ရန်ကုန်မှာပြုလုပ်မယ့် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့ နှစ် ၁ဝဝ ပြည့် သဘင်ဖျော်ဖြေပွဲ

0
416

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ နှစ် ၁ဝဝပြည့်မွေးနေ့ အမှတ်တရ သဘင်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ ရွှေမန်းမိသားစုက စီစဉ်နေကြပါ ပြီ။ရွှေမန်းတင်မောင်က ဒီနှစ်ထဲမှာပဲ နှစ် ၁ဝဝ ပြည့် မှာ ဖြစ်တဲ့အတွက် ပွဲကိုဒီနှစ်ထဲမှာပဲ ရန်ကုန်မှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ရွှေမန်းဦးတင်မောင်ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဦးညွန့်ဝင်းကလည်း ဖခင်ဖြစ်သူရဲ့ပွဲကိုလုပ်ဖို့ စိတ် ဆန္ဒပြင်းပြနေပါတယ်။အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ နှစ် ၁ဝဝပြည့်မွေးနေ့ အမှတ်တရ သဘင်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ ရွှေမန်းမိသားစုက စီစဉ်နေကြပါ ပြီ။ရွှေမန်းတင်မောင်က ဒီနှစ်ထဲမှာပဲ နှစ် ၁ဝဝ ပြည့် မှာ ဖြစ်တဲ့အတွက် ပွဲကိုဒီနှစ်ထဲမှာပဲ ရန်ကုန်မှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ရွှေမန်းဦးတင်မောင်ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဦးညွန့်ဝင်းကလည်း ဖခင်ဖြစ်သူရဲ့ပွဲကိုလုပ်ဖို့ စိတ် ဆန္ဒပြင်းပြနေပါတယ်။

”ဖေဖေရဲ့ နှစ် ၁ဝဝ ပြည့်ပွဲကို ကိုကြီးရဲ့ အိုင်ဒီယာကိုယူပြီး မင်းလုပ်ပေးဖို့ မင်းအဆင် သင့်လုပ်တော့လို့ ကိုကိုကြီးက ပြောပါတယ်။ ဖေဖေ့ရဲ့ အနှစ်သာရရှိတဲ့နောက်ပိုင်း ဇာတ်တော် ကြီးတွေကို ကောက်နုတ်ချက်အနေနဲ့ပြမယ်။ အနှစ်၈ဝ ပြည့်ပွဲတုန်းက ဖေဖေရဲ့ပြဇာတ်တွေ ကပြခဲ့ကြတယ်။ အခုတစ်ခေါက်ကတော့ ဖွားတော်မူခန်းတို့၊ လေးတော်တင်ခန်းတို့၊ တောထွက်ခန်းတို့၊  လယ်ထွန်မင်္ဂလာတို့၊ ဝိမာနတို့ အစရှိသဖြင့်ပေါ့လေ။ ဖေဖေ့ရဲ့ တကယ်ကိုနာမည်ကြီးခဲ့တဲ့ ဇာတ်ထုပ်ကြီး တွေထဲကနေပြီးတော့ လက်ရွေးစင်ကောက်နုတ်ချက်တွေကို တင်ပြမယ်။ ဦးချမ်းကိုယ်တိုင်ကလည်း ပါဝင်သရုပ်ဆောင်မယ်။ တကယ့်ကို နောက်ပိုင်းပညာရပ်တွေကို စွမ်းစွမ်း တမံစွမ်းဆောင်နိုင်တဲ့ ပညာရှင်တွေကို တလေးတစားခေါ်ပြီးတော့ ကပြပေးဖို့ ဦးချမ်းတို့ တောင်းဆိုပါမယ်။ ဒီပွဲကြီးကတော့ နောက်ပိုင်းဇာတ်တော်ကြီးကို တမ်းတနေကြတဲ့ လူတွေအားလုံး အလင်္ကာကျော်စွာရဲ့ နောက်ပိုင်း ဇာတ်တော်ကြီးတွေကို တစ်ထိုင်တည်းနဲ့ တွေ့သွားမှာပါ” လို့ ပွဲနဲ့ပတ်သက်လို့ ဦးချမ်းသာကပြောပြပါတယ်။ ပွဲကြီးနဲ့ပတ်သက်လို့ အကြမ်းဖျင်းအနေနဲ့ အစီအစဉ်ချနေပြီဖြစ်ပြီး ကော်မတီတွေခွဲပြီး တာဝန်တွေအသီးသီးခွဲကာ ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း ရွှေမန်းမိသားစုထံမှသိရပါတယ်။ ”ဖေဖေ့ရဲ့ ဂန္ဒဝင်အဆီအနှစ်တွေက အများကြီးပဲ။ တင်ပြမယ်ဆိုရင် မရိုးနိုင်အောင်ကို အဆင်အသင့်ရှိပါတယ်။ ဦးချမ်းတို့မှာ အခက်အခဲများစွာ ရှိပါတယ်။ ဒီပွဲကြီးတွေက ပြီးစလွယ်တိုက် ပြီးတော့ ပြီးစလွယ်ကလို့မရပါဘူး။ မန္တလေးမှာပြုလုပ်ဦးမလားဆိုတာကတော့ စပွန်ဆာပေါ်မှာ မူတည်ပါတယ်။ စပွန်ဆာအင်အား တောင့်တင်းလာတဲ့အခါကျရင် ကိုယ်လည်း ကိုယ့်မြို့ဒေသ ဂါရဝပြုချင်တာပေါ့လေ” လို့ မန္တလေးမှာ ပြုလုပ်ဖြစ်ဦးမလားဆိုတဲ့အမေးကို ရွှေမန်းဦးချမ်းသာက ပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here