မွေးနေ့ပြီးလို့ အသက် တစ်နှစ်ကြီးလာတိုင်း ဘာသာရေးကိုပိုလုပ်ဖို့ အဓိဋ္ဌာန် ဝင်လုပ်ဖြစ်တဲ့ တေးသံရှင် နီနီဝင်းရွှေ

0
290

၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်နေ့က မြန်မာသံအဆိုတော် တစ်ဦးဖြစ်သလို ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ နီနီဝင်းရွှေရဲ့ မွေးနေ့ဖြစ်ပါတယ်။ အမေရိကမှာ နေထိုင်တဲ့ နီနီဝင်းရွှေက တိုက်တိုက် ဆိုင်ဆိုင်ဆိုသလို သူမမွေးနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိနေတဲ့ အခိုက်အတန့်လည်း ဖြစ်ပြန်တော့ မွေးနေ့မှာ အလှူအ တန်းလေးတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဗဟန်းမြို့နယ်ရှိ ယောဆရာတော် သီတင်းသုံးတော်မူသော မဟာဝိ သုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက်မှာ ဆရာတော်ဘုရားအား ဖူးမြော်ရင်း နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့တဲ့ နီနီဝင်းရွှေက ……

”ဒီနှစ်ကတော့ မွေးနေ့၊ မွေး ရက်တိုက်တယ်ပေါ့နော်။ စနေနေ့မှာ မွေးတဲ့သူဆိုတော့ ဒီနေ့ ဒီဇင်ဘာလ ၃ဝရက်နေ့မှာ အစ်မ မွေးနေ့နဲ့ တိုက်ဆိုင်ပါတယ်။ ဒါကြောင့်မို့လို့ ယောဆရာတော်ကြီးဆီမှာ ကောင်း မှုကုသိုလ် ဝတ္ထုငွေလေးလာကပ်ပြီး တော့မွေးနေ့အတွက် အလှူပြုလုပ် တာပါ။ မွေးနေ့ကတော့ အမြဲတမ်း ကြီးကြီးကျယ်ကျယ်လုပ်လေ့မရှိပါ ဘူး။ ပြီးခဲ့တဲ့ နှစ်ကတော့ မနီရဲ့ တစ် ကိုယ်တော်ပွဲကို အမျိုးသား ဇာတ်ရုံမှာလုပ်တယ်။ အဲဒါလေးက တော့ မှတ်မှတ်ရရနဲ့ ပွဲကြီးလို့ပဲပြော ရမှာပေါ့လေ။ စည်စည်ကားကား ပရိသတ်နဲ့ရော၊ ကိုယ့်ရဲ့ တေးချစ် ဆရာသမားတွေနဲ့ရော ခမ်းခမ်းနား နားလေးလုပ်ဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။

တစ်နှစ်ပြီးတစ်နှစ် မွေးနေ့တွေ ကို ဖြတ်သန်းတဲ့အခါ အနာဂတ်အ တွက်ကြိုတင်စဉ်းစားမိတဲ့ Plan လေးတွေ မနီအနေနဲ့ရှိမှာပေါ့။ လို့ဆိုတော့…..”ဘုရား၊ တရား လုပ်တာကအစ ဒီအသက်အရွယ်မှာ ပိုပြီးတော့အဓိဋ္ဌာန်ပိုလုပ်ရမယ်။ ဘုရားဂုဏ်တော်တွေ၊ ပရိတ်တော် တွေ၊ ပဋ္ဌာန်းတွေ၊ ဓမ္မစကြာတွေ နေ့စဉ်ရွတ်ရမယ်။ ပုတီးကိုလည်း ကိုယ်စိပ်နေကျထက် အချိန်လေး တစ်ခု ပိုပြီးတော့ သတ်မှတ်ပြီး မပျက်မကွက် လုပ်ရ တော့မယ်ဆိုတာ ကို နှစ်တွေ ကြီးကြီး လာတာနဲ့အမျှ အစ်မပိုပြီးတော့ လုပ်ဖြစ်လာပါတယ်။ နောက်ပြီး တွေးမိတာပေါ့လေ။ သြော်….. အသက်တွေက အ ရင်ကနဲ့ မတူတော့ဘူး။ ရုပ်က လေးတွေပြန်ကြည်ရင် လည်း မတူ တော့ဘူးလေ။ တရား တော့ရလာ တယ်။ နောက်တစ်ခု အစား အသောက်၊ အနေအထိုင်က အစ ပိုပိုပြီး ဂရုစိုက် ဖြစ်လာတာပေါ့” လို့ နီနီဝင်းရွှေက ပြောပါတယ်။ ဒီဇင်ဘာ လ ၁၆ရက် နေ့က မြန်မာနိုင်ငံကို ခေတ္တခဏ ပြန်လည်ရောက်ရှိလာခဲ့တဲ့ နီနီဝင်း ရွှေက ဇန်နဝါရီလ ၁၁ရက် နေ့မှာ အမေရိကန်နိုင်ငံကို ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here