တစ်ကိုယ်တော် ဖျော်ဖြေပွဲ မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် အခွေ ထုတ်သွားမယ့် တေးသံရှင် မို့မို့

0
364

အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေ သီဆိုလေ့ရှိတဲ့အဆို တော် မို့မို့က Simply Acoustic တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ရက်နေ့က Mercedes – Bens Myanmar Showroom မှာ ပြုလုပ်ခဲ့ပြီး ဒီဖျော် ဖြေပွဲကို လာရောက်မကြည့်ရှုလိုက်ရသူတွေအတွက် အခွေထုတ်သွား မှာဖြစ်ကြောင်း ပြောပါတယ်။ ဒီဖျော်ဖြေပွဲမှာ မို့မို့နဲ့အတူ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝေလနဲ့ ဖြိုးပြည့် စုံတို့ကပါဝင်သီဆိုပေးခဲ့သလို မိခင်ဖြစ်သူဖြူသီနဲ့လည်း တွဲဖက် သီဆိုခဲ့ပါတယ်။

”အစ်မရှိုးကို DVD အဖြစ်နဲ့ ပြန်ထုတ်မယ်။ CD လည်းပါမယ်။ အစ်မလုပ်တဲ့ ရှိုးက လူတွေအများကြီး မဟုတ် ဘူး။ ပြီးတော့ Live လည်း မလွှင့်ဘူး။ မလွှင့်ဘူးဆိုတာက ကိုယ့်ဟာကိုယ် စိတ်တိုင်း ကျအကုန်လုံး Editing လုပ်တာက အစ၊ အသံကွာလတီရော စိတ်တိုင်းကျဖြစ်စေချင်တယ်။ အဲဒီအတွက် ကြောင့် Live မလွှင့်လိုက်ဘူး။ သူများတွေက ပြောကြတယ်။ ကြည့်ချင်ရက်သားနဲ့ မကြည့်လိုက်ရတဲ့ ပရိသတ်တွေ အတွက်ကျတော့ အစ်မအခွေ ထုတ်ပေးပါ့မယ်။ အဲဒါလေး အရင်လုပ်နေတယ်” လို့ပြောပြီး အခွေထွက်ဖို့ အခုမှ စလုပ်နေတဲ့အတွက် ဘယ်တော့ထွက်ဖြစ်ဦးမလဲဆိုတာ မသိနိုင်သေးကြောင်း မို့မို့ကပြောပါတယ်။ တစ်ကိုယ်တော်ဖျော် ဖြေပွဲပြီးသွားတဲ့အခါမှာတော့ လိုအပ်တာလေးတွေကို ပြန်မြင် ပေမယ့် တစ်ပွဲလုံးကိုတော့ ကျေနပ်အားရမှုရှိခဲ့ပါတယ်လို့ ဆိုပါ တယ်။

အခုအချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင် မိပြီးအနုပညာအလုပ်တွေကိုလည်း ပြန်လုပ်သွားမှာပါဆိုတဲ့ မို့မို့က . . .

”အနုပညာအလုပ်တွေကတော့ လုပ်ဖြစ်မှာပါ။ တစ်ကိုယ် တော်အခွေအနေနဲ့ကတော့ နည်းနည်းတော့ ဝေးဦးမယ်။ သီချင်း တွေလည်း သိပ်မရှိသေးဘူး။ သီချင်းပုံစံကတော့ မပြောင်းပါဘူး။ အစ်မကြိုက်တဲ့ ပုံစံတွေပဲ ဆိုဖြစ်သွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here