။ အစ်မက ပိန်ဆေး လုံးဝသောက်လို့ မရဘူး။ အရင်က လှမျိုးသဉ္ဇာနွယ်က ငယ်ရွယ်တယ်။ အမှားအမှန်လည်း ဝေဖန်ပိုင်စိတ်နည်းတယ်။

အစ်မကတော့ အခုလက်ရှိ လှမျိုးသဉ္ဇာနွယ် ဘဝကို ပိုကြိုက်တယ်။ ငယ်တဲ့အချိန် မှာ အလုပ်တွေချည်းပဲ တောက်လျှောက်လုပ်ခဲ့တယ်။ အခုအချိန် မှာတော့ အစ်မဘဝမှာ အနုပညာရော၊ စီးပွားရေး၊ မိသားစုအရေးရော၊ လူမှုရေးရော အဘက်ဘက်မှာ Balance ဖြစ်အောင်လုပ်နိုင်တဲ့အချိန်ပါ” လို့ ပြောပြပါတယ်။  ၂ဝ၁၈ခုနှစ် နှစ်ဦးပိုင်းမှာလည်း ဒါရိုက်တာ မျိုးထူးရိုက်ကူးမယ့်’ ယောက္ခမကတောဝါ’ လို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာလည်း လှမျိုးသဉ္ဇာနွယ်က ကျော်ရဲအောင်၊ စိုးသီဟ၊ ဆုမြတ်နိုးဦး တို့နဲ့အတူ ပါဝင်သရုပ်ဆောင် သွားမယ်လို့သိရပါတယ်

မြတ်မိုးပွင့်

ဓာတ်ပုံ – ဇေမင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here