သွားတိုက်နေတဲ့ပုံ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပျံ့နှံ့သွားတဲ့အပေါ် တရားစွဲမှာမဟုတ်ကြောင်း G.Fatt ဖွင့်ဟ

0
357

G.Fatt သွားတိုက်နေတဲ့ပုံက လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်တစ်လွှားမှာတော့ တော်တော်လေးကို Hit ဖြစ်သွားပြီး ဝိုင်းပြီးTroll ကြတဲ့ပုံတွေလည်း အများကြီးရှိခဲ့ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးG.Fatt တစ်ယောက် ဘယ်လိုတွေ ခံစားနေရမလဲဆိုတာ မေးဖြစ်တဲ့အခါ

”တချို့ပရိသတ်က ကျွန်တော် ဒီဟာကို Feel ဖြစ်နေမလား၊ ဒီဟာကို မကျေမနပ်ဖြစ်နေမလားရယ်လို့ Troll တဲ့သူတွေအပေါ်မှာ ရန်ရှာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ စိတ်ခံစားမှုအရပေါ့။ ဒါပေမဲ့ ကျွန်တော် အဲဒီလိုမဖြစ် စေချင်ပါဘူး။ သူတို့လည်း ကျွန်တော့်ကို မုန်းလို့ Troll တယ်လို့ မယူဆပါဘူး။ ဒါက ဟာသဖြစ်နေတာကိုး။ သူတို့နေရာက သွားကြည့်ရင်လည်း ကျွန်တော်က သာမန်ပရိသတ်တစ်ယောက်ယောက်ဆိုရင် ကျွန်တော်လည်း နောက်ချင်မိမှာပဲ။ အဲဒါကို ကိုယ်ချင်းစာပါတယ်။ အေးဆေးပါ” လို့ သူက ရိုးသားစွာ ဖွင့်ဟလာပါတယ်။

သွားတိုက်နေတဲ့ပုံကြီး ဖေ့စ်ဘုတ်ခ်မှာ စတင်ပျံ့နှံ့သွားပုံအကြောင်းကိုလည်း G.Fatt က ”အဲဒီပုံက ဒီလိုပါဗျာ။ သူငယ်ချင်းတစ်ယောက်က မွေးနေ့မှာ Birthday Wish လုပ်လိုက်တာ။ သူနဲ့ကျွန်တော်နဲ့ ပေါင်းတာ တော်တော်ကြာပြီဗျ။ ကျွန်တော်ငယ်ငယ်တုန်းကပုံကို သူကအဲဒီလိုလုပ်လိုက်တော့ ပျော်စရာဖြစ်တယ် (ရယ်လျက်)။ ရယ်စရာဖြစ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်တာတွေ၊ Stress ဖြစ်တာတွေ မရှိပါဘူး။ စစချင်းတော့ လူငယ်ပဲဗျာ။ ရှက်ပြီးတော့ စိတ်ဆိုးတာပေါ့။ ဒီကောင့်ကို ဖုန်းဆက်ပြီးတော့ ပြောတာပေါ့။ ဟေ့ကောင်…မင်းက အဲဒီလောက်ကြီးတော့ ငါ့ကိုမလုပ်သင့်ဘူး။ ဘာညာပြောတာပေါ့။ ဒီကောင်ကလည်း ချက်ချင်း ပြန်ဖျက်ပါတယ်။ ဒါပေမဲ့ မမီတော့ဘူး။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်အတွက်က အေးဆေးပါပဲ။ ဟာသတစ်ခုလိုပါပဲ။ အားလုံးလည်း ပျော်နေကြတာပဲလေ။ ပျော်ဖို့ကောင်းပါတယ်” လို့ ရှင်းပြပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ တင်တဲ့သူတွေကို G.Fatt က တရားစွဲဆိုတော့မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ”ကောလာဟလတွေ၊ လျှောက်ဖွတဲ့ သတင်းတွေကို မယုံစေ ချင်ကြောင်း” ဆိုပြီး သူ့ဖေ့စ်ဘုတ်ခ်မှာ ရေးသားထားပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here