ဟန်ထွန်း၊ဂျီလတ်၊သအို၊ဝေလ တို့ ၄ ယောက် မူလလေးဖြာအမည်နဲ့ ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်သွားမည်

0
185

ဟန်ထွန်း၊ ဂျီလတ်၊ သအို၊ ဝေလတို့ရဲ့ ၄ ဦးရဲ့ မူလလေးဖြာလို့ အမည်ပေးထားတဲ့စီးရီးခွေကိုဇန်နဝါရီ ၁ ရက်နေ့က ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ဒီအဆိုတော်၎ယောက်ဟာလည်း ပရိ သတ်တွေကြိုက်နှစ်သက်ပြီးသား အ ဆိုတော် လေးဦးအတွဲခွေဖြစ်တဲ့အတွက် အားလုံးရဲ့စိတ်ဝင်စားမှုကို ခံနေရ တာအမှန်ပါ။ သူတို့ လေးဦးအနေနဲ့ လည်းဒီအတွဲခွေက ထူးခြားမှုတစ်ခု ဖြစ်စေအောင် ကြိုးစားထား ကြတယ် လို့ ဆိုကြပါတယ်။

”အခွေတစ်ခွေရဲ့ဖွဲ့စည်းပုံ အတိုင်းအပြင်း၊ အပျော့ဒါမျိုးလေး တွေပါအောင် အားလုံးဝိုင်းစဉ်းစား ကြတယ်။ ပြီးတော့ အားပိုကောင်းတဲ့ သီချင်းတွေကိုရွေးကြပါတယ်။ မြူး ဇစ်ပုံစံလည်းမကွာတဲ့ ဆိုအား လည်းကောင်းကြတဲ့ လူလေးယောက် လောက်စုပြီး အခွေလေးလုပ်ကြမယ် ဆိုပြီးအကိုတို့ စဉ်းစားကြတယ်။ အဲဒီ့အချိန်မှာပဲ ကိုမြင့်ဇော်ကလည်း ဒီ၎ယောက်ကိုတွေ့တယ်။ သူMixing ဆွဲပေးတဲ့ ဒီ ၄ ယောက်ရဲ့ အသံအခြေအနေကိုလည်း သူသိတော့ ဒီ၎ယောက်လုပ်ရင်ကောင်းမယ်ဆို ပြီး အစ်ကိုတို့တွေကိုလည်းပြောတယ်။ အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါ”

သူတို့လေးယောက်အနေနဲ့ဖျော်ဖြေပွဲ တွေလည်းသီဆိုကြမှာဖြစ်ပြီး နောက် ထပ်လည်းအတွဲခွေတွေဆက်လုပ် သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီစီးရီးခွေမှာတော့ သီချင်းအား လုံး ၉ ပုဒ်ပါဝင်မှာဖြစ်ပြီး တစ် ယောက်ချင်းစီအနေနဲ့ နှစ်ပုဒ်စီသီဆို ထားပြီး အဖွဲ့လုံးအနေနဲ့ တစ်ပုဒ်သီဆို ထားကြပါတယ်။MTV အနေနဲ့လည်း ဆက် လက်ထွက်ရှိသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

P.038

ဓါတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here