အသက် ၃ဝ ပြည့်မွေးနေ့ရှင် သရုပ်ဆောင် ဇေရဲထက် ဖြစ်ချင်တဲ့ဆန္ဒ

0
185

သရုပ်ဆောင် ဇေရဲထက်က ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ သူရဲ့ အသက် ၃ဝ ပြည့်မွေးနေ့အလှူကို မြောက်ဒဂုံရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ၊ သဘာဝတရားရိပ်သာ (သန်လျင်)၊ မိဘမဲ့ကလေး ကျောင်း တို့မှာ အလှူအတန်းများသွား ရောက်ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ အလှူနဲ့ပတ်သက်ပြီး ဇေရဲထက်က . . .

”အရင်ကဆိုတစ်နေရာတည်းပဲ စုလှူလိုက်တာရှိတယ်။အခုအလှူကျ တော့ ကျွန်တော့်မွေးနေ့မှာ အား တဲ့ရက်လည်းဖြစ်တယ်။အလှူရှင် တွေကလည်း ကျွန်တော့်မွေးနေ့မှာအားလုံးကဝိုင်းဝန်းပြီးလှူပေးကြ တယ်။ ကျွန်တော့်မွေးနေ့မှာပါဝင် လှူဒါန်းကြတဲ့သူများကတော့ ကျွန်တော့်ရဲ့ မွေးစားအဖေအမေ ဦးခင်မောင်အေး + ဒေါ်ရွှေလေး၊ J’Donut မှ ဦးဂျိုးဇက်၊ နောက်တစ်ခု က ဇလပ်ဝါရယ်၊စိန်ပလောင်ရယ်၊ ကိုကိုချိုက Lotus ကိတ်ခြောက် ရယ်ပါပါတယ်။ ကျွန်တော့်အ နေနဲ့ကတော့ အင်္ကျီတွေနဲ့ ဒံပေါက် ပွဲ ၅ဝဝ တို့ကိုလှူဒါန်းခဲ့ပါတယ်။ ကျွန်တော်အခုလိုတစ်ခါမှ မလုပ်ဖြစ် ပါဘူး။ လုပ်ဖြစ်တဲ့ရည်ရွယ်ချက်က လည်း အကျိုးအကြောင်း ညီညွတ် တာလည်းပါတယ်။အလုပ်အားတာ လည်းပါတယ်။အလှူ့ဒါယကာတွေ ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီလို လေး ကြီးကြီးကျယ်ကျယ်လှူဖြစ် သွားတာပေါ့။ ကျွန်တော်လှူချင်တဲ့ စိတ်ရှိနေတဲ့အချိန်မှာ လှူခွင့် ရလိုက်လို့ အဲဒီအတွက်တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ပရိသတ် တွေဆီကလည်း လက်ဆောင်တွေ အများကြီးရပါတယ်။အဲဒီအတွက် လည်း ကျွန်တော်အများကြီးဝမ်းသာပါတယ်ခင်ဗျ” လို့ပြောပြပါတယ်။

အသက်၃ဝ ပြည့်မွေးနေ့မှာရရှိလာတဲ့အသိတရားများနဲ့ မိသားစု အတွက် တာဝန်ကျေတဲ့ သားကောင်း တစ်ယာက် ဖြစ်ချင်ကြောင်းကို ဇေရဲထက်က…

” အသိတရားကတော့ အများ ကြီးပေါ့။ ပြောရင် တော့ ဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန် တော် ဇေရဲထက်က ဇေရဲ ထက်ပဲ။ ထွက်လာ ခါစဇေရဲထက်နဲ့အခု ဇေရဲထက်က အတူ တူ ပါပဲ။ ပြောင်းလဲမှုမရှိဘူး။ပြောင်းလဲမှု ကတော့သူ့ အချိန် အခါပေါ်တော့ မူတည်တာပေါ့။ ကျွန်တော်ဒီအလုပ် ကို ရေရှည် လုပ်မယ်လို့ မဆိုလိုဘူး။ စီးပွားရေး လည်းလုပ်မယ်လို့လည်း မဆိုလိုဘူး။ ဒါပေမဲ့ ဒီအလုပ်ကို ကျွန်တော် အကျိုးအကြောင်း တိုက်ဆိုင်ရင် တော့ လုပ်ဖြစ်သွား လိမ့်မယ်။အကျိုး အကြောင်း မညီ ညွှတ်ရင်လည်း လုပ်ဖြစ်မှာ မဟုတ် ဘူးပေါ့လေ” လို့ပြောပါ တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး တော့လည်း ဇေရဲထက်က . . .

”လောလောဆယ်မှာ တော့မရှိသေးပါဘူး။ ကျွန်တော် အေးဆေးပဲ နေချင်ပါ သေးတယ်။ ကျွန်တော့် မိသားစု အတွက်၊ ကျွန်တော့်နိုင်ငံအတွက်၊ ကျွန်တော့်မြို့နယ်အတွက် ဘာမှလုပ် ပေးနိုင်တာမရှိသေးဘူး။ အဲဒီတော့ ကျွန်တော် အားလုံးလုပ်ဆောင်ပြီးမှပဲ စဉ်းစား မယ်။ အတ္တကြီးတယ်ပဲ ပြောပြောကျွန်တော့်မိသားစုကို အကြီးတစ်ယောက် အနေနဲ့ တာဝန် ကျေတဲ့ သားကောင်း တစ်ယောက် တော့ဖြစ်ချင်တယ်။ ကျွန်တော့် မိသားစုအတွက် ကျွန်တော်ကတော့ တတ်နိုင်သလောက် လုပ်ပေးသွား မှာပဲ။ အဓိကကတော့ ကျွန်တော့် မိသားစု အေးအေး ချမ်းချမ်းနေရ ရင်ပြီး တာပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here