၂ဝ၁၇ ခုနှစ် တစ်နှစ်တာမှာကြုံတွေ့ခဲ့ရတာတွေက ကောင်းသောပြောင်းလဲခြင်းလို့ပဲ ခံယူတယ် ရွှေအိမ်စည်

0
200

၂ဝ၁၈ခုနှစ်ရဲ့ နှစ်အစပိုင်းမှာလည်း ရွှေအိမ်စည်က အနုပညာလှုပ်ရှားမှုအသစ်အနေနဲ့ ဇန်နဝါရီလထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်သွား ဦးမယ် လို့သိရပါတယ်။ ၂ဝ၁၇ ခုနှစ် တစ်နှစ်တာမှာ ကြုံတွေ့ခဲ့ရ သမျှ အရာတွေက အဆိုးဘက်ကိုဦးတည်သော်လည်း အဆိုးက အကောင်းဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ရွှေအိမ်စည်က…

၂ဝ၁၇ခုနှစ်ကတော့ အိမ်စည်အတွက်က တော့ကောင်းတဲ့ နှစ်တစ်နှစ်လို့ပဲမြင်ပါတယ်။ ကိုယ့် ဘဝအတွက် တစ်ဆစ်ချိုးပါပဲ။ ဖြောင့်ဖြောင့်မတ် မတ်သွားနေရင်းနဲ့ ဒီ turning point မှာ ကောင်းတာ လည်းဖြစ်သွားနိုင်သလို ဆိုးတာ ဘက်သွားတဲ့အရာ ဖြစ်သွားခဲ့တယ်။  ဒါပေ မဲ့ ဆိုးတာကနေ အကောင်း ပြန်ဖြစ်သွား ခဲ့တယ်။ ဒါကြောင့် အိမ်စည်အတွက် ကောင်းသော ပြောင်းလဲခြင်းလို့ပဲခံယူ ပါတယ်။ အိမ်စည်က ကိုယ် သဘောကျရင်၊ ကိုယ်လုပ် ချင်တာရှိရင်လုပ်တယ်။ သိပ်ပြီး ဘာလုပ်သင့်လဲ၊ ဘာလုပ်ထိုက်လဲ ဆိုတာကို သိပ်ပြီး အာရုံမထားဘူး။ ကိုယ်မှန်တယ် ထင် ရင် လုပ်တယ်။ ဒါကြောင့် အိမ်စည်ကို အား ပေးတဲ့ ပရိသတ်တွေလည်း ဘာတွေလုပ်နေလည်း မသိဘူးဆိုပြီး စဉ်းစားမှာပေါ့ ။ တချို့ကတော့ နား လည်တယ်။ ဒါပေမဲ့နားလည်သည်ဖြစ်စေ၊ နား မလည် သည်ဖြစ်စေ အမြဲတမ်းအားပေးနေတဲ့ ပရိသတ် တွေကို ကျေးဇူးတင်တယ်။ အမြဲတမ်းလည်း မတူညီတဲ့ idea လေးတွေချပြသွားဖို့ရှိတယ်။ ကိုယ်ကိုယ်တိုင်လည်း  ဒီအလုပ်တစ်ခုကိုချည်းပဲ ထိုင်လုပ်နေရရင်ပျင်းလာ ရော။ ဒါကြောင့် ကိုယ်တိုင်ကလည်း အသစ်အဆန်းလုပ် ရတာနှစ်သက်သလို  idea မတူ တာလေးတွေလည်း လုပ်သွားဦးမှာပါ” လို့ ပွင့်ပွင့်လင်းလင်းပြောပြ ပါတယ်။  လက်ရှိအချိန်မှာ အသက် ၁၉နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရွှေအိမ်စည်အတွက် အနုပညာလောကထဲကို စတင် ဝင်ရောက်ချိန်မှာ အခက်ခဲဆုံး အချိန်နှစ်ချိန်ရှိခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေက…

“အိမ်စည်အတွက် အနုပညာ လောက ထဲကို ဝင်လာတာမှားပြီဆိုပြီး ဖြစ်ခဲ့တဲ့အချက် နှစ်ချက်ရှိခဲ့တယ်။ ငါ မလုပ်သင့်တော့ ဘူး။ ဒီလောကသည် ကိုယ်နဲ့မသင့်တော် ဘူးလို့ ထင်ခဲ့တဲ့ အချိန်တွေရှိခဲ့တယ်။ Miss World တုန်းကတစ်ချိန်၊ Miss Universe တုန်းကတစ်ချိန်ပေါ့။ အဲဒီအချိန် တုန်းကတော့ ကိုယ့် အတွက်က အဆိုးဆုံးအချိန်တွေပါ။  ဒီထက် ကောင်းတာဖြစ်မလာ နိုင်တော့ ဘူးလို့ထင်ခဲ့တယ်။ ငါဒီ လောကထဲဘာလို့ ဝင်ခဲ့မိတာ လည်းဆိုပြီး တွေဝေခဲ့တယ်။ ဒါပေမဲ့ အဓိက အချက်အချာ ကျတာကို ကိုယ်ပြန်စဉ်းစား ကြည့်လိုက်တော့ ကိုယ်ဟာ ပြန်ရှင်သန်လာတာပါပဲ။ အဲဒီအချိန်တွေကပဲ ကိုယ့်ကို Highlight လုပ်ပေးခဲ့တယ်။ ကိုယ့်ကိုပြန်တင်ပေးခဲ့တယ်။ ဒါကြောင့် အိမ်စည် အတွက်ကိုယ်လုပ် ခဲ့တာမှန်သမျှသည် အခုအချိန်မှာ ကိုယ်ဘယ်သူလဲ ဆိုတာကို mark လုပ်ပေးခဲ့တာပါပဲ။ အားလုံးက အမှားဆိုတာတော့ မရှိဘူး။ အားလုံးက သင်ခန်းစာတွေ ချည်းပါပဲ” လို့ ရွှေအိမ်စည်က ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here