စိတ်လှုပ်ရှား ပျော်ရွှင်ရတဲ့ မင်္ဂလာပွဲလေး ဖြစ်အောင် စီစဉ်သွားမယ် စန္ဒီမြင့်လွင်

0
227

သရုပ်ဆောင်၊ အဆိုတော် စန္ဒီမြင့်လွင်က မတ်လထဲမှာ သူ့ရဲ့ ချစ်သူ ကိုသီဟ လွင်နဲ့ လက်ထပ်မင်္ဂလာပွဲဆင်နွှဲ တော့မှာဖြစ်ပါ တယ်။ မင်္ဂလာလက် မှတ်ရေးထိုးပွဲ၊ မင်္ဂလာ ဆွမ်းကျွေးပွဲနဲ့ မင်္ဂလာညစာစားပွဲတွေကို မိ သားစု၊သူငယ်ချင်းတွေနဲ့ရိုးရိုးရှင်းရှင်းပဲ ကျင်းပ မှာဖြစ်ပြီး စုလျားရစ်ပတ် မင်္ဂလာပွဲကိုတော့ မတ်လ ၁၁ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်တို့ ချစ်သူ နှစ်ဦးက ချစ်သူသက်တမ်း တစ်နှစ်ခွဲ ရှိပြီဖြစ် တယ်လို့ သိရပါ တယ်။ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်ပုံကိုတော့ စန္ဒီမြင့်လွင် က…

”သူက ဒီးဒီအပေါ်တအား ချစ်ပါတယ်။ သဘောထားလည်း ကြီးတယ်။ တအားလည်း လူကြီးဆန်တယ်။ ဒီးဒီအပေါ် တကယ်လည်း ချစ်တယ်။ ကိုယ်လည်း သူ့အပေါ်တကယ် ချစ်လို့ ရွေးချယ် ဖြစ်တာပါ။ သူ့ကို သဘော ကျတဲ့ အချက်က ဒီးဒီကိုလိမ်တာ၊ ညာတာ မရှိဘူး။ ရိုးသားတယ်။ ဒီးဒီနဲ့လည်း ရန်တအား ဖြစ်တာ မရှိဘူး။ သဘောထားကြီးတယ်။ ဒီးဒီ တကယ် အားကိုးရတဲ့ ယောက်ျား တစ်ယောက် ပါ” လို့ ပြောပါတယ်။

စန္ဒီမြင့်လွင်က pre wedding အလှ ဓာတ်ပုံတွေကို ပုဂံ၊ ထိုင်းနိုင်ငံနဲ့ ရန်ကုန် မြို့ တွေထဲမှာ ရိုက်ကူးထားပါတယ်။ မင်္ဂလာပွဲ အတွက် ရင်ခုန်နေတဲ့ စန္ဒီမြင့်လွင်က…

”မင်္ဂလာပွဲက အခုကတည်းက ပြင် တော့ပြင်ဆင်နေပြီ။ ရင်တော့ခုန် တယ်။ အား လုံးကလည်း ဝိုင်းပြီးတော့ ကူညီကြတယ်။ အားလုံး ပျော်ပျော်ပါးပါးနဲ့ စိတ်လှုပ်ရှား ရင်ခုန်စရာပွဲ လေးပေါ့။ အလွန်ပျော်စရာ ကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်အောင် စီစဉ်သွားမှာပါ” လို့ပြောပါတယ်။

စုလျားရစ် ပတ်မင်္ဂလာပွဲမှာ စိုးပြည့်သဇင် နဲ့ သင်ဇာဝင့်ကျော်တို့ ပန်းကြဲမှာဖြစ်ပြီး သတို့ သားသတို့သမီးအရံတွေကိုတော့ ရွေးနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ စုလျားရစ် ပတ်မင်္ဂလာပွဲမှာ ဒီဇိုင်နာမင်းသက်စံဖန်တီးတဲ့ မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်မှာဖြစ်ပြီး ညစာ စားပွဲမှာတော့ ဒီဇိုင်နာမပုံ့ရဲ့ ဝတ်စုံကို ဝတ် ဆင်မှာဖြစ်ကြောင်း သိရပါတယ်။

မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်တစ်ဘဝလုံးလက်တွဲသွားရ မယ့် ဘဝ လက်တွဲဖော်ကို ဘယ်လို အချက်အလက်တွေနဲ့ ရွေးချယ်သင့်သလဲဆိုတာကိုတော့ စန္ဒီမြင့် လွင်က …

”အဓိကကတော့ နှလုံးသားရော ဦး နှောက်ရော နှစ်ခုစလုံးနဲ့ ဆုံးဖြတ် ရတာပါ။ နှလုံးသားတစ်ခုတည်းနဲ့လည်း ရွေးလို့မရဘူး။ ဒီးဒီတို့ အသက်အရွယ်တစ်ခုရောက်ရှိလာ ပြီဆိုတော့ ဦးနှောက်နဲ့ ပဲရွေးချယ် လို့မရဘူး။ နှလုံးသားနဲ့ဦးနှောက်ကို သေသေချာချာ ယှဉ်ပြီးရွေးချယ်ရပါတယ်။ကိုယ်လည်း တကယ် ချစ်တဲ့သူ၊ ကိုယ့်ကိုယ်လည်း တကယ်ချစ်ပြီး ကိုယ့်ဘဝတစ်ခုလုံး အတွက် အားကိုးရတဲ့ ယောက်ျားမျိုး ဖြစ်ရင် မိန်းကလေးတွေအတွက် ပိုကောင်းတာပေါ့” လို့ပြောပါတယ်။

အိမ်ထောင်ကျပြီးရင်လည်း အနုပညာ အလုပ်တွေ ဆက်လုပ်သွား မှာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်ထဲမှာ သီချင်း အသစ်တွေ ထွက်ဖို့ရှိသလို တစ်ကိုယ်တော်စီးရီးခွေလည်း ထွက်ရှိဖို့ ကြိုးစားမှာဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြော ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here