အရေးကြီးဆုံး တစ်အချက်က သူတို့ အိမ်ထောင်တည်မြဲဖို့နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ အရေး ကြီးပါတယ် လွင်မိုး နဲ့ မေသူ

0
205

ပရိသတ်ချစ်ခင်အားပေးမှု အများအပြားရရှိနေတဲ့ ယွန်းဝတီလွင်မိုးက အသက် ၁၉ နှစ်အရွယ်နဲ့ကျောင်းမပြီးသေးဘဲ မင်္ဂလာဆောင်သွားတဲ့အတွက် ပရိသတ် တွေကလည်း နှမြောတသဖြစ်ခဲ့ကြပါတယ်။ အသက်ငယ်ရွယ်သေးတဲ့အတွက် မိဘ တွေအနေနဲ့ သမီးကိုနှမြောပေမယ့်လည်း အများကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ကြောင်းကို လွင်မိုးက”နှမြောတာတော့ မိဘကပိုနှမြောတာပေါ့ဗျာ။ ဒါပေမဲ့ နှမြောတာတစ်ခုတည်းကိုပဲကြည့်လို့မရဘူး။ အနေအထားတွေက အများ ကြီးရှိတယ်။ သူတို့ကဖြတ်သန်းရတဲ့ Life နဲ့ Nature တွေက မတူတာတွေရှိ တယ်။ သူတို့ကသြစတြေးလျမှာနေပြီးတော့ ကျောင်းတက်တဲ့သူတွေဖြစ်သွား ကြပြီ။ သူတို့ဟာတစ်ယောက်နဲ့တစ်ယောက် ချစ်သူရည်းစားတွေဖြစ်ပြီးတော့ သူတို့က တစ်ဦးနဲ့တစ်ဦးလက်ထပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကိုက ကျွန်တော်တို့ က ဒီခေတ်ကာလမှာတော်တော်လေးကြိုဆိုရမယ့် အနေအထားမျိုးဖြစ်တယ်။ ကျွန်တော်တို့နှစ်ဖက်မိဘတွေ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာရော သူတို့ရဲ့ တကယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ရော ကျွန်တော်တို့အနေနဲ့ ဘာမှငြင်းစရာမရှိတဲ့အတွက် ဒီပွဲက မြန်မြန်ဆန်ဆန်ဖြစ်သွားတာပါ”လို့ဆိုပါတယ်။

သမီးဖြစ်သူကို အိမ် ထောင်ချပေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူမေသူကလည်း “သူကျောင်းသွား တက်မယ်ဆိုကတည်းက ဒီကလေးကလည်းလိုက်သွားတယ်ဆိုတော့ လိုက်သွား မှာလား။ ခေးလေးကိုတကယ်မေတ္တာရှိပြီလားပေါ့။ နှစ်ဖက်မိဘတိုင်ပင် ဆွေးနွေးပြီးတော့ လွန်ခဲ့တဲ့ ၆ လကတည်းက စေ့စပ်ထားလိုက်တာပါ။ အခု သူတို့ပြန်လာတော့ လက်ထပ်ချင်တယ်ဆိုတော့လည်း နှစ်ဖက်မိဘကလည်း ငြင်းစရာမရှိတော့ လက်ထပ်ပေးလိုက်တာပါ။ နည်းနည်းတော့ငယ်သေးပေ မယ့်လည်း မိဘရဲ့အုပ်ထိန်းမှုအောက်မှာပဲ သူတို့နှစ်ဦးရဲ့ဘဝကိုကျောင်းပြီး အောင် ဆက်တက်ပြီးတော့ ဆက်ပြီးကျော်ဖြတ်သွားမှာပါ”လို့ သူ့ရဲ့ သဘောထားကိုပြောပါတယ်။

သမီးမိန်းကလေးဖြစ်တဲ့အတွက် စိတ် ပူစရာတွေကလည်းများစွာရှိနေပြီး သူတို့နှစ်ဦးအိမ်ထောင်တည်မြဲဖို့နဲ့ ပျော်ရွှင်ဖို့သာ အဓိကပါပဲလို့ဆိုတဲ့ လွင်မိုးက”ငယ်တဲ့ကိစ္စကတော့ တဖြည်းဖြည်းနဲ့ အသက်ကြီး လာမှာပေါ့။ သူ့ဟာသူဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တော့ သိပ်စိတ်မပူဘူး။ တစ်ခုတော့ရှိတာက စိတ်ပူတဲ့အပိုင်းတွေက အမျိုးမျိုးရှိတယ်လေ။ အခုငယ်လို့ လက်ထပ်ပေးလိုက်လို့ စိတ်ပူတာတစ်မျိုးရှိသလို၊ လက်မထပ်ပေးဘဲနဲ့ သူ့ရဲ့ဟိုမှာ ကြီးပြင်းလာမယ့်အပိုင်းမှာ ဘာတွေဖြစ်မလဲဆိုတာ စိတ်ပူစရာတွေကရှိတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆက တစ်ယောက်နဲ့တစ်ယောက် ဖူးစာပါလို့ ဆုံကြရတာရှိတယ်။ အရေးကြီးတာကတွေ့တာလည်းအရေးမကြီးဘူး။ ချစ်တာက လည်းအရေးမကြီးဘူး။ လက်ထပ်တာလည်းအရေးမကြီးဘူး။ အရေးကြီးဆုံး တစ်အချက်က သူတို့အိမ်ထောင်တည်မြဲဖို့နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ အရေးကြီး တယ်။ အဲဒါတွေကတော့ မိဘတွေတိုက်တွန်းပေးရဦးမှာပါ။ ကလေးတွေက မိဘ တွေကို အတုယူရမှာပေါ့။ အထူးသဖြင့် သူ့အဖေနဲ့အမေကို အတုယူရမယ်။ ပျော် ပျော်ရွှင်ရွှင်ဖြစ်ချင်တာပေါ့။ Life က ကိုယ့်ဘာသာ ကိုယ်တည်ဆောက်ရတာကိုး။ ဒါပေမဲ့ ကလေးတွေကငယ်ရွယ်သေးတဲ့အတွက် ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သင်ပေးရမယ့်အပိုင်းတွေရှိတယ်။ ကျွန်တော်တို့မြင်တာတော့ ကောင်လေးရဲ့ မိဘတွေကလည်း ရိုးရိုးသားသားလေးတွေရှိတယ်။ ကောင်လေးရဲ့ပုံစံကလည်း အားလုံး သိတဲ့အတိုင်းပဲ။ မိဘတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်ဖော် ဖော်ရွေရွေရှိတယ်။ တစ်ဖက်နဲ့တစ်ဖက်ပြေပြေလည်လည်ရှိတယ်။ သူတို့ နှစ်ယောက်ကလည်း တကယ်ချစ်တယ်ဆိုတော့ ဒီတစ်ချက်နဲ့တင် ပြည့်စုံတဲ့အနေအထားတစ်ခုပါပဲ”လို့ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here