၂ဝ၁၈မှာ အနုပညာ ဖန်တီးမှုတွေကို ဆန်ကာစစ် ဖန်တီးမယ်ဆိုတဲ့ ကျော်ကျော်ဗို

0
103

သရုပ်ဆောင်ကျော်ကျော်ဗိုအတွက် ၂ဝ၁၈ခုနှစ်ကတော့ သူရဲ့အနုပညာတွေကို ဆန်ကာစစ်ပြီး ဖန်တီးတော့မယ် လို့ သိရပါတယ်။ ၂ဝ၁၇ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဖန်တီးခဲ့တဲ့အနုပညာ လှုပ်ရှားမှုတချို့အတွက်လည်း လိပ်ပြာမလုံဘူး ဆိုတဲ့ ကျော်ကျော်ဗိုက

”၂ဝ၁၈ခုနှစ်ထဲမှာတော့ ကျွန်တော်ဖန်တီးမယ့် အနုပညာတွေကို ဆန်ကာနည်းနည်းစစ်လိုက်တော့မယ် ခင်ဗျ။ ကျွန်တော် ဟေလာမောင်တို့ဝါးတွေ မလုပ်တော့ဘူး။ ဒါမျိုးတွေက ကျွန်တော့် အတွက် တော်တော်လေးများခဲ့ပြီလို့ ကျွန်တော်ထင်တယ်။ ပြန်တွေးကြည့်တိုင်း လည်း လိပ်ပြာလည်း မလုံဘူး။ ရှက်သလိုလိုလည်း ခံစားရတယ်။ ကျွန်တော် ဖြတ်သန်းတဲ့ အနုပညာတစ်ခုမှာ နောက်ကျောမလုံသလိုခံစားရတယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာ ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှုနဲ့မတူဘဲနဲ့ စက်ရုံထုတ်ပစ္စည်း တစ်ခုလို ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ပရိသတ်တွေကို တောင်းပန်တယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာ အဲဒါ တွေက ပရိတ်သတ်တွေရဲ့ မြင်ကွင်းထဲကိုရောက်လာ နိုင်တယ်” လို့ ပြောပြပါတယ်။ မန္တလေးမြို့မှာ ဇန်နဝါရီလ ၃ဝ နဲ့ ၃၁ ရက်တွေမှာ ကပြတင်ဆက်သွားမယ့် လင်္ကာဒီပချစ်သူပြဇာတ်မှာ ကျော်ကျော်ဗိုလည်း ပါဝင်ကပြ သွားမယ်လို့ သိရပါတယ်။ ရာဝနရဲ့ညီတော် ဘိဘိသနနေရာက ပါဝင်မယ့် ကျော်ကျော်ဗိုအတွက် လက်တလောအချိန် မှာတော့ အခက်အခဲတွေများစွာ ရှိနေတယ်လို့သိရပါတယ်။ ကျော်ကျော်ဗိုရဲ့ အခက်အခဲတွေက. ..

”ကျွန်တော့်အတွက်တော့ ပြဇာတ်ကပြရတာက ဝန်ထုတ် ဝန်ပိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြဇာတ်တိုင်း ပြဇာတ် တိုင်းက တအားကိုခက်ခဲပါတယ်။ ရုပ်ရှင်နဲ့ လုံးဝကိုမတူတာပါ။ ပြည်ဖုံး ကားစ ဖွင့်လိုက်တာနဲ့ ၂ နာရီဆို ၂ နာရီအတွင်းမှာ အောက်က ပရိသတ်တွေရဲ့ ခံစားမှုမပျက်အောင် အကုန်လုပ် ပေးရတယ်။ အရုပ်၊အသံ၊ မီး၊ သရုပ်ဆောင်မှု ၊ Setting ၊ အဝတ်အစား၊ ဒိုင်ယာလော့ခ် အားလုံး စုပေါင်းဆပ်ပေါင်းသွား ရတာက မလွယ်ကူပါဘူး။ တော်တော်လေး ခက်ခဲပေမယ့် Production ဘက်ကလည်း ပြင်ဆင်ကြမှာပါ။ ကျွန်တော့် အတွက်တော့ ကပြရဖို့သိတဲ့အချိန်နဲ့ ကပြရမယ့်အချိန်နဲ့ကို တော်တော် သောကဖြစ်နေရတယ်။ လေ့ကျင်ဖို့၊ ဇာတ် တိုက်ဖို့ အချိန်သိပ်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ လိုအပ်ချက်တော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးအမှား နည်းနိုင်သမျှနည်းအောင် ကြိုးစား သွားမှာပါ” လို့ ကျော်ကျော်ဗိုကပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here