မိုးယံဇွန်ရဲ့ဗီဒီယိုဇာတ်ကားတွေမ ထွ က် ဖြ စ် ရ ခြ င်း အေ ကြာ င်း

0
197

လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေ တော် တော်များများ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖြစ်နေတဲ့ မိုးယံဇွန်က ဗီဒီယို ဇာတ်ကားတွေတော့ အထွက်ကျဲနေ ပါတယ်။ ဗီဒီယိုအနေနဲ့ကတော့ သူ့အနေနဲ့ ရိုက်ကူးဖြစ် ဦးမှာ မဟုတ်သေးဘဲ ဒါကလည်း ဗီဒီယိုဈေးကွက်က တော်တော်လေး ဆိုးဆိုးဝါးဝါး ပျက်နေတဲ့ အတွက် ကြောင့် လက်ရှိရိုက်ကူးနေတဲ့ လူတွေလောက်ပဲ အလုပ်ဖြစ်နေမှာပဲ ဖြစ်ကြောင်း မိုးယံဇွန်က ပြောပါတယ်။ လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေ တော် တော်များများ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖြစ်နေတဲ့ မိုးယံဇွန်က ဗီဒီယို ဇာတ်ကားတွေတော့ အထွက်ကျဲနေ ပါတယ်။ ဗီဒီယိုအနေနဲ့ကတော့ သူ့အနေနဲ့ ရိုက်ကူးဖြစ် ဦးမှာ မဟုတ်သေးဘဲ ဒါကလည်း ဗီဒီယိုဈေးကွက်က တော်တော်လေး ဆိုးဆိုးဝါးဝါး ပျက်နေတဲ့ အတွက် ကြောင့် လက်ရှိရိုက်ကူးနေတဲ့ လူတွေလောက်ပဲ အလုပ်ဖြစ်နေမှာပဲ ဖြစ်ကြောင်း မိုးယံဇွန်က ပြောပါတယ်။

“ကျွန်တော် ဗီဒီယိုတွေ ရိုက်လည်း မရိုက်ဖြစ် ဘူး။ ကြားထဲမှာကလည်း ကျွန်တော့်အနေနဲ့ Company နဲ့ စာချုပ်ချုပ်ထားတယ်။ ကျွန်တော့် Company က ရိုက်ကူးရေးတွေ ရပ်သွားတဲ့ အခါကျတော့ တခြား Company တွကို လည်း မဆက်သွယ်ခဲ့ဘူး။ ပြောင်းမရိုက်ခဲ့ဘူး။ ကျွန်တော့်အနေနဲ့ကလည်း စာချုပ်ရှိနေတာ ရယ် ဒီ Company ကိုလည်း မျက်ကွယ်ပြုပြီး တော့ တခြားဆီကို ကူးမသွားချင်တာ ကြောင့်လည်း ပါပါတယ်။ ဒီ Company နဲ့ပဲ နေခဲ့တဲ့အတွက် ကျွန်တော့် ရိုက်ကူး ရေးတွေ နည်းနည်းလေး ကျဲပြီးတော့ မရှိသလောက် ကို ရှားပါးသွားတယ်။ တစ်ဖက်မှာဆိုရင်တော့ ဇာတ်လမ်း တွဲလေးတွေ ကျွန်တော် ရိုက်တယ်။ အခုတော့  ကျွန်တော်စာချုပ်တွေ ဘာတွေလည်း ဘာမှမရှိတော့ဘူး ဆိုတော့ တခြား ရုပ်ရှင် ထုတ် လုပ်ရေးတွေက ကျွန်တော့်ကို လာကမ်းလှမ်းရင်တော့ ရိုက် ကူးဖို့ အဆင်သင့်ပါပဲ”လို့ ဗီဒီယိုဇာတ်ကားတွေ ထွက်ရှိ နည်းသွားရခြင်း အကြောင်းကို မိုးယံဇွန်က ပြောပြပါတယ်။ ဇာတ်ကားတွေ မရိုက်ကူးဖြစ်တဲ့ အချိန်တွေမှာတော့ အနုပညာနဲ့ ပတ်သက်တာတွေကို လေ့လာဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖြစ်သလို စာတွေလည်းဖတ် ဖြစ်တယ်လို့ ပြောပါတယ်။ ၂ဝ၁၇ခုနှစ် ကုန်ခါနီးလောက် မှသာ အနုပညာ အလုပ်တွေ ပြန်လုပ်ဖြစ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်ထဲမှာတော့ အနုပညာအလုပ်တွေကို တောက်လျှောက် လုပ်ဖြစ်သွား တော့မှာပါလို့ သူကပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ၂ဝ၁၇ကထက် ပိုပြီးတော့ အလုပ်လေးတွေ လက်ခံထားပါတယ်။ ဇာတ်လမ်းတွဲလည်း ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့အမြင်မှာ Up to Date လေး ဖြစ်နေမှာပါ။ ရိုက်ကူးပြီးတာနဲ့ တန်းပြမှာ ဆိုတော့ လေ။ ရုပ်ရှင်ဆိုရင်တော့ ပြသဖို့အတွက် လနဲ့ချီပြီးကြာ မှာပါ။ ဇာတ်လမ်းတွဲ ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ Up to Date အနေနဲ့ မြင်တွေ့ရမှာပါ”လို့ မိုးယံဇွန်က ပြော ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများနေတဲ့ မိုးယံဇွန် က ဇာတ်လမ်းတွဲတွေအနေနဲ့ သူ့ကို လာကမ်း လှမ်းတဲ့ အခါမှာလည်း သူပုံဖော်ရိုက်ကူးနိုင်တဲ့ ဇာတ်ရုပ် မျိုးတွေကို ရွေးချယ်ရိုက်ကူးနေကြောင်း ပြောပါတယ်။ “အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လေး ဖြစ်အောင် ကျွန်တော်အရင်ကထက် ပိုလုပ်နေပါတယ်။ ကျွန်တော့် အနုပညာတွေ ထွက်လာလို့ရှိရင်လည်း ကျွန်တော့်ကို အကြံဥာဏ်တွေ ပေးလို့ရပါတယ်။ ဝေဖန်လို့လည်း ရပါတယ်။ ပြီးမှ အားပေးပါလို့ ပြောချင်ပါတယ်”လို့ မိုးယံဇွန်က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here