Psycho ဆန်ဆန် ဇာတ်ရုပ်တွေကို သရုပ် ဆောင်ချင် နေတဲ့ နွယ်ဒါလီထွန်း

0
185

မော်ဒယ်တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ နွယ်ဒါလီထွန်းကတော့ လတ် တလောမှာ ကြော်ငြာတွေရိုက်ကူး ဖြစ်နေပြီး ခရီးသွား အစီအစဉ်တစ်ခုမှာလည်းပါဝင်ထားကြောင်းသိရပါတယ်။ မော်ဒယ်တစ်ဦးဖြစ်တဲ့ သူမ ကသရုပ်ဆောင်တစ်ဦးအဖြစ် Video ဇာတ်ကားများနဲ့ရုပ်သံဇာတ် လမ်းတွဲ များမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်မှု တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ ကြိုက်ကြတာကိုတွေ့ရပေမယ့် ကိုယ့် ကိုယ်ကိုယ့် အားမရသေးပါဘူးလို့ ဆို လာတဲ့သရုပ်ဆောင် နွယ်ဒါလီထွန်း က . . .

“ဒါလီ ရိုက်ကူးထားတဲ့ ဇာတ်ကား တွေကိုတော့ ပရိသတ်တွေက ကြိုက် ကြတယ်ပေါ့နော်။ ဒါလီက တစ်ခုခု လုပ်ပြီးသွားလို့ရှိရင်ကိုယ့်ကိုယ်ကိုယ့် အားမရတတ်ဘူး။ ငါလိုအပ် ချက်တွေ ရှိနေသေတယ်။ တစ်ခုခု ရိုက်ပြီးသွားရင် ငါဟိုနားလေးလိုတယ်၊ ဒီ နားလေး လိုတယ်ဆိုပြီး စိတ်ထဲမှာဖြစ်တတ်တယ်။ ကိုယ့်စိတ်ထဲမှာ အဲဒီလို ဖြစ် နေတယ်ဆိုပေမယ့် လည်းပရိသတ် တွေကတော့ကြိုက်ကြပါတယ်။ ပရိ သတ်ကတော့ကြိုက်တယ်။ ကောင်း တယ်လို့ပြောကြပေမယ့် ကိုယ့်ကိုယ် ကိုယ် အားမရတာတွေ ရှိနေပါသေး တယ်။ အဲ့ဒီအတွက်လည်း ဒါလီ ဒီထက်မက ပိုပြီးတော့ကြိုးစားသွား မှာပါ။ ပရိသတ်တွေအနေနဲ့လည်း ဒါလီကို စောင့်ကြည့်ပြီးတော့ အား ပေးဖို့ပြော ချင်ပါတယ်” လို့ပြောပြ ခဲ့ပါတယ်။

မော်ဒယ်တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ နွယ်ဒါလီထွန်းကတော့ လတ် တလောမှာ ကြော်ငြာတွေရိုက်ကူး ဖြစ်နေပြီး ခရီးသွား အစီအစဉ်တစ်ခုမှာလည်းပါဝင်ထားကြောင်းသိရပါတယ်။ သူမအနေနဲ့ နောက်ပိုင်းမှာ လည်း ဇာတ်ကားတွေ ရိုက်ကူးသွား မှာဖြစ်ပြီး ကာရိုက်တာ ရွေးချယ်မူနဲ့ ပတ်ပြီးလည်း ခုလိုပြောပြခဲ့ပါတယ်။ “ညီမကိုယ်တိုင်း သရုပ်ဆောင် ချင်တဲ့ ကာရိုက်တာတွေကတော့ Psycho ဆန်ဆန်လေးတွေ လုပ် ချင်တာပေါ့နော်။ ဒါပေမဲ့ ဒါလီ ကို ပရိသတ်က သနားစရာ ဒရာ မာ ဇာတ်ရုပ်တွေနဲ့ပရိ သတ်က ကြိုက်ကြပါတယ်။ နောက်ပိုင်းလည်း အ ခြေအနေပေါ် မူ တည်ပြီး ကာရိုက်တာ တွေ ရွေးချယ် ရိုက်ကူး သွားမှာပါ” ပြောပြခဲ့ပါ တယ်။

သတင်း၊ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here