ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ – ၂ အတွက် ရင်အေးခဲ့ရပြီဖြစ်တဲ့ ယုန်လေး

0
190

လူငယ်ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုချင်နေကြတဲ့ ‘ကိုယ့် သမိုင်းကိုယ်ရေးကြသူများ-၂’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသ ခွင့်ရရှိခဲ့ပြီလို့ သရုပ်ဆောင်အဆိုတော် ယုန်လေးကပြောပါတယ်။

”ဇန်နဝါရီ ၁၂ရက်နေ့ ရုံတင်ခွင့်ရသွားပါပြီ။ ၁၄ရက်နေ့ Junction City မှာ မနက် ၁၁ နာရီ၊ နဝဒေးမှာ နေ့ခင်း ၃ နာရီ အကုန်လုံး လက်မှတ် ထိုးပါမယ်။ နဝဒေးမှာ သီချင်းဆိုဖို့ အစီအစဉ်ပါရှိပါတယ်” လို့ ယုန်လေးထံမှ သိရပါတယ်။

ဒီဇာတ်ကားက နာမည်ကြီး သရုပ်ဆောင်တွေမပါလို့ ရုံတင်ပြသခွင့် ကြန့်ကြာခဲ့တာတွေ ရှိသေးတယ်နော်။ အဲဒီ ကာလက အခက်အခဲတွေက ဘာတွေလဲလို့မေးတော့…”အဲဒီတုန်းကတော့ တင်းပြီးတော့ ပြောလိုက်တာပေါ့။ ပရိသတ်ရှေ့မှာ ဒေါသဖြစ်တာတော့ မကောင်းဘူးပေါ့ ဗျာ။ အဲဒီလို အငြိမ်မနေဘဲ လှုပ်လှုပ်ရှားရှားနဲ့ မရရ အောင်တင်မယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့ကြိုးစားလို့ အခုလို ရုံတင်ခွင့်ရသွားတာပါ။ ကြာသွားလေလေ အနုပညာ က မကောင်းလေလေပဲဗျာ။ အခုရိုက်ကူးထားတဲ့ကား မနက် ဖြန် ရုံတင်ပြသနိုင်ရင်တော့ အကောင်းဆုံးပေါ့။ နောက်ထပ် ၂ နှစ်လား၊ ၃နှစ်လား မသိတဲ့ဟာကြီးကတော့ ဘယ်ကောင်းပါ့ မလဲ။ အခု အဲဒီဇာတ်ကားကို ပြန်ကြည့်တာတော့ ကျွန်တော် တော်တော်လေးကို သဘောကျပါတယ်။ ပျော်စရာလေးတွေ လည်း ပါပါတယ်” လို့ ယုန်လေးကပြောပါတယ်။ ‘ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ-၂’ က ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ယုန်လေး ရဲ့ ရင်ခုန်မှုက… ”၂ ကတော့ ရုပ်ရှင်ကားကြီး။ ၁ ကတော့ ဒီဗီဒီကားကြီးပေါ့နော်။ ၁ လည်း ရုပ်ရှင်ရုံတင်ပြသတာပဲ။ ၁ မှာ ပရိသတ်အားပေးမှုရခဲ့လို့ ကျွန်တော်က ဒီလောက မှာရပ်တည်ခွင့်ရတာပါ။ ရင်ခုန်ပါတယ်” လို့ ယုန်လေးက ပြောပြခဲ့ပါတယ်။ အကယ်ဒမီဆုပေးပွဲ ကျင်းပရက်နားလည်း နီးလာပြီဆိုတော့ ယုန်လေးတို့ဇာတ်ကားတွေ အကယ်ဒမီမျှော်မှန်း ထားသေးလားလို့မေးဖြစ်တော့ သူငယ်ချင်းဖြစ်သူ မြင့်မြတ်ကိုတော့ ရစေချင်ကြောင်း ယုန်လေးက ပြောပြပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here