မပြောင်းလဲဘူးဆိုပြီး ဘယ်သူ့ကိုမှ အပြစ်ပြောနေစရာ မလိုပါကြောင်း ဂန္ထဝင်တေးသံရှင်ကြီး မာမာအေးပြောကြား

0
238

”ဘယ်ကိစ္စပဲမဆို အခုရေတွင်းတူး အခုရေကြည်သောက်လုပ်လို့ မှမရတာပဲ။ ရောမမြို့ကြီးကို တစ်နေ့တည်း တည်ခဲ့တာမဟုတ်ဘူးဆိုတဲ့ စကားပုံတွေလည်းရှိပါတယ်။ ကိုယ်လိုချင်တဲ့အစိုးရ ကိုယ်မြှင့်တင်ပေးလိုက်တဲ့ အစိုးရရပြီ။ သူတို့ ဘာလုပ်နေလဲ။ ချက်ခြင်းဥုံဖွံနဲ့တော့ သူတို့လည်း တန်ခိုးရှင်တွေမဟုတ်ဘူးလေ။ နဂိုတုန်းကပျက်စီးထား တာတွေ ကိုလည်း ပြန်လည်ပြုပြင်ရတာတွေရှိမယ်။ ပြည်သူပြည်သားတွေရဲ့ နေသင့်ထိုင်သင့်ဆိုသင့်တာတွေ လုပ်ဆောင်သင့် တာတွေကိုလည်း သူတို့ပြန်ပြီးတော့ လုပ်ပေးရမှာတွေရှိတယ်။ လိုအပ်တာတွေကို ပြန်လည်ပြီးတော့ ဖြည့်ဆည်းဖို့ကို တော်တော်ကို လုပ်ရဦးမှာပါ။ ဒါတွေ အားလုံးသိတဲ့ကိစ္စပါ” လို့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ တိုင်းပြည်ပြုပြင် ပြောင်းလဲမှုတွေမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပါဝင်ပြီးတော့ လုပ်ဆောင်ရမှာပဲဖြစ်ကြောင်း၊ မပြောင်းလဲဘူး၊ မပြောင်းလဲဘူးဆိုပြီး ဘယ်သူ့ကို မှပြောနေစရာမလိုကြောင်း၊ ပြောင်းလဲချင်ရင် ကိုယ်ကိုယ်တိုင်ပါလိုက်ပြီး ပြောင်းလဲရမှာပဲဖြစ်ကြောင်း၊ သူများတွေကို လိမ္မာစေချင်ရင် ကိုယ်က အရင်လိမ္မာပြရမှာပဲဖြစ်သလို ကိုယ်ကမှန်ချင် ရင်သူများကိုလည်း မှန်အောင်လုပ်ပေးရမှာပါပဲလို့ ဒေါ်မာမာအေးက ပြောပါတယ်။

”အဲဒီတော့ဘယ်သူ့ကိုမှ အပြစ် ပြောမနေပါနဲ့။ ကိုယ်ကိုယ်တိုင် က ကိုယ့်နိုင်ငံကို ဘယ်လောက်ချစ်သလဲ။ ကိုယ်ကိုယ်တိုင်က ကိုယ့်နိုင်ငံ ကို ဘယ်လောက်ပြုပြင်ချင်သလဲ။ ကိုယ် ကိုယ်တိုင် ဘယ်လိုကူညီနိုင်သလဲ။ ကိုယ်လုပ်တဲ့အပေါ်မှာပဲ ကိုယ့်နိုင်ငံ ရလဒ်ရလာမှာလေ။ ဘယ်လောက်ပဲ ပေါ်လစီတွေက ချထားချထား၊ လိုက်တဲ့ သူကလိုက်ပါမှလေ။ ဘယ် လောက်ပဲ လူတွေမကောင်းနေနေ တစ်နိုင်ငံလုံးကကောင်းနေတဲ့ အတွက် အခုထက်ထိရပ်တည်နိုင်သေးတာပဲ။ ဆင်းရဲ၊ ဆင်းရဲ ချမ်းသာချမ်းသာ ဒီတိုင်းပြည်မှာ အတူမကွာ နေနိုင်ကြတာ ဘာဖြစ်လို့လဲ။ ကိုယ့်တိုင်းပြည်ကိုယ်ချစ် လို့ပေါ့။ ကိုယ့်လူမျိုးကိုယ်ချစ်လို့ပေါ့။ အဲဒီလိုပဲ ဆက် လက်ချစ်သွားပြီးတော့ ဖြစ်လာတဲ့အခက်အခဲကို ဝိုင်းဝန်းရင်ဆိုင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ရင် ကိုယ့်တိုင်းပြည်က တဖြည်းဖြည်းနဲ့ ပြန်တက် လာမှာပဲ။ ချက်ချင်းတော့မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင် တဲ့အကြောင်းအရာတွေကလည်း အားလုံးသိနေ တာပဲ။ ကိုယ်တိုင်လည်း ကောင်းအောင်လုပ် အများ ကလည်း ကောင်းအောင် လုပ်ကြမယ်ဆိုရင် ကောင်း သွားမှာပါပဲ” လို့ ဒေါ်မာမာအေးက ပြည်သူတွေကို အကြံပြုစကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here